MPT မှ The Voice Myanmar Season 2 ၏ Winner ဆုကိုခန့်မှန်းနိုင်သူများအား SAMSUNG Galaxy ဖုန်းများချီးမြင့်မည်

ရက်သတ္တပတ်များစွာ ကြာမြင့်ခဲ့သည့် The Voice Myanmar Season 2 ၏ နောက်ဆုံး ဗိုလ်လုပွဲအဆင့်သို့ တက်လှမ်းနိုင်သူ ပြိုင်ပွဲဝင် (၄) ဦးသာ ကျန်ရှိနေပြီး Winner ရွေးချယ်ယှဉ်ပြိုင်မှုကို ၂၀၁၉ ခုနှစ် ဇွန်လ (၁၆) ရက် (တနင်္ဂနွေနေ့) တွင်ယှဉ်ပြိုင် ရမည်ဖြစ်ရာ Winner ရရှိသူအားခန့်မှန်းပြီး ဆုများချီးမြင့်သွားမည်ဖြစ်ကြောင်း MPT မှ သတင်းထုတ်ပြန်ထားသည်။

Photo Source –https://www.facebook.com/mptofficialpage/

၂၀၁၉ ခုနှစ် ဇွန်လ ၁၀ ရက်မှစတင်၍ The Voice Myanmar Season-2 ပရိသတ်များအနေဖြင့် The Voice Myanmar Season-2၏ အနိုင်ရရှိသူကို မှန်ကန်စွာခန့်မှန်းပြီး ဆုလက်ဆောင်အဖြစ် SAMSUNG Galaxy A30 ဖုန်းအသစ် (၃)လုံးကို ရယူနိုင်မည်ဖြစ်သည်။ Guess and Win ပြိုင်ပွဲကို MPT ၏ Facebook Page သို့ ဝင်ရောက်ပြီး မိမိတို့ခန့်မှန်းချက်များကို Winner အတွက် ၂၀၁၉ ဇွန်လ ၁၆ ရက် ည ၈နာရီ အထိ နောက်ဆုံးထား၍ ခန့်မှန်းမှုများကိုပေးပို့ရုံဖြင့် အစီအစဉ်တွင် အလွယ်တကူ ပါဝင်နိုင်မည်ဖြစ်ကြောင်းလည်းသိရသည်။

Photo Source –https://www.facebook.com/mptofficialpage/

MPT သုံးစွဲသူများအနေဖြင့်လည်း The Voice Myanmar Season-2 ၏ တရားဝင် Facebook စာမျက်နှာပေါ်ရှိ ညွှန်ကြားချက်များကို လိုက်နာရန်လိုအပ်မည်လည်းဖြစ်သည်။ ၂၀၁၉ခုနှစ် ဇွန်လ ၁၉ ရက်တွင် MPT မှ Guess and Win ပြိုင်ပွဲ၏ ပထမအပတ်နှင့်ဒုတိယအပတ်များတွင် မှန်ကန်စွာခန့်မှန်းနိုင်သည့် အနိုင်ရရှိသူ (၆) ဦးကို ကြေညာပေးသွား မည်ဖြစ်ပြီး အခြေအနေပေါ်မူတည်၍ တစ်ပတ်လျှင်မှန်ကန်စွာခန့်မှန်းနိုင်သူ (၃) ဦး ထက်ပိုမိုပါက ကျပန်းစနစ်ဖြင့် ရွေးချယ်၍ SAMSUNG Galaxy A30 ဆု လက်ဆောင်ကို ချီးမြှင့်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
MPT အသုံးပြုသူများအနေဖြင့် မိမိတို့ကြိုက်နှစ်သက်ရာ ပြိုင်ပွဲဝင်များကို မြန်မာနိုင်ငံ၏တေးသံရှင်အဖြစ် ပေါ်ထွန်းလာ စေရန် အွန်လိုင်း Voting Web Portal စနစ် နှင့် SMS Voting စနစ်များမှ တစ်ဆင့် Voting Package များဝယ်ယူ၍ မဲပေးနိုင် ရန်အတွက် ဆောင်ရွက်ပံံံ့ပိုးပေးထားပြီးဖြစ်ကြောင်းလည်းသိရသည်။

