နိုင်ငံခြားဘာသာစကားများကို အခမဲ့သင်ကြားပေးနေသော သိထားသင့်သည့် Page များအကြောင်း

နိုင်ငံခြားဘာသာသာစကားတွေကိုလေ့လာလိုသူတွေအနေနဲ့ ပညာဒါနသင်ကြားပြသပေးနေတဲ့သင်တန်းတွေဖွင့်လှစ်တဲ့ နေရာတွေကို သိရှိထားဖို့လိုပါတယ်။ ဒါမှ အခကြေးငွေကုန်ကျမှုနည်းနည်းနဲ့ မိမိတက်ရောက်သင်ကြားလိုတဲ့ သင်တန်းကို အလွယ်တကူရှာဖွေနိုင်မှာပါ။ ဒါကြောင့် အခုလက်ရှိ နိုင်ငံခြားဘာသာစကားသင်တန်းတွေကို ပညာဒါနအနေနဲ့ ဖွင့်လှစ်ပို့ချ ပေးလျက်ရှိတဲ့ Facebook Page တွေကို သိရှိထားနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

Photo Source https://bit.ly/3wX2lj0

(၁) Easy Learning Japanese Language By Yamin
ဒီ Page လေးကတော့ ဂျပန်ဘာသာစကားကို online class အဖြစ် သင်ကြားနေသလို page မှာ ပညာဒါနအဖြစ်နဲ့လည်း video file ပေါင်းများစွာနဲ့ သင်ကြားပေးနေတဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။ အထူးသဖြင့် ဂျပန်စာ N5 ကို ပညာဒါနအနေနဲ့ ဦးစားပေးသင်ကြားပေးနေတဲ့ Page တစ်ခုလည်းဖြစ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက်လေ့လာနိုင်ပါတယ်။
https://bit.ly/3wX2lj0
(၂) Future World Japanese Language Center
ဒီ Page ကလည်း ဂျပန်ဘာသာစကားဆိုင်ရာများကို video နဲ့တကွ နားလည်ရလွယ်ကူအောင် အွန်လိုင်းကနေသင်ကြားပေး နေတဲ့ ပညာဒါန Page တစ်ခုလည်းဖြစ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://bit.ly/3vRKEBw
(၃) Youth Community
ဒီ Page ကတော့ Speaking section,Writing section and Basic class စတာတွေကို ကျွမ်းကျင်တက်မြောက်အောင် ပညာဒါနသင်တန်းအနေနဲဖွင့်လှစ်ပို့ချပေးနေတဲ့ Page တစ်ခုဖြစ်ပါတယ်။ English ဘာသာစကားကိုလေ့လာလိုသူတွေ အနေနဲ့ သိထားသင့်တဲ့ Page တစ်ခုမှာအပါအဝင်ဖြစ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://bit.ly/2S8mN1M

Photo Source https://bit.ly/3wWOARq

(၄) JCK Language Center
ဒီ Page ကလည်း ဂျပန်စာကို Group ဖွဲ့ပြီး တက်မြောက်လွယ်အောင် လေ့ကျင့်သင်ကြားပေးနေတဲ့ Page တစ်ခုလည်း ဖြစ်ပါတယ်။ ဂျပန်ဘာသာစကားလေ့လာလိုသူတွေအနေဲ့ မဖြစ်မနေ သိထားသင့်ပါတယ်။ အောက်ပါ Link မှာဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
https://bit.ly/3wWOARq
(၅) Better Education
ဒီ Page ကတော့ ထိုင်းဘာသာစကား၊ ဂျပန်၊ ကိုရီးယား စတဲ့ နိုင်ငံခြားဘာသာစကားမျိုးစုံကို အွန်လိုင်းကနေ အမြဲတစေ သင်ကြားပေးနေတဲ့ ပညာဒါန Page တစ်ခုဖြစ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက်လေ့လာနိုင်ပါတယ်။
https://www.facebook.com/bettereducation123/
(၆) Learn with SDLCers
ဒီ Page မှာ ရွေးချယ်သင်ယူနိုင်မဲ့ ဘာသာစကားတွေကတော့ French basic Class ၊ Thai basic ClassJapanese basic Class၊ Chinese basic Class၊ Korean basic Class၊ German basic Class၊ Russian basic Class တို့ပဲဖြစ်ပါတယ်။ အား လပ်တဲ့အချိန်တွေမှာ အွန်လိုင်းကနေသင်ကြားနိုင်အောင် ပညာဒါနအနေနဲ့ ပြုလုပ်ပေးတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက်လေ့လာနိုင်ပါတယ်။
https://www.facebook.com/LearnWithSDLCers/