မြန်မာအမျိုးသမီးတို့၏ စိတ်ခွန်အားဖြည့်ဆည်းပေးနိုင်သည့် “ခင့်ကမ္ဘာ” ပေါ်တယ်ဝန်ဆောင်မှု MPT မှစတင်မိတ်ဆက်

မြန်မာအမျိုးသမီးတို့၏ စိတ်ခွန်အားနှင့်အခြားလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် ဗဟုသုတနှင့်ရသမျိုးစုံပေးစွမ်းနိုင် သော “ခင့်ကမ္ဘာ” ပေါ်တယ်ဝန်ဆောင်မှုကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင်စတင်မိတ်ဆက်ခဲ့ကြောင်းသိရသည်။
အဆိုပါဝန်ဆောင်မှုကို http://khintkabar.com တွင်ဝင်ရောက်ကြည့်ရှုနိုင်ပြီး ယနေ့ခေတ်ရေစီးကြောင်းအလိုက် အမျိုးသမီး များအတွက် ဗဟုသုတနှင့်ရသမျိုးစုံကိုပေးစွမ်းနိုင်ရန် ရည်ရွယ်ချက်ဖြင့်မိတ်ဆက်လိုက်ခြင်းဖြစ်ပြီး မြန်မာဘာသာဖြင့် အမျိုး သမီးအသက်အရွယ်အပိုင်းအခြားအားလုံး ဖတ်ရှုနိုင်မည်လည်းဖြစ်သည်။
“ခင့်ကမ္ဘာ” ပေါ်တယ်ဝန်ဆောင်မှုသည် MPTနှင့် မိုဘိုင်းလ်နှင့်ဝက်ဘ်ပေါ်တယ်များပေါ်မှ နည်းပညာနှင့်တယ်လီကွန်းဝန် ဆောင်မှုများ၊ ထပ်ဆောင်းဝန်ဆောင်မှုများ (VAS) ကိုဆောင်ရွက်ပေးနေသော CSS Technology ကုမ္ပဏီ တို့လက်တွဲ ဆောင်ရွက်ထားသည့် ဝန်ဆောင်မှုတစ်ခုဖြစ်ကြောင်းလည်းသိရသည်။

Photo Source – https://www.mpt.com.mm

အဆိုပါဝန်ဆောင်မှုသည MPT သုံးစွဲသူများအတွက် သီးသန့်စီစဉ်ထားခြင်းဖြစ်ကာ အမျိုးအစားစုံလင်လှသောဗဟုသုတ များနှင့် ရသမျိုးစုံကိုနေ့စဉ်စာရင်းသွင်းရယူအသုံးပြုနိုင်မည်လည်းဖြစ်သည်။ MPT ကွန်ရက်မှတစ်ဆင့် အဆိုပါပေါ်တယ် ဝန်ဆောင်မှုတွင် အမျိုးသမီးတို့၏ပင်ကိုယ်အရည်အသွေး၊ ဗဟုသုတများ၊ ရသမျိုးစုံ၊ပျော်ရွှင်မှု၊ အတွေးအခေါ်စသည်တို့ အတွက် အကျိုးပြုပေးနိုင်မည့် သတင်းအချက်အလက်များကိုဖော်ပြပေးထားသည်။ MPT အသုံးပြုသူများသည် ၎င်းဝန် ဆောင်မှုတွင် ကဏ္ဍ (၈) ခု ဖြစ်သည့် ဆောင်းပါးများ၊ ပျော်စရာ၊ ပရိုမိုးရှင်းများ၊ အချက်အပြုတ်၊ DIY၊ ဖက်ရှင်၊ အထွေထွေဗဟုသုတ နှင့် သီချင်းများစသည်တို့ကိုတစ်ရက်လျှင် ၉၉ကျပ် နှုန်းဖြင့်သက်သက်သာသာရယူအသုံးပြုနိုင်မည်ဖြစ်ကြောင်းလည်းသိရသည်။
အဆိုပါကဏ္ဍတွင်ကျန်းမာရေး၊အလှအပ၊အချစ်ရေး နှင့်အခြားသောပျိုမေတို့ကြိုက်နှစ်သက်သည့် ကိစ္စရပ်များစွာကို အထောက်အပံ့ပေးနိုင်မည့် ဗဟုသုတရဖွယ် အကြောင်းအရာများ၊ ရုပ်ပြဟာသများ၊ ဇာတာခွင်နှင့်တားရော့များ၊ ပျိုမေတို့အတွက် ကံကောင်းစေမည့် အရောင်၊ ဂဏန်း၊ နေ့ရက်နှင့် အချိန်၊အချစ်ရေးနှင့် လူမှုဆက်ဆံရေးကဏ္ဍများတွင် သင့်တော်ရာရွေးချယ်မှုများပြုလုပ်နိုင်ရန်ကူညီပေးမည့်အစီအစဉ်များ၊ ရန်ကုန်မြို့တွင်း ပစ္စည်းမှန်မှန်ဈေးတန်တန်ဖြင့်ရရှိနိုင်မည့် လျော့ ဈေးပေးနေသောနေရာများ၊ ပရိုမိုးရှင်းပွဲကျင်းပမည့်နေရာများ၊ အရှေ့တိုင်းနှင့်အနောက်တိုင်းဟင်းလျာများချက်ပြုတ် နည်းများ၊ မြန်မာ့ရိုးရာဟင်းလျာချက်ပြုတ်နည်းများ၊ အိမ်တွင်းမှုအနုပညာမြောက်လက်ရာများနှင့်နေ့စဉ်ဘဝတွင် လက်တွေ့အသုံးတည့်နိုင်စေမည့် လုပ်ဆောင်ရန်နည်းလမ်းများ၊ ဖက်ရှင်ရေစီးကြောင်းအလိုက်အဝတ်အစား၊ မိတ်ကပ်၊ ဆံပင်ပုံစံများနှင့် အသုံးအဆောင်ပစ္စည်းများ၊ အောင်မြင်ကျော်ကြားသူများ၏ ဘဝဇာတ်ကြောင်းများ၊လတ်တလာနှင့် မကြာမီရုံတင်မည့်ရုပ်ရှင်များ၊ သုတစာပေရသစာပေများ၊ ပြည်ပမှအနုပညာရှင်များ၏ဂီတအမျိုးအစားအစုံအလင်များကို ပါရှိ မည်လည်းဖြစ်သည်။

