ဗဟုသုတနှင့်ပညာရေးဆိုင်ရာကဏ္ဍများစွာကို အခမဲ့ဝင်ရောက်လေ့လာနိုင်တဲ့ Website များအကြောင်း (၂)

အားလပ်တဲ့အချိန်တွေမှာ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်ခြင်းအနေနဲ့ အိမ်ပြင်ထွက်စရာမလိုဘဲ ဗဟုသုတနဲ့ ပညာရေး ဆိုင်ရာကဏ္ဍတွေကို အခမဲ့ဝင်ရောက်လေ့လာနိုင်မယ့် Website တွေကို သိရှိထားတာက အမှန်တကယ်အသုံးဝင်စေပါ တယ်။ အောက်ပါ Website (၆) ခုကတော့ အခမဲ့ဝင်ရောက်လေ့လာလို့ရမယ့် ပညာရေးဆိုင်ရာ Website တွေဖြစ်ပါတယ်။

Photo Source https://online.stanford.edu

(၁) Stanford Online
ဒီ Stanford Online website ကတော့ Stanford တက္ကသိုလ်တစ်ခုတည်းက တင်ဆက်တဲ့ အခမဲ့ အွန်လိုင်းသင်ခန်း စာတွေကို လေ့လာနိုင်မှာပါ။ Website ထဲကိုဝင်ပြီး Programs မှတဆင့် Free Courses ကနေ မိမိစိတ်ဝင်စားတဲ့ အခမဲ့ သင်ခန်းစာတွေကို ရှာဖွေလေ့လာနိုင်ပါတယ်။ Free Courses တွေတင် ၁၀၀ ကျော်ရလေ့လာလို့ရမှာဖြစ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက်လေ့လာနိုင်ပါတယ်။
https://online.stanford.edu
(၂) Codeacademy
ကွန်ပျူတာ program ရေးသားခြင်းကို စိတ်ဝင်စားတဲ့ လူငယ်လူရွယ်တွေအတွက် အရေးပါလွန်းတဲ့ website တစ်ခုဖြစ်ပါတယ်။ programming language တော်တော်များများကို အခြေခံကစပြီး သင်ယူလေ့လာနိုင်ပါတယ်။ အခမဲ့သင်ယူလေ့လာနိုင်တဲ့ သင်ခန်းစာတွေများစွာရှိပြီး web development, programming, computer science နဲ့ data science စတဲ့ ဘာသာရပ်တွေကို အသေးစိတ်လေ့လာနိုင်မှာဖြစ်ပါတယ်။ အခုလက်ရှိသင်ယူသူပေါင်း ၄၅ သန်းကျော်ရှိပါ တယ်။ အခမဲ့သင်ယူရင်း ကျွမ်းကျင်လာတာနဲ့အမျှ လစဉ်ကြေးပေးပြီး အဆင့်မြင့်သင်ခန်းစာတွေကို ဆက်လက် လေ့လာလို့ ရတဲ့ Webstite တစ်ခုဖြစ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက်လေ့လာနိုင်ပါတယ်။
https://www.codecademy.com/
(၃) Duolingo
ကမ္ဘာတစ်ဝှမ်းအသုံးပြုသူ သန်း ၃၀၀ ကျော်သွားပြီဖြစ်တဲ့ Duolingo ဟာ ဘာသာစကားမျိုးစုံကို အခမဲ့ လေ့လာနိုင်မယ့် website နဲ့ app တစ်ခုဖြစ်ပါတယ်။ Duolingo မှာ လေ့လာမှုအများဆုံးဘာသာစကား (၇) ခုကတော့ Spanish, French, German, Japanese, Italian, Korean, Mandarin Chinese တို့ဖြစ်ပါတယ်။ ဘာသာစကားတွေကိုလေ့လာလိုသူတွေအ တွက်အကောင်းဆုံး Website တွေထဲမှာတစ်ခုအပါအဝင်ဖြစ်ပါတယ်။ အေက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://duolingo.com/
(၄) Memrise
ဘာသာစကားသင်ယူနေသူတွေအတွက် စကားလုံးတွေကို လျှင်လျှင်မြန်မြန် ထိထိရောက်ရောက် မှတ်သားနိုင်ဖို့အတွက် Memrise Website ကကူညီပေးပါတယ်။ Memrise app ကို အခမဲ့ အသုံးပြုနိုင်ပြီး သူ့မှာပါဝင်တဲ့ features အကုန်သုံးချင်တယ်ဆိုရင် တစ်နှစ်ကို မြန်မာငွေ ၉၀၀၀၀ လောက်ကျသင့်မှာဖြစ်ပါတယ်။ မိမိသင်ချင်တဲ့ဘာသာစကား အသစ်တစ်ခုကို စတင်လေ့လာတဲ့နေရာမှာ များစွာအသုံးဝင်စေပါတယ်။ အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://memrise.com/

Photo Source https://curiositystream.com

(၅) Curiosity Stream
ရုပ်ရှင်ဖျော်ဖြေမှုကိုကြိုက်တဲ့သူတွေအတွက် စူးစမ်းလေ့လာချင်တယ်ဆိုရင် Curiosity Stream ကအရေးပါတဲ့ Website တစ်ခုဖြစ်ပါတယ်။ အသိပညာဗဟုသုတကို တိုးပွားလာစေမယ့် အရည်အသွေးမြင့် Documentary ဇာတ်လမ်းပေါင်း ရာကျော်ရှိပါတယ်။ Science, History, Technology, Nature, Society, Lifestyle, Kids စတဲ့ အမျိုးအစားတွေ ခွဲပေးထားပြီး စိတ်ဝင်စားတဲ့အပိုင်းကို လေ့လာနိုင်မှာဖြစ်ပါတယ်။ အခမဲ့ တော့မဟုတ်ပါဘူး။ အောက်ပါ Link မှာဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
https://curiositystream.com
(၆) Crash Course
Crash Course ဆိုတာ ကမ္ဘာ့အဆင့်ပညာရေးကို လူတိုင်း တစ်သက်တာလုံး အခမဲ့ လက်လှမ်းမီစေဖို့အတွက် YouTube က ရန်ပုံငွေထုတ်ပြီး ဖန်တီးပေးထားတဲ့ Project တစ်ခုဖြစ်ပါတယ်။ အခုအချိန်အထိ ပညာရပ်နယ်ပယ်ပေါင်း ၃၂ ခုကို Cover ဖြစ်တဲ့ သင်ခန်းစာ Video တွေကို အခမဲ့ ကြည့်ရှုနိုင်ပါပြီ။ History, Psychology, Entrepreneurship, Science, Economics, Engineering, Chemistry, Business, Biology, AI, Games, Sociology, Study Skills အစရှိတဲ့ သင်ခန်းစာ တွေကိုလေ့လာနိုင်မှာဖြစ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက်လေ့လာနိုင်ပါတယ်။
https://thecrashcourse.com

Letter Source 12 min Notes Myanmar Channel