ကလေးသူငယ်များအတွက် ပညာရေးအထောက်အကူပြု Mobile Application များအကြောင်း (၂)

ခုခေတ်ကာလမှာ အွန်လိုင်းက ပညာသင်ကြားလေ့လာမှုတွေပိုမိုများပြားလာခဲ့သလို လူငယ်၊ လူကြီးများအတွက်ပါ ပညာရေး ပိုင်းဆိုင်ရာ Application တွေသာကမ ကလေးများအတွက် ပညာရေးဆိုင်ရာလေ့ကျင့်သင်ကြားပေးနိုင်တဲ့ App တွေလည်း များစွာရှိနေပါတယ်။ ခုဖော်ပြပေးမယ့် App တွေကတော့ မူလတန်း၊ အလယ်တန်းကလေးများအတွက် ပညာရေးဆိုင်ရာမှာ များစွာအထောက်အကူဖြစ်စေတဲ့ Mobile App တွေပဲဖြစ်ပါတယ်။ ဖုန်းထဲမှာဖြစ်ဖြစ် တက်ဘလက်မှာဖြစ်ဖြစ် ထည့်သွင်းအ သုံးပြုနိုင်ပြီး အိမ်မှာနေရင်းကလေးများကို ပြသသင်ကြားလေ့ကျင့်နိုင်မှာဖြစ်ပါတယ်။

Photo Source https://play.google.com/store/apps/details?id=com.duolingo

(၁) Duolingo: Learn Languages Free
Duolingo App ကတော့ ပျော်ရွှင်စရာသင်ကြားရေးအထောက်အကူပြု အခမဲ့အက်ပလီကေးရှင်းတစ်ခုဖြစ်ပါတယ်။ အခေါ်အဝေါ်ဝေါဟာရများ၊ သဒ္ဒါစွမ်းရည်များကိုတည်ဆောက်ခြင်း၊ ဖတ်ခြင်း၊ နားထောင်ခြင်းနဲ့ စာရေးခြင်းတို့ကို လေ့ကျင့်နိုင်မှာဖြစ်ပါတယ်။ Duolingo App ဂိမ်းအပါအဝင် ပျော်ရွှင်စရာဇတ်ကောင်များထည့်သွင်းပေးထားတဲ့အတွက် လေ့ ကျင့်သင်ကြားတဲ့အခါမှာ ကလေးသူငယ်များပျော်ရွှင်စေပြီး ရလဒ်ကောင်းများကို ရရှိနိုင်အောင်ဖန်တီးထားပါတယ်။ လက်ရှိ မှာတော့ ကမ္ဘာတစ်ဝှမ်းရှိ သင်ယူသူ သန်း ၃၀၀ ကျော်ရှိနေတဲ့ App တစ်ခုလည်းဖြစ်ပါတယ်။ App ထဲပါဝင်တဲ့ ဘာသာစကားများအားလုံးကို အခမဲ့သင်ယူနိုင်ပြီး ကောင်းမွန်တဲ့ Mobile App တစ်ခုလည်းဖြစ်ပါတယ်။ အောက်ပါ Link မှာ ဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.duolingo
Photo Source https://play.google.com/store/apps/details?id=com.getmimo

(၂) Mimo: Learn coding in JavaScript, Python and HTML
ဒီ App ကတော့ လူငယ်လူရွယ်များအတွက်သာမက အသက်ကြီးငယ်မရွေးလေ့လာနိုင်တဲ့ App တစ်ခုဖြစ်ပါတယ်။ App ကို လေ့လာခြင်းဖြင့် ဝက်ဘ်ဆိုက်တည်ဆောက်ခြင်းလုပ်ငန်းစဉ်များကို လေ့လာနိုင်မှာဖြစ်ပါတယ်။ Mimo App ဟာ ကွန်ပျုတာဝါသနာပါသူတွေအတွက် Python, JavaScript, HTML, SQL စတဲ့ သင်ခန်းစာများကို စတင်လေ့လာရန်အ ကောင်းဆုံး App တစ်ခုဖြစ်ပါတယ်။ ကွန်ပျူတာ Programming ဘာသာရပ်အတွက် များစွာ အထောက်အကူပြုစေတဲ့ App တစ်ခုလည်းဖြစ်ပါတယ်။ Mimo App ဟာ code လေ့လာခြင်းနှင့်ကွန်ပျူတာသိပ္ပံပညာ လေ့လာခြင်းကိုဦးစားပေး App တစ်ခုဖြစ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက်လေ့လာနိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.getmimo

Photo Source https://play.google.com/store/apps/details?id=org.codespark.thefoos

(၃) codeSpark Academy: At Home Kids Coding
codeSpark Academy App ကလည်း ဂိမ်းများဖြင့်ဖန်တီးထားပြီး ကလေးသူငယ်များအတွက် အသုံးဝင်လွန်းတဲ့ သင်ကြား ရေးအထောက်အကူပြု App တစ်ခုလည်းဖြစ်ပါတယ်။ ကလေးများအား ဗွီဒီယိုဂိမ်းများနဲ့ အပြန်အလှန်အကျိုး သက်ရောက်မှု ရှိသောပုံပြင်များပြုလုပ်ခြင်းဖြင့် သင်ယူနိုင်မှာဖြစ်ပါတယ်။ App ကို Install လုပ်ပြီးတာနဲ့ စာရင်းသွင်းရမှာဖြစ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက်လေ့လာနိုင်ပါတယ်။
https://play.google.com/store/apps/details?id=org.codespark.thefoosPhoto Source https://play.google.com/store/apps/details?id=com.appsci.tenwords

(၄) Words Booster: Learn Languages
ကလေးများအတွက် အင်္ဂလိပ်စာအရည်အချင်းကိုမြှင့်တင်ပေးဖို့အတွက် Words Booster App ကများစွာအထောက်အကူ ဖြစ်စေမှာပါ။ အင်္ဂလိပ်စာကားလုံးတွေကို လေ့ကျင့်ကျက်မှတ်ဖို့အတွက် အသင့်တော်ဆုံး App တစ်ခုဖြစ်သလို အဆင့်သတ် မှတ်ချက်ပြုလုပ်ပြီး စတင်လေ့လာနိုင်မှာလည်းဖြစ်ပါတယ်။ စာရင်းသွင်းပြီးမှ အသုံးပြုလို့ရတဲ့ App တစ်ခုဖြစ်ပြီး လေ့လာသူ များပြားနေတဲ့ App တစ်ခုလည်းဖြစ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.appsci.tenwords