Photo Source – https://www.mpt.com.mm

ဝန်ဆောင်မှုကိုရယူလိုပါက 8440 သို့ “ON” ဟုစာတို (SMS) ပေးပို့ခြင်း(သို့မဟုတ်) MPTData/Wifi ကိုအသုံးပြု၍ http://khintkabar.com (သို့မဟုတ်) https://lotaya.mpt.com.mm/event/232 မှတစ်ဆင့် ဝင်ရောက်ပြီးအသုံးပြုနိုင်မည် ဖြစ်ကြောင်းသိရသည်။ စာရင်းသွင်းရယူပြီးနောက်တွင်လည်း လမ်းညွှန်ချက်အတိုင်းလုပ်ဆောင်သွားရမည် ဖြစ်သည်။
“ကျွန်တော်တို့အနေနဲ့ MPT မှာအလုပ်လုပ်နေကြတဲ့ အမျိုးသမီးတွေအပါအဝင် MPT သုံးစွဲသူ၂၃သန်းကျော်မှာပါဝင်နေတဲ့ အမျိုးသမီးတွေရဲ့ တန်ဖိုးကိုအသိအမှတ်ပြုတဲ့ အထိမ်းအမှတ်ဝန်ဆောင်မှုတစ်ခုဖြစ်လို့ ဝမ်းသာဂုဏ်ယူမိပါတယ်။ ငယ်ရွယ် တဲ့ အမျိုးသမီးတွေအနေနဲ့ တက္ကသိုလ် ကောလိပ်ပညာရေးတွေ၊ နိုင်ငံတကာကလေ့ကျင့်သင်ကြားမှုတွေနဲ့အတူ အလုပ်ခွင်ကိုပိုမိုပြီးဝင်ရောက်လုပ်ကိုင်လာတာနဲ့အညီ အလုပ်ခွင်နဲ့မိသားစုဘဝကိုချိန်ညှိနိုင်ဖို့အတွက် ကြိုးပမ်းလာကြတဲ့ သူတို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်စွမ်းနိုင်မယ့် ဝန်ဆောင်မှုတွေကိုအလေးထားပြီးပေးအပ်သွားနိုင်ဖို့ လိုအပ်တယ်လို့ ကျွန်တော်တို့ ယူဆမိပါတယ်။ ဒီကနေ့ မြန်မာအမျိုးသမီးတွေဟာသမရိုးကျ အမေတစ်ယောက်၊ သမီးတစ်ယောက် ဒါမှ မဟုတ်အိမ်ထောင်ရှင်မတစ်ယောက် အဖြစ်နဲ့ပဲဘဝကိုရိုးရိုးကြီး ဖြတ်သန်းနေကြတဲ့ခေတ် မဟုတ်တော့ပါဘူး။ တော်တော်များများဟာစီးပွားရေးလုပ်ငန်းရှင်တွေ၊ လုပ်ငန်းခွင်မှာအလုပ်ဝင်နေသူတွေ၊ပညာဝေမျှနေသူတွေ၊ ဥပဒေပြုနေသူတွေနဲ့ခေါင်းဆောင်တွေအဖြစ်သက်ဆိုင်ရာအသိုင်းအဝိုင်းမှာပါဝင်လာကြပြီဖြစ်ပါတယ်။ ခုဝန်ဆောင်မှုဟာ ကမ္ဘာကြီးကို ပျိုမေတွေနဲ့ချိတ်ဆက်ပေး၊ စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးပြီးပျိုမေတွေအနေနဲ့ ကဏ္ဍအစုံမှာအာရုံစိုက်လာနိုင်ဖို့အပြင်ကိုယ်ရွေးချယ်ထားတဲ့ နယ်ပယ်မှာ အောင်မြင်လာဖို့အတွက်လိုအပ်ချက်တွေကိုရော၊ သူတို့အတွက် ဖျော်ဖြေရေးတွေကိုပါ ထိထိရောက်ရောက် ပံ့ပိုးပေးမှာဖြစ်ပါတယ်” ဟု MPT-KGSM Joint operations ၏ Chief Commercial Officer ဖြစ်သူ Mr.Reizo Umeda က ပြောကြားသည်။
အဆိုပါ ဆောင်မှုနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ၁၀၆ သို့ဆက်သွယ်၍လည်းကောင်း Hotline နံပါတ် ၀၉၈၉၈၂၂၅၅၄၄ သို့ခေါ်ဆို၍လည်းကောင်း၊ MPT ၏ တရားဝင်ဖေ့စ်ဘုတ်စာမျက်နှာ https://www.facebook.com/mptofficialpage/ သို့ဝင်ရောက်ကြည့်ရှု၍သော်လည်းကောင်း MPT၏ တရားဝင်ဝက်ဘ်ဆိုက်https://www.mpt.com.mm သို့ဝင်ရောက်ကြည့်ရှု၍သော်လည်းကောင်း လေ့လာနိုင်ကြောင်းသိရသည်။