Japanese Language ကို Self Study လုပ်ချင်သူများ သိထားသင့်သည့်အရာများနှင့် လေ့လာသင့်သည့် Application များအကြောင်း

ဂျပန်စာကတော့ မြန်မာနိုင်ငံမှာတင် မဟုတ်ဘဲ အရှေ့တောင်အာရှ နိုင်ငံများမှာပါ popular language တစ်ခုဖြစ်ပါတယ်။ ဘာသာစကားအရ ကမ္ဘာ့အခက်ခဲဆုံး ဘာသာ ၂၀ ထဲမှာလည်း ပါဝင်တယ်။ ဂျပန်နိုင်ငံက လူဦးရေထူထပ်လို့ ဂျပန်စကားပြော သူ အရေအတွက် ၁၂၈ million လောက်ရှိပြီး ကမ္ဘာ့ လူ ပြောအများဆုံး နံပါတ် ၁၃ မှာ ဂျာမန်နောက်ကနေ တည်ရှိ ပါတယ်။ မြန်မာလူမျိုးတစ်ယောက်အတွက်ဆိုလည်း ခက်ခဲတဲ့ ဘာသာထဲမှာ ပါဝင်ပါတယ်။
ဂျပန်စာကို ခက်ခဲစေတဲ့ အကြောင်း အရင်းထဲမှာ စာလုံးတွေက အဓိက ပါဝင်ပါတယ်။ ဂျပန်စာမှာ စာရေးနည်း ၃ မျိုး ရှိပြီး ၃ မျိုး လုံးကို ပေါင်းစပ် အသုံးပြုပါတယ်။ Hiragana Katakana နဲ့ Kanji ဆို ပြီး ၃ မျိုးဖြစ်ပါတယ်။ Hiragana ကတော့ အဝိုင်းပုံစံ ဂျပန်ရိုးရာ အက္ခရာဖြစ်ပါတယ်။ Katakana ကတော့ လေးထောင့် ပုံစံလေးတွေ ဖြစ်ပြီး Foreign Loans word တွေ ဖြစ်တဲ့ ကော်ဖီတို့ knife တို့ စသည်ဖြင့် တို့အတွက် သုံးပါတယ်။

Photo Source https://play.google.com/store/apps/details?id=com.khoapm.japanesen4

ဂျပန် အသံ ထွက်ကတော့ မြန်မာ လူမျိုးတစ်ယောက်အတွက် ဘာအခက်အခဲမှ ကို မရှိပါဘူး။ ဗျည်း သရ ပေါင်းစပ်ပုံ မဟုတ်ဘဲ Hiragana Katakana စာလုံးတိုင်းက တစ်လုံးချင်း အသံထွက်ပါတယ် ။ Kanji ကတော့ ထုံးစံ အတိုင်း အလွတ်ကျက်ရပါမယိ။ အသံထွက်က ပုံသေ မရှိလို့ဖြစ်ပါတယ်။
မြန်မာစာနဲ့ တော်တော် ချည်းဆင်တူလို့ မြန်မာလူမျိုးတွေအတွက် စာလုံးခက်ပေမယ့် သဒ္ဒါလွယ်လို့ တစ်ပိုင်းစိတ် အေး နိုင်ပါ တယ်။ မြန်မာစာလို ဘဲ subject marker object marker တွေရှိတဲ့အပြင် မြန်မာနဲ့တောင် အသံ တွေ ဆင်နေလို့ မြန်မာတွေ အားသာချက်ရှိပါတယ်။ Formality ပိုင်းမျာ ပြီး grammar က နည်းနည်း ကျယ်ပြန့်တာကလွဲရင် လွယိတယိလို့ အကြမ်းဖျင်း ကောက်ချက်ချနိုင်ပါတယ်။ သဒ္ဒါမှာခက်ခဲတာကို ပြပါတယ်ဆိုရင် Verb ပြောင်းလဲမှုရှိတာဖြစ်ပါတယ်။ ပြီးတော့ grammar case ရှိတာဖြစ်ပါတယ်။
ဂျပန်ဘာသာစကားနဲ့ပတ်သက်လို့ လေ့လာလို့ရမယ့် Online Application နှစ်ခုကိုလည်းဖော်ပြပေးလိုက်ပါတယ်။
(၁) MinaNo Nihongo 50 Lessons
ဒီ App ကတော့ ဂျပန်ဝေါဟာရစကားလုံးအသစ်တွေ သဒ္ဒါပိုင်းဆိုင်ရာတွေကို အသံနဲ့စကားပြောဆိုမှုအတွက် လေ့ကျင့်ရာမှာ အ ထောက်အကူဖြစ်စေပါတယ်။ အခြေခံမှ စတင်လေ့ကျင့်သူများအတွက်အဆင်ပြေစေသလို အဆင်မြင့်ပြောဆိုမှုများအတွက်ပါ အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ ဂျပန်ဘာသာစကားစာမေးပွဲများအတွက်လည်းအထောက်အကူဖြစ်စေပါတယ်။ App မှာ ပါဝင်တာတွေကတော့ ဂျပန်စကားလုံးများ၊ စကားစုများ၊ ဂျပန်အသံထွက်သင်ခန်းစာ ၅၀ အပြင် နားထောင်ပြီးပြန်လည်လေ့ကျင့် နိုင်တဲ့ သင်ခန်းစာတွေပါဝင်ပါတယ်။ အောက်ပါ Link မှာဝင်ရောက်လေ့လာနိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.khoapm.japanesen4

Photo Source https://play.google.com/store/apps/detailsid=com.nulltree.skyapps.japstudy&gl=FR

(၂) Japanese Study (hiragana+katakana)
ဒီ App အဓိက အားသာချက်ကတော့ Hiragana Katakana အတွက် လေ့ကျင့်ခန်းတွေ အများကြီးပါပါတယ်။ နားထောင်ပြီး အသံထွက်သင်ခန်းစာတစ်ခုချင်းစီကို လေ့လာနိုင်သလို ဂျပန်စာအက္ခရာများကိုလည်း ရေးသားပြီး လေ့လာနိုင်တဲ့ အသုံးဝင်တဲ့ Application တစ်ခုလည်းဖြစ်ပါတယ်။
https://play.google.com/store/apps/detailsid=com.nulltree.skyapps.japstudy&gl=FR