CB BANK ရဲ့ Online Card Settlement အကြောင်း

Image Source: http://www.cbbankmobile.com/About.aspx

မနေ့ကရောက်ခဲ့တဲ့ MYANMAR INTERNATIONAL ECOMMERCE EXPO 2017 ပွဲကြီးမှာ CB Bank ရဲ့ online card settlement အကြောင်း မိတ်ဆက်ပေးနေတဲ့ ကောင်တာနားသွားပြီး နားထောင်ကြည့်ခဲ့တယ်။

CB Bank ရဲ့ online card settlement system မှာတော့ Visa, Master, MPU ဆိုပြီး ကဒ်(၃)မျိုးကို အသုံးပြုလို့ရပါတယ်။ CB Bank ရဲ့ ကဒ် settlement ကို ၂၀၁၂ မှာစတင်ခဲ့ပြီး ယခုအခါမှာတော့ ကုမ္ပဏီပေါင်း တစ်ရာကျော်ဟာ ဒီ system ကိုအသုံးပြုနေကြပါပြီ။ MPU ဆိုတာက Myanmar Payment Unionရဲ့ အတိုကောက်ဖြစ်ပြီး မြန်နိုင်ငံရဲ့ အသုံးပြုမှုများတဲ့ဘဏ်က ပြုလုပ်တဲ့ Settlement organization ကိုဆိုလိုတာပါ။

CB Bank ရဲ့ online card settlement system ကိုသုံးမယ်ဆိုရင် ကုန်ကျစရိတ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

CB ရဲ့ online card settlement မှာတော့ Fixed ကြေးအနေနဲ့ ကနဦးကုန်ကျစရိတ် ဒေါ်လာ(၁၀၀) နဲ့လစဉ်ကြေး (၂၅) ဒေါ်လာကျသင့်မှာ ဖြစ်ပါတယ်။ variable ကုန်ကျစရိတ်ကတော့ MPUက Visa ,Master တို့နဲ့မတူပါဘူး။ MPU ကိုသုံးမယ်ဆိုရင် သက်မှတ်ကြေးရဲ့ ၁% ကိုနှုတ်ယူခံရပြီး ရောင်းအားရဲ့ ၄% ကိုပါ နှုတ်ယူခံရမှာကတော့ ကွာဟမှုများပါတယ်။ နောက်ပြီး user က card settlement ကိုလုပ်တဲ့အချိန်ကနေ ငွေထည့်ရမယ့် အချိန်ကိုတော့  MPU မှာ ၃ရက်၊ Master နဲ့ Visa ဆိုရင်တော့ (၇)ရက်ဆိုပြီး သက်မှတ်ထားပါတယ်။

MPU ဘက်က settlement fee ကပိုနည်းပြီး ငွေထည့်ရမဲ့အချိန်ကလည်း တိုတာကြောင့် system introduction  ဘက်ကနေကြည့်မယ်ဆိုရင် MPU ကိုသုံးတာ ပိုအဆင်ပြေပါမယ်။ အခုအချိန်ကနေစပြီး online ရဲ့ settlement က များလာမှာသေချာနေပြီး CB Bank  ရဲ့ online settlement ကိုအသုံးပြုသူတွေလည်း များလာမှာပါ။ Card holder တွေလည်း တိုးလာနေတဲ့အတွက် ကိုယ့်ကုမ္ပဏီရဲ့ website တို့ EC site တို့မှာ online settlement ကို  ပါဝင်ချင်တယ်ဆိုရင်တော့ CB Bank ကိုသွားပြီး ဆွေးနွေကြည့်စေချင်ပါတယ်။

(စျေးပွဲတော်ဆိုတော့ ဂီတသံတွေနဲ့ ဆူညံနေလို့ နားကြားလွဲပြီး ကျွန်တော့်ရဲ့တင်ပြချက်တွေထဲမှာ အချက်အလက် မှားယွင်းတာမျိုးလည်း ပါကောင်းပါနိုင်ပါတယ်၊ ပြီးတော့ ပေါ်လစီတွေကလည်း အချိန်နဲ့အညီပြောင်းလဲနိုင်ပြီး၊ အသုံးပြုသူအရေအတွက်လည်း ပြောင်းလဲမှု ရှိနိုင်တဲ့အတွက် ကိုးကားဖို့လောက်ပဲ သဘောထားစေချင်ပါတယ်။)