နေ့စဉ်ဘဝအတွက် ကြာရှည် ခံနိုင်ရည်ရှိပြီး ပေါ့ပါးတဲ့ ဘက်ထရီနဲ့အတူ အကြမ်းဆုံး ခိုင်ခံ့မှုတွေနဲ့ ဖန်တီးထားတဲ့ OPPO A6 Pro

ကြီးမားပြီး ခံနိုင်ရည်ရှိသလောက် ပေါ့ပါးလွန်းလှတဲ့ 7000mAh Battery နဲ့အတူ အားသွင်းအမြန်ဆုံးနည်းပညာ SUPERVOOC Flash Charge Technology ပါရှိကာ သုံးစွဲသူတွေရဲ့ နေ့စဉ် ဘဝကို ပိုမိုကောင်းမွန်ချောမွေ့စေတဲ့ OPPO A6 Pro ဟာ အရှေ့တောင်အာရှက သုံးစွဲသူတွေနဲ့ မြန်မာနိုင်ငံက သုံးစွဲသူတွေအကြား ရေပန်းစားလူပြောများနေတဲ့ စမ

တ်ဖုန်းထုတ်ကုန်တစ်မျိုးဖြစ်ပါတယ်။ IP69 Water & Dust Protection နဲ့ Military-Grade Shock Resistance တို့ကြောင့် နေ့စဉ်ဘဝအတွက် အသုံးပြုဖို့ ပိုမိုသက်သာချောမွေ့စေနိုင်တဲ့ OPPO A6 Pro ဟာ ပါးလွှာတဲ့ Slim & Streamlined Design၊ Flagship Level စမတ်ဖုန်းထုတ်ကုန်တွေမှာ ပါရှိလေ့ရှိတဲ့ 120Hz AMOLED Display ၊ သုံးစွဲသူတွေနဲ့ နည်းပညာရှင်တွေအကြား နာမည်ကျော်ကြားတဲ့ ColorOS 15-powered Trinity Engine ၊ Luminous Rendering Engine တို့ ပါရှိလာမှုကြောင့် သုံးစွဲသူတွေရဲ့ နေ့စဉ်ဘဝအထိ ပိုမို ချောမွေ့လာစေနိုင်မှာ အတိအကျပါပဲ။

OPPO A6 Pro ဟာဆိုရင် လက်ရှိထွက်ရှိလာခဲ့သမျှ A-Series ထုတ်ကုန်တွေထဲမှာ အကြီးမားဆုံး ဘက်ထရီ၊ ပထမဦးဆုံးအနေနဲ့ Texture ပါရှိလာတဲ့ Design အရည်အသွေး ၊ ပိုမိုမြင့်မားလာတဲ့ မျက်နှာပြင်အရည်အသွေး နဲ့ စွမ်းဆောင်ရည်တို့ကို တစ်ပါတည်း သယ်ဆောင်လာတဲ့ Next-level စမတ်ဖုန်း ထုတ်ကုန်လို့ တင်စားခေါ်ဆိုရလောက်တဲ့အထိ ပြောင်းလဲမှုတွေ များစွာပါရှိလာပါပြီ။

Image: OPPO

တခြားသော ယခင် OPPO A Series တွေနဲ့မတူ တမူထူးခြားစွာ ဖန်တီးလာတဲ့ Flagship Level အဆင့်မြင့်ဒီဇိုင်း

