ရန်ကုန်မြို့အတွက်မရှိမဖြစ် Taxi ၀န်ဆောင်မှု

Image Source: http://blog.keia.org

Mobile Application ကတစ်ဆင့် အလွယ်တကူခေါ်ယူနိုင်တဲ့ Taxi ၀န်ဆောင်မှုတွေထဲမှာတော့ အမေရိကန်အခြေစိုက် Uber ကုမ္ပဏီဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အောင်မြင်မှုကြီးကြီးမားမား ရနေတယ်ဆိုပေမယ့် မြန်မာနိုင်ငံကိုတော့ ပြီးခဲ့တဲ့မတ်လဆန်းကမှ စတင်၀င်ရောက်လာတာဖြစ်ပါတယ်။ ခုအချိန်မှာတော့ ၀န်ဆောင်မှုတွေ စတင်ပေးနေပါပြီ။ ဒီလိုမိုဘိုင်းလ်အပလီကေးရှင်းကတစ်ဆင့် အိမ်အရောက်ခေါ်ယူနိုင်တဲ့ Taxi ၀န်ဆောင်မှုတွေနဲ့မိတ်ဆက်ပေးပါ့မယ်။

Oway Ride

ပထမဆုံးအနေနဲ့ OwayRide ကို စတင်မိတ်ဆက် ပေးချင်ပါတယ်။ ကြိုတင်Bookingလုပ်ထားပြီး ဘယ်အချိန်အိမ်သို့ လာရောက်ရမည်ကို အမှာပါးထားနိုင်ပါတယ်။ ယာဥ်မောင်းတွေကလည်း ကုမ္ပဏီကစိစစ်ရွေးချယ်ထားသူတွေ ဖြစ်တာနဲ့အညီ ခရီးစဥ်များကိုလည်း GPSစနစ်နဲ့ မှတ်တမ်းတင်ထားပါသေးတယ်။ ဒါ့ကြောင့်လုံခြုံမှုအတွက် စိတ်ချရပြီးအဆင်မပြေမှု တစ်ခုခုရှိလာပါကလည်း CallCenterသို့ လှမ်းပြီးအကြောင်းကြားလို့ ရနိုင်ပါသေးတယ်။ OwayRideက ရန်ကုန်နှင့်မန္တလေးမြို့တွေမှာ ပိတ်ရက်မရှိပဲ (၂၄)နာရီပတ်လုံး ၀န်ဆောင်မှုပေးလျက်ရှိပါတယ်။

Website: https://www.owayride.com.mm/

Facebook: https://www.facebook.com/owayride/

Download App: https://play.google.com/store/apps/details?id=com.owayride&hl=en

Hello Cabs

နောက်တစ်ခုကတော့ Hello Cabs ကုမ္ပဏီရဲ့  Hello Ride ဆိုတဲ့ အပလီကေးရှင်းလေးပဲဖြစ်ပါတယ်။ ဒီအပလီကေးရှင်းရဲ့ နာမည်က Hello Ride ဆိုပေမယ့် သူ့ရဲ့ Logo မှာတော့ ကုမ္ပဏီရဲ့နာမည်ကို အစွဲပြုပြီး Hello Cabs လို့ပဲပုံဖော်ထားပါတယ်။ ယာဥ်တွေကို GPS စနစ်များတပ်ဆင်ထားပြီး ခရီးသည်တွေရဲ့လုံခြုံရေးအတွက် ကျွမ်းကျင်လိမ္မာပြီး ဆက်ဆံရေးကောင်းမွန်သော ယာဥ်မောင်းများ၊ သန်ရှင်းသပ်ရပ်သောယာဥ်များဖြင့် (၂၄)နာရီပတ်လုံး ပိတ်ရက်မရှိ ၀န်ဆောင်မှုပေးလျက်ရှိပါတယ်။ မိမိလိုအပ်သော နေရာနှင့်အချိန်သို့အရောက်လာရန် ဖုန်းဖြင့်သော်လည်းကောင်း၊ အင်တာနက်မှတစ်ဆင့် စာပို့၍သော်လည်းကောင်း ခေါ်ယူနိုင်ပါတယ်။ ခေတ်မီငွေပေးချေမှုစနစ်တွေနဲ့လည်း လွယ်ကူစွာပေးချေနိုင်ပါတယ်။

