ဗဟုသုတနှင့်ပညာရေးဆိုင်ရာကဏ္ဍများစွာကို အခမဲ့ဝင်ရောက်လေ့လာနိုင်တဲ့ Website များအကြောင်း (၁)

အားလပ်တဲ့အချိန်တွေမှာ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်ခြင်းအနေနဲ့ အိမ်ပြင်ထွက်စရာမလိုဘဲ ဗဟုသုတနဲ့ ပညာရေး ဆိုင်ရာကဏ္ဍတွေကို အခမဲ့ဝင်ရောက်လေ့လာနိုင်မယ့် Website တွေကို သိရှိထားတာက အမှန်တကယ်အသုံးဝင်စေပါ တယ်။ အောက်ပါ Website (၆) ခုကတော့ အခမဲ့ဝင်ရောက်လေ့လာလို့ရမယ့် ပညာရေးဆိုင်ရာ Website တွေဖြစ်ပါတယ်။

Photo Source https://www.coursera.org/

(၁) Coursera

Coursera ဆိုတာ သင်ကြားရေးပိုင်းဆိုင်ရာအထောက်အကူပြု Website တစ်ခုဖြစ်သလို Application တစ်ခုအဖြစ်နဲ့လည်း ဖန်တီးပေးထားပါသေးတယ်။ ကမ္ဘာတစ်ဝှမ်းမှာ Coursera ကနေ အခုလက်ရှိသင်ယူနေသူ ၃၅ သန်းကျော်ရှိတယ် လို့သိရပါတယ်။ တစ်ကမ္ဘာလုံးက တက္ကသိုလ် ၁၅၀ ကျော်နဲ့ချိတ်ဆက် ထားပြီး သင်ခန်းစာပေါင်း ၂၇၀၀ ကျော် ရှိပါတယ်။ Coursera မှာ သင်ခန်းစာအများစုက အခမဲ့ဖြစ်ပြီး Certificate လိုချင်သူတွေအတွက် ပိုက်ဆံပေးပြီး စာမေးပွဲဖြေလို့ရပါတယ်။ (ဒေါ်လာ ၃၀ က ၁၀၀ ဝန်းကျင်ရှိပါတယ်။) Email တစ်ခုရှိရုံနဲ့ login ဝင်ပြီး မိမိစိတ်ဝင်စားတဲ့ သင်ခန်းစာတွေကို စတင်လေ့လာနိုင်ပါတယ်။ အောက်ပါ Link မှာဝင်ရောက်လေ့လာနိုင်ပါတယ်။
https://www.coursera.org/
(၂) Khan Academy
Khan Academy Website ရဲ့ သင်ခန်းစာပို့ချချက်တွေက ကျောင်းသူကျောင်းသားတွေ သာမက ဆရာဆရာမတွေ အတွက်ပါ အလွန်အသုံးဝင်ပါတယ်။ Physics, Math, Grammar, Science, History, Business အစရှိတဲ့ ကမ္ဘာ့အဆင့် သင်ခန်းစာပေါင်း ၄၀၀၀ ကျော်ပါရှိပါတယ်။ Khan Academy App ကလည်း သုံးရတာလွယ်ကူသလို သင်ယူလေ့လာရတာလည်း အလွန်အဆင်ပြေတဲ့ Website တစ်ခုလည်းဖြစ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက်လေ့လာ နိုင်ပါတယ်။
https://www.khanacademy.org/
(၃) edX
edX Website ဟာ နာမည်ကြီးတက္ကသိုလ်တွေဖြစ်တဲ့ Harvard နဲ့ MIT (Massachusetts Institute of Technology) တို့ ပူးပေါင်းဖန်တီးထားတဲ့ online learning website တစ်ခုဖြစ်ပါတယ်။ edX app ကိုလည်း ဖန်တီးပေးထားပါသေးတယ်။ Law, History, Engineering, Computer Science, Business, Entrepreneurship စတဲ့ဘာသာရပ်တွေကအစ Artificial Intelligence (AI) လို ဘာသာရပ်တွေအထိပါ အခမဲ့ လေ့လာနိုင်မှာဖြစ်ပါတယ်။ Certificate လိုချင်ရင်သူတွေအတွက် လည်း ပိုက်ဆံထပ်ပေးပြီး သင်ယူနိုင်မှာဖြစ်ပါတယ်။ လက်ရှိသင်ယူလေ့လာနေသူ သန်း ၂၀ ကျော်ရှိပြီး သင်ခန်းစာပေါင်း ၂၄၀၀ ကျော်ရှိထားတာဖြစ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.edx.org/

Photo Source https://www.ted.com

(၄) TED
TED ကတော့ Business, Beauty, Technology, Science, Engineering, Design, Entertainment, Education တို့ကအစ AI, Astronomy, Blockchain, Humanity အဆုံး နယ်ပယ်အသီးသီးက ကျွမ်းကျင်ပညာရှင်တွေရဲ့ အတွေးအခေါ် အိုင်ဒီယာကောင်းတွေ၊ နည်းပညာအသစ်အဆန်းတွေကို ဗဟုသုတရဖွယ်ရာများကိုလေ့လာနိုင်မှာဖြစ်ပါ တယ်။ Application တစ်ခုအဖြစ်လည်း ပြုလုပ်ထားပါတယ်။TED Website မှာပါဝင်တဲ့ ဗီဒီယိုအများစုက ကြာချိန် ၁၀ မိနစ်မှ မိနစ် ၂၀ အတွင်းပဲရှိလို့ အားလပ်ချိန်နည်းနည်းလေးပဲရတယ်ဆိုရင်တောင် အချိန်ကိုအကျိုးရှိရှိ အသုံးချနိုင်စေမှာလည်းဖြစ်ပါ တယ်။ အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.ted.com
(၅) TED-Ed
TEDEd website က နာမည်ကျော် TED.com ရဲ့ အခွဲတစ်ခုဖြစ်ပြီး သင်ခန်းစာတွေ၊ အိုင်ဒီယာတွေကို (၅) မိနစ်စာ ဗီဒီယိုဖိုင်လေးတွေနဲ့ ရှင်းလင်းဖော်ပြပေးထားတာဖြစ်လို့ အချိန်ကုန်လည်းသက်သာသလို ကြည့်လို့လည်း အရမ်းကောင်းတဲ့ website တစ်ခုပါ။ Arts, Business & Economics, Design, Engineering, Health, Psychology, Thinking, Science, Technology အစရှိတဲ့ ဘာသာရပ်ပေါင်းစုံပါဝင်တဲ့ website တစ်ခုဖြစ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါ တယ်။
https://ed.ted.com/
(၆) Udemy
Udemy ကတော့ အရည်အသွေးကောင်းတဲ့ သင်ခန်းစာမျိုးစုံကို အခမဲ့ရော ပိုက်ဆံပေးပြီးပါ အွန်လိုင်းပေါ်က အလွယ်တကူ သင်ယူလေ့လာနိုင်စေမယ့် website တစ်ခုပါ။ သင်ခန်းစာပေါင်း သောင်းနဲ့ချီပြီးရှိတာဖြစ်ပြီး မိမိစိတ်ဝင်စားတဲ့ ဘာသာရပ်ကိုရှာပြီး သင်ခန်းစာတွေကို လေ့လာနိုင်ပါတယ်။ Application လည်းပြုလုပ်ပေးထားတဲ့အတွက် ဝင်ရောက်လေ့ လာချင်သူတွေအတွက် အဆင်ပြေစေပါတယ်။
https://www.udemy.com/

Letter Source 12 min Notes Myanmar Channel