Facebook ကနေ မကြာခင်ဖြုတ်ချခံရတော့မယ့် Jobs Feature

User တွေအသုံးပြုရအဆင်ပြေဖို့နဲ့ လုပ်ဆောင်ချက်မျိုးစုံ ဖြည့်သွင်းပေးနေတတ်တဲ့ Facebook ဟာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကစပြီး သူ့ရဲ့ Jobs Tab ကိုဖြုတ်ချတော့မှာ ဖြစ်ပါတယ်။ Job Tab ဆိုတာကတော့ Facebook Page တွေမှာ အလုပ်ရှင်တွေက သူတို့အလုပ်မှာ လိုအပ်တဲ့ အလုပ်နေရာကို Job Description နဲ့ သေချာခေါ်ယူနိုင်တဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။ Page ထဲကိုဝင်လိုက်တာနဲ့ အလုပ်ခေါ်ထားတာကို တွေ့နိုင်သလို Like and Follow လုပ်ထားသူတွေလည်း Job Post တွေကို တွေ့ရမှာ ဖြစ်ပါတယ်။

ပြောင်းလဲမှုတွေနဲ့ပက်သက်ပြီး Facebook ရဲ့ Business Help Center မှာ ဖော်ပြပေးထားပါတယ်။ Jobs ဆိုတဲ့ Group Type ကို ထပ်တွေ့ရတော့မှာမဟုတ်ဘဲ General ထဲကိုရောက်သွားမှာ ဖြစ်ပါတယ်။ အရင်လို အလုပ်ခေါ်တဲ့ Post တွေကို Facebook က Job နေရာမှာ တင်လို့ရမှာမဟုတ်တော့ပါဘူး။ Job Function ကို Facebook Browser, Facebook Lite App နဲ့ Facebook Mobile Website (m.facebook.com/jobs) မှာ အလုပ်ရှင်အတွက်ကော အလုပ်ရှာတဲ့သူအတွက်ကော အသုံးပြုလို့ရတော့မှာ မဟုတ်ပါဘူး။ United States နဲ့ Canada မှာပဲ အရင်လိုအသုံးပြုလို့ရမှာ ဖြစ်ပြီး တစ်ခြားနေရာတွေမှာတော့ ဖော်ပြထားတဲ့ ပြောင်းလဲမှုတွေအတိုင်း ဖြစ်သွားမှာပါ။

United States နဲ့ Canada မှာရှိတဲ့ အလုပ်ရှင်တွေအနေနဲ့ကတော့ Job Function ကို အရင်လိုပဲဆက်လက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Page မှာရှိတဲ့ Manage Jobs ဆိုတဲ့နေရာကနေ Job Post တွေရဲ့ အသေးစိတ်တွေ ပြန်လည်ပြင်ဆင်တာတွေကို ဆက်လုပ်နိုင်မှာပါ။ အလုပ်ရှာတဲ့ သူတွေအနေနဲ့လည်း Job Function အသုံးပြုပြီး တင်ထားတဲ့ Job Post တွေကို မြင်နိုင်မှာဖြစ်သလို Apply Now နှိပ်ပြီးတော့လည်း လျှောက်ထားနိုင်ပါတယ်။

အသေးစိတ်အချက်အလက်တွေအတွက် အောက်မှာဖော်ပြထားတဲ့ Link ကနေဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

https://web.facebook.com/business/help/982945655901961?_rdc=1&_rdr