Website: http://www.hellocabs.com.mm/

Facebook: https://www.facebook.com/hellocabsmyanmar/

Download App: https://play.google.com/store/apps/details?id=com.hellocabs&hl=en

Grab

နောက်ဆုံးတစ်ခုကတော့ စင်ကာပူအခြေစိုက် Grab တက္ကစီ၀န်ဆောင်မှု လုပ်ငန်းအကြောင်းပဲဖြစ်ပါတယ်။ Grab ဟာဆိုရင်တော့ အရှေ့တောင်အာရှမှာ အအောင်မြင်ဆုံး Taxi ၀န်ဆောင်မှု လုပ်ငန်းကြီးပဲဖြစ်ပါတယ်။ စင်ကာပူတင်မကဘဲ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်းနဲ့ ဗီယက်နမ်တို့မှာလည်း အောင်မြင်စွာ ၀န်ဆောင်မှုတွေ ပေးထားနိုင်ပါတယ်။ မြန်မာပြည်မှာတော့ Taxi ၀န်ဆောင်မှုများ အနည်းငယ်စတင်လည်ပတ်နေပြီး သိပ်မကြာခင်မှာတော့ အအောင်မြင်ဆုံးဖြစ်အောင် တိုးချဲ့လုပ်ကိုင်သွားမယ်လို့ ဆိုထားပါတယ်။

https://www.facebook.com/GrabMM/

အထက်မှာဖေါ်ပြခဲ့တဲ့ Taxi ၀န်ဆောင်မှုတွေရဲ့ Mobile Application တွေကို Google Play Store မှာ ဒေါင်းလုဒ်ရယူနိုင်ပါတယ်။ Application တွေကို လွယ်ကူစွာ Register ပြုလုပ်ပြီးအသုံးပြုနိုင်ပါတယ်။

လက်ရှိအချိန် ရန်ကုန်မြို့မှာ မီးရထားခရီးစဥ်တွေဟာ အကန့်အသတ်ဖြင့်သာ ရှိနေတာကြောင့် Bus, Taxi နဲ့ ကိုယ်ပိုင်ကားတွေကိုသာ အဓိကအားကိုးနေကြရတယ်။ ခုလိုမိုဘိုင်းလ်အပလီကေးရှင်းကတစ်ဆင့် Taxi ခေါ်ယူလို့ရတယ်ဆိုပေမယ့်လည်း တွင်ကျယ်လာဖို့အတွက်တော့ အချိန်အတိုင်းအတာတစ်ခုထိတော့ လိုပါလိမ့်မယ်။ လူအများစုကတော့ မိမိနဲ့သိကျွမ်းတဲ့ Taxi ယာဥ်မောင်းတွေကို ဖုန်းနဲ့ကြိုမှာတာတွေ(သို့) ရောက်တဲ့နေရာကနေ တားစီးသွားတာမျိုးတွေလောက်ပဲ ရှိနေပါသေးတယ်။ သို့သော်လည်း မီတာတက္ကစီတွေ မရှိသလောက်ဖြစ်နေတဲ့အချိန်မှာ ယာဥ်စီးခညှိနိုင်းမှုတွေ မလုပ်ချင်သူတွေအဖို့တော့ Mobile Application နဲ့ခေါ်ယူရတဲ့ Taxi တွေကိုအားကိုးလာနိုင်ပါတယ်။ အခုအချိန်မှာတော့ ယခင်ကတည်းကရှိပြီးသား မီတာတက္ကစီတွေနဲ့ နောက်မှပေါ်လာတဲ့ မိုဘိုင်းလ်အပလီကေးရှင်သုံးတက္ကစီတွေရဲ့ လူတွေကြား တွင်ကျယ်မှုကိုယှဥ်ကြည့်ရင်တော့ မတိမ်းမယိမ်းလောက်ပဲရှိနေပါသေးတယ်။