Taxi အဖြစ်အသုံးပြုမယ့် ရဟတ်ယာဉ်ငယ်

Image Source: https://www.celebritypix.us/celebrities

Lilium Jet လို့အမည်ပေးထားတဲ့ ဒီရဟတ်ယာဉ်ငယ်ဟာ လူငါးယောက်အထိစီးနှင်းပြီး တစ်နာရီကိုမိုင်(၂၀၀)နှုန်းနဲ့  ခရီးနှင်နိုင်မယ်လို့သိရပါတယ်။ Lilium Jet ကိုတီထွင်ရတဲ့ အကြောင်းရင်းကတော့ ကားလမ်းပိတ်ဆို့မှုကို ရှောင်လွှဲချင်လို့ပဲဖြစ်ပါတယ်။ ယခုသတင်းနဲ့ပက်သက်ပြီး ဒီလင့်ခ် ထဲက အချက်အလက် အပြည့်အစုံကို ဆက်လက်ဖော်ပြပေးပါမယ်။
Lilium Jet သည် ကားပျံတစ်စီးဖြစ်ပြီး တောင်ပံတစ်လျှောက်တွင် ပန်ကာ 36 ခုထိပါ၀င်ကာ သေးငယ်သော်လည်း ကုမ္ပဏီ၏ အဆိုအရ လူ 5 ယောက်အား တင်ဆောင်ကာ တစ်နာရီအတွင်း မိုင် 200 နီးပါး ပျံသန်းနိုင်သည်ဟု ဆို၏။ ထို့အပြင် Lilium Jet သည် ရဟတ်ယာဉ်များကဲ့သို့ ဒေါင်လိုက်အတက်အဆင်းပြုလုပ်သဖြင့် ပြေးလမ်းရှိရန်လည်း မလိုအပ်ချေ။ နမူနာပုံစံကို စမ်းသပ်ပျံသန်းခဲ့ပြီး လူများဝယ်ယူသုံးစွဲနိုင်ရန်အတွက်မူ အချိန်မရောက်သေးကြောင်း သိရသည်။
Lilium Jet စမ်းသပ်ပျံသန်းမှုမှာ အောင်မြင်ခဲ့ပြီး လူနှစ်ယောက်စီးနင်းနိုင်သော Eagle prototype မှာ လေထဲတွင် ၀ဲပျံနေသည့် hover mode မှ ရှေ့သို့ပျံသန်းမှုကိုလည်း အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည်။ ယခုအခြေအနေထိ ရောက်ရှိရန် ပျံသန်းမှုနှင့် ပတ်သက်၍ ခက်ခဲသောစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းခဲ့ရကြောင်း ယခုစမ်းသပ်အောင်မြင်မှုအရ ဒီဇိုင်းမှာ တွေးထားသကဲ့သို့ အလုပ်ဖြစ်ကြောင်းဆိုပြီး လူ 5 ယောက်လိုက်ပါနိုင်သော ကားပျံပုံစံအား စတင်ထုတ်လုပ်တော့မည်ဟု ဆိုသည်။ လူ 5 ယောက်လိုက်ပါနိုင်သော Lilium Jet သည် အငှားကားပျံအဖြစ် အသုံးပြုနိုင်မည်ဖြစ်သည်။
Lilium Jet ဖြင့် ခရီးသွားခြင်းသည် ကားထက် ငါးဆပိုမြန်မည်ဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့သော မြို့ကြီးများတွင် ယခုထက်ပို၍ အသုံးဝင်မည်ဖြစ်သည်။ မန်ဟက်တန်မှ နယူးယော့ခ်ရှိ JFK လေဆိပ်သို့သွားရန် 5 မိနစ်သာကြာပြီး ကားဖြင့်သွားပါက 55 မိနစ်ခန့် ကြာမည်ဖြစ်သည်။ Lilium Jet အတွက် လျှပ်စစ်ဂျက်အင်ဂျင်ကို သုံးထားပြီး ပိုမိုအသံဆိတ်ငြိမ်ကာ ဓာတ်ငွေ့များ ထုတ်လွှတ်ခြင်းလည်းမရှိဟု သိရသည်။