Photo Source –https://www.facebook.com/mptofficialpage/

MPT အသုံးပြုသူများအတွက် Package (၅) မျိုး ခွဲခြားပေးထားပြီး အနည်းဆုံးမဲအရေအတွက် (၁၀) ခု လျှင် (၂၆၃) ကျပ် မှစ၍ မဲအရေအတွက် ၁၀၀ လျှင် (၂၆၂၅) ကျပ် အထိသတ်မှတ်ပေးထားသည်။ MPT သုံးစွဲသူများအနေဖြင့် မဲအရေအတွက် ၁၀ ၊ ၂၀ ၊ ၃၀၊ ၅၀ နှင့် ၁၀၀ ဟူ၍ package များအားသင့်တင့်သောနှုန်းထားများဖြင့် ရွေးချယ်ဝယ်ယူနိုင်ကြမည်ဖြစ်သည်။ Voting Package ဝယ်ယူထားသော MPT အသုံးပြုသူများအနေဖြင့် နောက်ဆုံးဗိုလ်လုပွဲ၏ ပြိုင်ပွဲဝင်များထဲမှ မိမိကြိုက် နှစ်သက်သည့် ပြိုင်ပွဲဝင်များကို The Voice Myanmar ၏ အွန်လိုင်း Voting Web Portal ဖြစ်သော “https://thevoice.mptvote.com” မဲပေးနိုင်မည်ဖြစ်မည်ဖြစ်သလို SMS Voting ကိုအသုံးပြု၍လည်း မဲပေးနိုင်မည်ဖြစ်ကြောင်း လည်းသိရသည်။

Photo Source –https://www.facebook.com/mptofficialpage/

“ကျွန်တော်တို့အနေနဲ့ ရုပ်သံဖျော်ဖြေမှုသမိုင်းရဲ့ အထူးခြားဆုံးအချိန်ကာလတစ်ခုဖြစ်တဲ့ ယခုပြိုင်ပွဲအတွက် ပရိသတ်တွေရဲ့ အားပေးမှုပေါင်းများစွာနဲ့အတူ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်။ MPT ရဲ့အကျယ်ပြန့် ဆုံး 4G/LTE ကွန်ရက်နဲ့ အွန်လိုင်းကနေရော SMS ကနေမဲပေးနိုင်ဖို့ဆောင်ရွက်ပေးနိုင်တဲ့အတွက်လည်းအားရမိပါတယ်။ “Guess and Win” ပြိုင်ပွဲရဲ့ရည်ရွယ်ချက်ကလည်း MPT အသုံးပြုသူတွေကိုရော ပရိသတ်တွေကိုရော ယခုထက်ပိုမိုတဲ့ ပျော်ရွှင်မှုနဲ့စိတ်လှုပ်ရှားမှုတွေကိုသယ်ဆောင်လာပေးဖို့ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း မိမိတို့ကြိုက်နှစ်သက်တဲ့ ပြိုင်ပွဲ ဝင်တွေအပေါ် နောက်ဆုံးအဆင့်ယှဉ်ပြိုင်တဲ့အထိ SMS ကနေသော်လည်းကောင်း အွန်လိုင်းကနေသော်လည်းကောင်း အားပေးမှုတွေကိုပြသနိုင်မယ်လို့ ကျွန်တော်တို့လည်း မျှော်လင့်မိပါတယ်။ နောက်ဆုံးအဆင့် ဗိုလ်လုပွဲကိုတက်ရောက် ယှဉ်ပြိုင်မယ့် ပြိင်ပွဲဝင် (၄) ဦးနဲ့ အတူ Guess and Win ပြိုင်ပွဲမှာကံထူးမယ့် ကံထူးရှင် ပရိသတ်တွေကိုပါ ဂုဏ်ပြုပါတယ်။” ဟု MPT-KGSM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က ပြောကြားသွားခဲ့သည်။

Photo Source – https://www.facebook.com/thevoicemyanmar/

ယခုအပတ်တနင်္ဂနွေနေ့တွင် ယှဉ်ပြိုင်ကြရမည်ဖြစ်ကာ အနိုင်ရရှိသူမှာ ဆုငွေ ကျပ်သိန်း ၂၀၀၊ Ford Everest ကား အသစ်တစ်စီး နှင့် အတူ Universal Music မှ တစ်ကိုယ်တော်တေးစီးရီး ထုတ်လုပ်ပေးမည့် အခွင့်အရေးကိုလည်းရရှိ မည်ဖြစ်သည်။
သီဆိုယှဉ်ပြိုင်မည့်သူများမှာ-
(၁) Melody Khong – 55512 (Team Yan Yan Chan)
(၂) Paul Austin -55513 (Team R-Zar Ni)
(၃) Hazel – 55503 (Team NiNi Khin Zaw) နှင့်
(၄) Novem Htoo – 55506 (Team Kyar Pauk) တို့ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အသေးစိတ်အချက်အလက်များနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ ကိုသော်လည်းကောင်း MPT ၏တရားဝင် Facebook စာမျက်နှာ https://www.facebook.com/mptofficialpage/ သို့မဟုတ် MPT ၏ တရားဝင် ဝက်ဘ်ဆိုက် https://www.mpt.com.mm သို့ ဝင်ရောက်ကြည်ရှုလေ့လာနိုင်ပါသည်။