Instagram ကိုရောက်ရှိလာတဲ့ 3D Avatars

Meta အနေနဲ့ Facebook နဲ့ Messenger မှာလုပ်ဆောင်ချက်အသစ်တွေ ထည့်သွင်းပေးရင်း Instagram အတွက် 3D Avatar ကို ထည့်သွင်းပေးခဲ့ပါတယ်။ United States, Canada နဲ့ Mexico မှာရှိတဲ့ အသုံးပြုသူတွေဟာ ကိုယ့်ရဲ့ ပုံစံကို Virtual ပုံစံဖော်ပြဖို့ Sticker, Feed Post, Profile Picture နဲ့တခြားနေရာတွေမှာ 3D Avatar အသုံးပြုပြီး ဖော်ပြနိုင်ပါတယ်။

Update မှာ နားကြားအောင်ပြုလုပ်ပေးတဲ့ ကရိယာတွေကို အရောင်မျိုးစုံနဲ့ VR အတွက်အပါအဝင် Platform တွေအကုန်လုံးအတွက် ထည့်သွင်းပေးထားပါတယ်။ Facebook, Messenger Chat နဲ့ Instagram ရဲ့ DM တွေမှာ တွေ့နိုင်မယ့် ဝှီးချဲကိုလည်း Sticker အနေနဲ့ထည့်သွင်းပေးထားပါသေးတယ်။ 

Photo Source: Meta

Avatar တွေရဲ့ ပုံစံကိုလည်း အရင်နဲ့မတူအောင် မျက်နှာပုံစံတွေ အသားအရောင်တွေကိုလည်း အသုံးပြုသူနဲ့ တူအောင် အလိုအလျောက်ဖန်တီးပေးနိုင်ပါသေးတယ်။ ဒါ့အပြင် မျက်လုံးပုံစံ၊ နှာခေါင်း၊ မုတ်ဆိတ်မွေး၊ ဆံပင်ပုံစံ၊ ဝတ်စုံ၊ ခန္ဓာကိုယ်အချိုးအစားတွေကိုပါ အများကြီးထည့်သွင်းပေးထားပါတယ်။ ၂၀၂၂ ခုနှစ်ထဲမှာလည်း ဆက်ပြီးထည့်သွင်းသွားဖို့ ရှိတယ်လို့ ပြောထားပါတယ်။ Instagram မှာ Avatar တွေကို အသုံးပြုခွင့်ရတဲ့ ပထမအကြိမ်လို့ပြောရင်လည်း မမှားပါဘူး။

United State, Canada နဲ့ Mexico တွေမှာအရင်ရရှိမှာဖြစ်ပြီး တခြားနိုင်ငံတွေမှာလည်း အသုံးပြုလို့ရလာမှာဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်တွေအတွက် Meta ရဲ့ Blog Post မှာဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။