ကွန်ပျုတာနှင့်သက်ဆိုင်သည့်ဘာသာရပ်များကို အခမဲ့လေ့လာနိုင်သည့် Website များ

ကွန်ပျုတာနဲ့သက်ဆိုင်တဲ့ ဘာသာရပ်ဆိုင်ရာတွေကိုလေ့လာနေတဲ့ သူတွေအတွက်တော့ ခုဖော်ပြမယ့် Website တွေကို တော့ သိထားသင့်ပါတယ်။ အခမဲ့ဝင်ရောက်လေ့လာနိုင်မယ့် Website တွေဖြစ်တဲ့အတွက် မိမိအတွက်လည်းများစွာအကျိုး ရှိစေပါတယ်။

Photo Source https://codehs.com/

(၁) CodeHS
CodeHS ဆိုတာကတော့ computer science ကျောင်းသူကျောင်းသားတွေအတွက်လေ့လာဖို့ လုပ်ထားတဲ့ learning platform တခုဖြစ်ပါတယ်။ ကိုယ်တိုင် project တခုကိုအစအဆုံးလုပ်နိုင်ပြီး website တည်ဆောက်ပုံတွေနဲ့ programming languages တွေကိုလtools resources တွေပေးပြီး သင်ကြားပေးတဲ့ platform တခုဖြစ်ပါတယ်။
https://codehs.com/
(၂) Aquent Gymnasium
Aquent Gymnasium ဆိုတာကတော့ education site တခုဖြစ်ပြီး web development ဆိုင်ရာတွေနဲ့ coding ,design တွေကိုလေ့လာလို့ရမယ့် site တခုဖြစ်ပါတယ်။
https://www.thegymnasium.com/
(၃) UDACITY
Udacity ဆိုတာကလည်းedx လိုပဲ Open Course Onlineသင်တန်းပေါင်းများစွာ (Massive Open Online Course(MOOC) ကိုအထောက်အပံ့ပြုနေတဲ့ပညာရေးwebsite တခုဖြစ်ပါတယ်။Udacityမှာဆိုရင် Data Analytics,Machine Learning, Software engineering, Web development,Business, Design, Marketing,Virtual Reality စတဲ့သင်ခန်း စာပို့ချမှုတွေကို သင်ယူလေ့လာနိုင်မှာဖြစ်ပါတယ်။ ဒေါ်လာပေးသွင်းသင်တန်းတက်ပြီး nanodegree များကိုလည်း ရယူနိုင်ပါတယ် Udacity ကိုကမ္ဘာ့နာမည်ကြီးနည်းပညာ Company တွေဖြစ်တဲ့ Google,Amazon တို့ကပံ့ပိုးပေး ထားတာဖြစ်ပါတယ်။ နည်းပညာကိုစိတ်ဝင်စားသူတွေအတွက်တော့ လေ့လာလို့အကောင်းဆုံးနေရာတခုလို့ သတ်မှတ် လို့ရပါတယ်။
https://www.udacity.com/
(၄) SKILLSHARE
Skillshare ကတော့ ဒီဇိုင်းပညာရပ်ကိုစိတ်ဝင်စားလေ့လာသူ တွေအနေနဲ့သိထားသင့်တဲ့ website တခုပဲဖြစ်ပါတယ်။ဒီဇိုင်းတစ်ခုတည်းတော့မဟုတ်ပါဘူးအခြားသော မတူညီတဲ့ပညာရပ်တွေကိုလည်း Skillshare မှာဝင်ရောက်လေ့လာနိုင်ပါတယ်။နှစ်စဉ်ကြေးပေးပြီး လေ့လာသင်ယူနိုင်သလို အခမဲ့အတန်းတွေမှသင်ခန်းစာများစွာကို လည်းလေ့လာနိုင်တဲ့နေရာတခုဖြစ်ပါတယ်။
https://www.skillshare.com/
(၅) STANFORD ONLINE
Stanford ကတော့စာသင်တယ်ဆိုတာထက် အခွင့်အလမ်းတွေ ပိုမိုရရှိနိုင်အောင်လုပ်ပေးထားတဲ့ platform တခုဖြစ်ပါတယ်။Stanford ကနေonline degrees,online courses, e-learning တို့ကိုအခမဲ့သင်ယူပြီး အခွင့်အလမ်း တွေဖန်တီးရယူနိုင်ပါတယ်။သင်ကြားပေးတဲ့ သင်ခန်းစာတွေကိုလဲ ကဏ္ဍအလိုက် computer science,AI,health and medicine,arts and data science တို့ကိုလေ့လာနိုင်မှာဖြစ်ပြီး Certificate ရနိုင်ပါတယ်။ skills အသစ်တွေ အလုပ်အကိုင်အသစ်တွေကို လည်းတဆင့်ရယူနိုင်ပါတယ်။
https://online.stanford.edu/

Photo Source https://code.org/

(၆) CODE
Code ဆိုတာကတော့ Learning resource တခုဖြစ်ပြီး Coding, application, robotics, web development, biology, algebra နဲ့ chemistryတို့ကိုအဓိကထားသင်ကြား ပေးထားပြီး enroll လုပ်ကာ courses တွေကိုဝင်ရောက်လေ့ လာနိုင်မှာဖြစ်ပါတယ်။ အဆိုပါ Code ဆိုတဲ့ website လေးဟာအလုပ်အကိုင်အခွင့်အလမ်းပေါများစေပြီး အပတ်စဉ်မှာလည်း တပတ်စာသင်ခန်းစာတွေကိုChallenges လုပ်တဲ့ပုံစံတွေလည်း ထည့်သွင်းပေးထားပါတယ်။ လေ့လာရ တဲ့နေရာမှာ လွယ်ကူစွာပဲလေ့လာနိုင်ပါတယ်။
https://code.org/
(၇) UNIVERSITY THE PEOPLE
UOP ဆိုတာကတော့ online collage တခုဖြစ်ပြီး မတူညီကွဲ ပြားတဲ့များစွာသော programတွေဖြစ်တဲ့ degree,business administration,health နဲ့ computer science တို့ပါဝင်ပါတယ်။စာအုပ်ပေါင်းများစွာကိုလည်း ဒီ website မှအခမဲ့ ဒေါင်းယူနိုင်ပါတယ်။
https://www.uopeople.edu/