စာပေချစ်မြတ်နိုးသူများအတွက် မြန်မာ့ပထမဦးဆုံးသော ပညာရေးလမ်းညွှန် EDGE Website အကြောင်း

ထူးခြားမှုအသစ်တွေနဲ့ အသုံးပြုရအလွယ်ကူဆုံး အသွင်အပြင်ရှိသည့် EDGE Website (Myanmar Education Website)ကို မြန်မာ့ပထမဦးဆုံးသော ပညာရေးလမ်းညွှန်အဖြစ်ရည်ရွယ်ကာ လွင့်တင်လိုက်ပြီလည်းဖြစ်ပါတယ်။
အဆိုပါ Website ဟာ မြန်မာတစ်နိုင်ငံလုံးတွင် ရှိသည့် ပညာရေးလုပ်ငန်းပေါင်း (၁၆၀၀၀)ကျော်နဲ့ ဖုန်းနံပတ်၊ လိပ်စာများကိုအချိန်တိုအတွင်း ဝင်ရောက်ရှာဖွေနိုင်ပြီဖြစ်ပါတယ်။ ဒါ့အပြင် အခြားရှာဖွေလေ့လာနိုင်တဲ့ အကြောင်းအရာတွေ ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
(၁) သက်ဆိုင်ရာ အတန်းအလိုက်၊ ၎င်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်၊ အထောက်အကူပြု လမ်းညွှန်ချက်များ၊
(၂) နိုင်ငံတကာမှ ပညာသင်ဆုများအကြောင်း၊ ပညာသင်ဆုနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များ၊
(၃) ပညာရေးနယ်ပယ်ရှိ အလုပ်အကိုင်အခွင့်အလမ်းများကို တစ်နေရာထဲ ဝင်ရောက်ရှာဖွေနိုင်ခြင်း တို့ပဲဖြစ်ပါတယ်။
အဆိုပါ Website ကို ၅ မိနစ်စာ Register လုပ်ရုံဖြင့် ကျောင်းသား၊ကျောင်းသူများနှင့် လျင်မြန်လွယ်ကူစွာ ချိတ်ဆက်ပေးမည့် အခမဲ့ ဝန်ဆောင်မှုကို ရရှိနိုင်သည့် ဆရာ၊ဆရာမများအတွက် အကောင်းဆုံး လမ်းညွှန် Sayar.com.mm နှင့်လည်း ချိတ်ဆက်ထားသောကြောင့် Myanmar Education Guide – EDGE Website တစ်ခု ထဲနှင့်တင် ပညာရေးလို အပ်ချက်များကို အလျင်အမြန် ဖြည့်စည်းနိုင်မှာလည်းဖြစ်ပါတယ်။

Photo Source https://www.facebook.com/MMEducationGuide/?ref=page_internal

အဆိုပါ Website နှင့်စပ်လျဉ်းကာ မြန်မာ့ပညာရေးလမ်းညွှန်စာအုပ်ကိုလည်း ထုတ်ဝေခဲ့ပါတယ်။ မြန်မာ့ပညာရေးလမ်းညွှန် စာအုပ်ကို ၂ဝဝဝ ခုနှစ်မှာ MMRD Publications မှ ပညာရေးနှင့်ပတ်သက်ပြီး အထောက်အကူများရရှိစေရန် ရည်ရွယ်ချက်ဖြင့် စတင်ထုတ်ဝေခဲ့ခြင်းဖြစ်ပါတယ်။ ပညာရေးလမ်းညွှန်စာအုပ်ကို ရန်ကုန်ပညာရေးလမ်းညွှန်နှင့် မန္တလေး ပညာရေးလမ်းညွှန်ဟူ၍ နှစ်အုပ်ခွဲေ၀ ထုတ်ပေးထားပါတယ်။ ၂ဝ၀၀ ခုနှစ် မှ ၂ဝ၁၈ ခုနှစ် အထိ စုစုပေါင်းစာအုပ်အရေ အတွက် ၁၀၆,၁ဝဝ အုပ်ရေကိုလည်း ထုတ်ဝေခဲ့ပြီးဖြစ်ပါတယ်။
ပညာရေးနှင့် ဆက်စပ်သော လုပ်ငန်းလိပ်စာပေါင်း ၇,၉ဝဝ ကျော် ထည့်သွင်းထားပြီး စီးပွားရေးလုပ်ငန်း အမျိုးအစားပေါင်း ၉၃ ခု ပါရှိပါတယ်။ အားသာချက်များများမှာလည်း အောက်ပါအတိုင်းဖြစ်ပါတယ်။
(၁) နောက်ဆုံးရ ပညာရေးသတင်းများနှင့် လုပ်ငန်းလိပ်စာများ အပြည့်အစုံရှာဖွေနိုင်သော Website ရှိခြင်း။
(၂) Website တွင် ပညာရေးလုပ်ငန်းသုံး ပစ္စည်းကြော်ငြာများ ပါရှိခြင်း။
(၃) Mobile App ကို Download ရယူနိုင်ခြင်း၊ အသုံးပြုနိုင်ခြင်း။ (Android Version)
(၄) Social Media (Facebook) တွင် နေ့စဉ် ပညာရေးသတင်းအချက်အလက်များကို အချိန်နှင့် တပြေးညီ ဖတ်ရှုနိုင်ခြင်း။
(၅) လုပ်ငန်းရှင်များအတွက်Vacanciesများ၊ Opportunities များကိုWebsite ရှိ Job Board တွင် ကြော်ငြာ နိုင်ခြင်းတို့ဖြစ်သည်။

Photo Source https://www.edge.com.mm/

Website နှင့် Facebook တို့တွင် တင်ဆက်ပေးနေသည့် သတင်းများဖြစ်သော နိုင်ငံတကာပညာရေးသတင်းများ၊ ပြည်တွင်းပညာရေးသတင်းများ မြို့အလိုက် ပညာရေးသတင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်သော သတင်းများ မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများ၊ အခြေခံပညာ ရေးနှင့် ကလေးသူငယ်စောင့်ရှောက်ရေးမှသည် စီးပွားရေးနှင့်ဆိုင်သော စီမံခန့်ခွဲမှု သင်တန်းများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ၊ ကျွမ်းကျင်မှုနှင့် တိုးတက်မှုအတွက် သင်တန်းများအကြောင်းနှင့် အခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများကို နေ့စဉ် စုစည်းဖော်ပြပေးထားပါတယ်။
အောက်ပါ Link များမှာဝင်ရောက်လေ့လာနိုင်ပါတယ်။
https://www.edge.com.mm/
https://www.facebook.com/MMEducationGuide/?ref=page_internal