အထူအားဖြင့် ၈ မီလီမီတာနဲ့ အလေးချိန် ၁၈၈ ဂရမ်သာရှိပြီး ယခင် OPPO A Series တွေနဲ့မတူညီ ထူးခြားလှပစွာ သတ္တုကိုယ်ထည်နဲ့ ဖန်တီးတည်ဆောက်လာတဲ့ OPPO A6 Pro ဟာ သုံးစွဲသူတွေ ကိုင်တွယ်တဲ့အခါမှာလဲ သယ်ယူကိုင်ဆောင်ရ ပိုမို သက်သောင့်သက်သာဖြစ်စေပြီး ပေါ့ပါးတဲ့ ခံစားချက်ကို ရရှိစေမှာဖြစ်ပါတယ်။ ပါးလွှာလှတဲ့ 1.67mm ဘေးဘောင် Bezel နဲ့အတူ 93% Screen-to-body Ratio ရှိတဲ့ OPPO A6 Pro ဟာ ဂိမ်းဆော့တဲ့အခါနဲ့ ရုပ်ရှင်ကြည့်တဲ့အခါတွေမှာပါ ပိုပြီး နစ်မြောသဘောကျစေနိုင်ဖို့ အချက်တစ်ခုဖြစ်ပါတယ်။ ဒီလို လူငယ်ဆန်ပြီး သစ်လွင်လှပတဲ့ OPPO A6 Pro မှာဆိုရင် ထူးထူးခြားခြား ပထမဦးဆုံးအနေနဲ့ OPPO Reno Series လိုမျိုး တောက်ပကြွရွတဲ့ Petal Bloom Texture နဲ့ Coral Pink အရောင် ၊ တည်ငြိမ်ပြီး ကြွရွတဲ့ အသွင်ကို ဆောင်ယူလာတဲ့ Stellar Blue အရောင်ဆိုပြီး အရောင်အားဖြင့် နှစ်ရောင် ဖြင့် ထွက်ရှိပြီးဖြစ်ပါတယ်။

ကြီးမားသလို ရေရှည် ခံနိုင်ရည်ရှိတဲ့ Ultra-Large Battery နဲ့အတူ သွက်လက်မြန်ဆန်ဆုံး SUPERVOOC Flash Charge အားသွင်းစနစ်

သိပ်သည်းဆ ပြင်းအားမြင့်တဲ့ Graphite Cell ဒီဇိုင်းပေါ်မူတည်ပြီး ထုတ်လုပ်ထားတဲ့ 7000mAh Battery က OPPO A Series ထုတ်ကုန်တစ်ခုဖြစ်တဲ့ OPPO A6 Pro ရဲ့ စံနှုန်းနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါမှာတော့ မြင့်မားတဲ့ စံနှုန်းတစ်ခု ဖြစ်သလို သုံးစွဲသူတွေအတွက် တကယ်ကို အသုံးဝင်နိုင်လောက်အောင်ကို ရေရှည်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ခံနိုင်ရည်ကြီးမားတဲ့ ဘက်ထရီအား ပါရှိတဲ့အပြင် OPPO A6 Pro ရဲ့ ဘက်ထရီရဲ့ ခံနိုင်ရည်ပြင်းအားကလဲ ရေရှည်အတွက် ထိန်းသိမ်းထားနိုင်စွမ်းမြင့်မားတာကြောင့် စမ်းသပ်မှုများစွာလဲ ပြုလုပ်ခဲ့ကြပါတယ်။ ဒီလို စမ်းသပ်မှုတွေ ပြုလုပ်ခဲ့တဲ့အခါမှာဆိုရင် အကြိမ်ပေါင်း ၁၈၃၀ အားသွင်းပြီးရင်တောင်မှ သို့မဟုတ် ငါးနှစ် ကြာသည်အထိ သုံးပြီးရင်တောင် ဘက်ထရီရဲ့ 80% အထက် အားပမာဏ ကျန်ရှိတဲ့အထိကို စမ်းသပ်အောင်မြင်နိုင်ခဲ့ပါတယ်။ ကြာရှည်ခံနိုင်ရည်ရှိတဲ့ ဘက်ထရီအပြင် အားသွင်းအမြန်ဆုံး 80W SUPERVOOC Flash Charge System ကလဲ OPPO A Series ထုတ်ကုန်တွေထဲ ပထမဦးဆုံးသော ပမာဏအများဆုံး အားသွင်းစနစ်ပမာဏ ဖြစ်ပါတယ်။

သုံးစွဲသူတွေအတွက် လိုအပ်တာထက်ပိုမိုစွမ်းဆောင်ပေးနိုင်တဲ့ OPPO A6 Pro ရဲ့ အကြမ်းခံမှု 

