Content Creators၊ Photo Creators နှင့် Designer များအတွက်အသုံးဝင်လွန်းတဲ့ Free Resources Website (7) ခု Part 4

Content Creators၊ Photo Creators နှင့် Designer များအတွက်အသုံးဝင်လွန်းတဲ့ Free Resources Website များကို ဖော်ပြပေးလိုက်ပါတယ်။

Photo Source https://ionicons.com/

(၁) Ionicons

Ionicons ကတော့ web,IOS, Android, Desktopတွေမှာ Designerအသုံးပြုလို့ရအောင် ပြုလုပ်ပေးထားတဲ့ Premium Iconလေးပါ၊Ionic framework အသင်းက free ‌and Open Sourceတစ်ခုအနေနဲ့ တည်ဆောက်ထားပေးပါတယ်။ အောက် ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://ionicons.com/

(၂) Simple Icons

Dan Leechမှ စတင်ခဲ့ပါတယ်၊ လူကြိုက်များတဲ့ အမှတ်တံဆိပ်များအတွက် free SVG iconsများကို အခမဲ့ ရယူနိုင်ပါတယ်။ အောက် ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://simpleicons.org/

(၃) Icons

icons8.comကတော့ PNG,SVGအတွက် free icons libraryရှိပါတယ်၊အမြဲ ခေတ်ရေစီးကြောင်းနဲ့အညီအသုံးပြုရန် လိုအပ်နေသူများအတွက် အထူးသင့်တော်ပါတယ်။ အောက် ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://icons8.com/icons

(၄) Animaticons

Animaticonsသည် သင်စိတ်ကြိုက် ပြုလုပ်နိုင်သည့် high-resolution animated GIFများ အစုတစ်ခုဖြစ်ပါတယ်၊fileအရွယ်အစား သေးငယ်ပါတယ်၊ Browser, email, smartphoneများအတွက် အဓီကကျပါတယ်၊Pluginsတွေ librariesတွေမလိုအပ်ပါဘူး။ အောက် ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://animaticons.com/

Photo Source https://fonts.google.com/about

(၅) Google Fonts

Designဆွဲသူများအတွက် ဆန္ဒရှိသလို အသုံးပြုနိုင်ရန်သိသာလွယ်ကူပြီး ခိုင်မာသည့် Open Source web fonts လမ်းညွှန်တစ်ခုပါပဲ၊ Googleက ကျနော်တို့ မျှော်လင့်ထားသလို အဆင့်မြင့် စံနှုန်းများနှင့် ဖန်တီးပေးထားခြင်းဖြစ်ပါတယ်။ အောက် ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://fonts.google.com/about

(၆) Use & Modify

“Classy၊ punk၊ ပရော်ဖက်ရှင်နယ်၊ မပြည့်စုံသောနှင့်ထူးဆန်းသောစာလုံးပုံစံများ”အတွက် ကိုယ်ပိုင်ရွေးချယ်မှုတစ်ခုဖြစ်တဲ့ လွတ်လပ်စွာဖွင့်ထားသည့်ဖောင့်များကိုအသုံးပြုလို့ရပါတယ်။ အောက် ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://usemodify.com/

(၇) Fontfabric

Fontfabricသည် အမျိူးမျိူးသော အမှတ်တံဆိပ်များအတွက် လက်လီfontများနှင့် စိတ်ကြိုက်စာရိုက်ခြင်းများ ပြုလုပ်လို့ရပါတယ်၊မည်သူမဆို downloadလုပ်ရန်နှင့် အသုံးပြုရန်အတွက် အခမဲ့ပေးထားပါတယ်။ အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://www.fontfabric.com/free-fonts/

(၈) Dafont

Dafontသည် လွပ်လပ်စွာကူးယူနိုင်သည့် fontများတွင် ကြီးမားတဲ့အရာတစ်ခုဖြစ်ပါတယ်၊ အက္ခရာစဉ်၊ပုံစံ၊author သို့မဟုတ် လူကြိုက်များတာတွေ စသည့်တို့ဖြင့် ရှာဖွေလို့ရပါတယ်။ အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://www.dafont.com/

Letter Source – APN Contents Creation