OPPO A6 Pro ထုတ်ကုန်က OPPO A Series တွေရဲ့ အကြမ်းခံနိုင်မှုနဲ့ စွမ်းဆောင်ရည်ဂုဏ်ပုဒ်ကို ဆက်လက်ထိန်းသိမ်းနိုင်တဲ့အထိကို အကြမ်းခံနိုင်တဲ့ စွမ်းဆောင်ရည်အပြည့် ပါရှိတဲ့ ထုတ်ကုန်တစ်မျိုးဖြစ်ပါတယ်။ စမတ်ဖုန်းတစ်ခုရဲ့ ကြံ့ခိုင်မှုအတွက် အရေးပါတဲ့ Unibody-mid Frame ကို အသုံးပြုထားတဲ့အပြင် အတွင်းက အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို Foam နဲ့ Glue Sealing တို့ဖြင့် အသေသပ်ဆုံး ကာကွယ်တားဆီးပေးထားတဲ့အတွက် OPPO A6 Pro ဟာ အကြမ်းခံနိုင်ဆုံးအဆင့်ဖြစ်တဲ့ IP69 Water and Dust Resistance Rating နဲ့အတူ ဘယ်လိုအရည်မျိုးကိုမဆို ၊ ဘယ်လိုအနေအထားအမျိုးမျိုးမှာရှိတဲ့ ဖုန်ဒဏ်တွေကိုမဆို ခံနိုင်ရည်ရှိနေတာဖြစ်ပါတယ်။

စမတ်ဖုန်းရဲ့ အပြင်ဘက် ခံနိုင်ရည်ကို ကြည့်မယ်ဆိုရင်လဲ AGC DT-Star D+ Crystal Shield Glass ကို အသုံးပြုထားတဲ့အတွက် ခြစ်ရာတွေနဲ့ ထိခိုက်မှုဒဏ်တွေမှ ကာကွယ်ပေးနိုင်မှာဖြစ်သလို အတွင်းဘက်ကို ပြန်လည်ဆန်းစစ်ကြည့်မယ်ဆိုရင် အကြိမ်ပေါင်း ၁,၀၀၀ အထိ ကွေးညွတ်မှုဒဏ်ကို ခံနိုင်ပြီး  OPPO ရဲ့ မူပိုင် AM04 High-strength Aluminum သတ္တုစပ် ပါရှိတာကြောင့် Motherboard နဲ့အခြားအရေးကြီးအစိတ်အပိုင်းတွေကို ကာကွယ်ပေးနိုင်ဦးမှာဖြစ်ပါတယ်။ ဒီလို တိုးတက်ကောင်းမွန်တဲ့ နည်းပညာနဲ့ အစိတ်အပိုင်းတွေကြောင့် OPPO A6 Pro က Military-Grade Shock Resistance စမ်းသပ်မှုတွေကို အောင်မြင်နိုင်ခဲ့တာလို့ ဆိုရမှာပါ။

Image: OPPO

Flagship Level အဆင့်ရှိ ချောမွေ့မှုကို ခံစားထိတွေ့ရမဲ့ OPPO A6 Pro

ချောမွေ့လှပတဲ့ AMOLED မျက်နှာပြင်ရဲ့ ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်အရည်အသွေးက OPPO A6 Pro ရဲ့ အကြမ်းခံ ခိုင်ခံ့တဲ့ တည်ဆောက်မှုနဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင် မထင်ရက်စရာ အံ့အားသင့်စရာကောင်းလှပါတယ်။ OPPO A6 Pro ရဲ့ Ultra Bright Display က  1,080 x 2,374 Resolution ပါရှိလာသလို အရှိန်အားကောင်းတဲ့  120Hz Refresh Rate တို့ ပါဝင်ထောက်ပံ့မှုကြောင့် လွယ်ကူချောမွေ့တဲ့  အသုံးပြုမှု အပြင် အလွန်တိကျပြတ်သားတဲ့ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေး ကို မြင်ရမှာဖြစ်ပါတယ်။ ဒါတင်သာမက သုံးစွဲသူတွေ တောင့်တတဲ့ Peak brightness 1,400 nits အထိ ပါဝင်လာတာကြောင့် နေရောင်တောက်တောက်အောက်မှာဖြစ်စေ၊ ဒါမှမဟုတ် အပြင်နေရာဒေသတွေမှာဖြစ်စေ အကောင်းဆုံးနဲ့ အတောက်ပဆုံး ပြသပေးနိုင်မှာဖြစ်ပါတယ်။ ဒါတင်သာမက OPPO A6 Pro မှာဆိုရင် နာမည်ကျော် ColorOS 15 ၊ ColorOS 15 နဲ့အတူ တည်ဆောက်ဖန်တီးထားပေးတဲ့ System-level Solution၊ ဒီလို System-level Solution ကြောင့် စနစ်ကို ပိုမိုကောင်းမွန်တိုးတက်စေနိုင်တဲ့ OPPO ရဲ့ Trinity Engine  စနစ်တစ်ရပ်လုံးမှာ ပါရှိတဲ့ Fluency နှင့် Stability တို့ ပါရှိတဲ့အပြင် Flagship Level အဆင့် ထုတ်ကုန်တွေမှာသာ တွေ့ရတဲ့ Parallel Animation Effect တွေကို ထောက်ပံ့ပေးထားတဲ့ Luminous Rendering Engine ပါ ပါရှိတာကို သုံးစွဲသူတွေ ခံစားတွေ့ကြုံနိုင်မှာ ဖြစ်ပါတယ်။

Image: OPPO

အကန့်အသတ်မရှိ ဆက်သွယ်ဆောင်ရွက်နိုင်မဲ့ ချိတ်ဆက်မှုများ

OPPO A6 Pro မှာဆိုရင် မြေအောက်နေရာမှစပြီး ယုံကြည်စိတ်ချရနိုင်တဲ့ ချိတ်ဆက်မှုစွမ်းဆောင်ရည်ကို ပံ့ပိုးပေးထားတဲ့အတွက် OPPO A6 Pro နဲ့ ဆိုရင် မည်သည့်ပတ်ဝန်းကျင် မည်သည့်အချိန်တွင်မဆို ဆက်သွယ် ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ OPPO ရဲ့ AIလုပ်ဆောင်ချက်စွမ်းရည် တစ်ခုဖြစ်တဲ့ AI LinkBoost 3.0 က  ကွန်ရက်ချိတ်ဆက်မှု တည်ငြိမ်စေရန်နဲ့ Network Switching အမြန်နှုန်းကို တိုးတက်စေအောင် ချိတ်ဆက်ပေးပြီး ပြောင်းလဲမှုတွေကို မြန်ဆန်စေပြီး ခက်ခဲတဲ့ ကွန်ရက်ပတ်ဝန်းကျင်ဒေသတွေမှာတောင် ချိတ်ဆက်မှုအတွေ့အကြုံကို အထူးကောင်းမွန်စေမှာဖြစ်ပါတယ်။

AI LinkBoost 3.0 ဟာ ဂိမ်း ဆော့ကစားနေစဉ်အချိန် အင်တာနက် အားနည်းတဲ့ ကွန်ရက်ချိတ်ဆက်မှု သို့မဟုတ် ချိတ်ဆက်မှုများပြားနေတဲ့ ကွန်ရက်ဒေသတွေမှာ Latency ကို လျှော့ချရန် ပိုမိုအသားပေးပြီး Online Game Traffic ကို စနစ်တကျ ရှာဖွေကာ မိမိရဲ့ ကွန်ရက် အားကောင်းအောင် အဓိက ဦးစားပေးနိုင်မှာဖြစ်ပါတယ်။ ဒါတင်သာမက OPPO ရဲ့ AI Game Antenna နည်းပညာက ဖုန်းခေါ်ထားတဲ့အခါ လက်ရဲ့ အနေအထားကြောင့် ကွန်ရက် တားဆီးခံရနိုင်ခြင်းကို ရှောင်ရှားစေကာ ကွန်ရက်ကို အထူးကောင်းမွန်စေမှာဖြစ်ပါတယ်။ ထို့အပြင် 4G+ network ထောက်ပံ့ထားမှုနှင့် ပေါင်းစပ်လာတဲ့ နည်းပညာကြောင့် မတူကွဲပြားတဲ့ ဂိမ်းတွေ ဆော့ကစားတဲ့အခါ စွမ်းဆောင်ရည်ကို ပိုမိုမြင့်မားလာစေမှာဖြစ်ပါတယ်။

ဘက်ထရီ အားခံပြီးစွမ်းဆောင်ရည်ပါ အထူးမြင့်မားကာ အရှေ့တောင်အာရှမှာ အထူးတလည် ရောင်းအားကောင်းမွန်တဲ့ OPPO A6 Pro နဲ့ပတ်သက်ပြီး အထူးသိရှိလိုပါက OPPO Official Facebook Page – http://bit.ly/45Q2UQz ၊ Website – http://bit.ly/4nwInXy ၊ Viber – https://bit.ly/3W6lzCe နဲ့ Telegram – https://bit.ly/3xRjQr6  တို့မှ တစ်ဆင့် လေ့လာကြည်ရှုနိုင်မှာဖြစ်ပါတယ်။