Meta မှ Profile များအတွက် Professional Mode ကိုမိတ်ဆက်

Facebook အနေနဲ့ Creator တွေအတွက် တစ်ခြား Page တစ်ခုဖန်တီးစရာမလိုဘဲ ပိုက်ဆံရှာဖွေနိုင်ဖို့ Professional Mode for Profile လုပ်ဆောင်ချက်ကို စတင်လိုက်ပြီ ဖြစ်ပါတယ်။ Professional Mode ကိုအသုံးပြုခွင့်ရမယ့် Creator တွေအနေနဲ့ ပိုပြီး ကောင်းမွန်တဲ့ ဝင်ငွေအခွင့်အလမ်းတွေအပြင် Audience တွေ ပိုတိုးပွားလာအောင် ပြုလုပ်နိုင်တဲ့ Tools တွေကို အသုံးချနိုင်မှာ ဖြစ်ပါတယ်။ 

Photo Source https://web.facebook.com/creators/professional-mode-for-profiles

Professional Mode မှာ ရရှိနိုင်မယ့် ပထမဆုံး ဝင်ငွေရှာဖွေနိုင်မယ့် လုပ်ဆောင်ချက်တစ်ခုကတော့ Reels Play Bonus Program ဖြစ်ပါတယ်။ Creator တွေဖန်တီးနေကျဖြစ်တဲ့ Engaging Video တွေကို တင်နိုင်မှာ ဖြစ်ပါတယ်။ ကြည့်ရှူတဲ့သူ အရေအတွက်ပေါ်မူတည်ပြီး ဝင်ငွေရရှိနိုင်မှာ ဖြစ်ပါတယ်။ Creator အနေနဲ့ အသုံးပြုဖို့ ဖိတ်ခေါ်ခံရမှ ဒီ Feature တွေကို အသုံးပြုနိုင်ဦးမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားတဲ့ Creator တွေအနေနဲ့လည်း Sign Up ပြုလုပ်ထားနိုင်သလို အသေးစိတ်ကိုလည်း Meta for Creators Blog မှာ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။ လတ်တလောမှာတော့ U.S မှာပဲ အသုံးပြုနိုင်ပေမယ့် နောက်နှစ်တွေမှာလည်း တစ်ခြား နိုင်ငံတွေမှာပါ အသုံးပြုလို့ရအောင် စီစဉ်သွားမယ်လို့ သိရပါတယ်။

Page တွေမှာလိုပဲ Professional Mode ကလည်း Post တင်တာ Audience တွေနဲ့ Insight တွေကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်တင်ခဲ့တဲ့ Post တွေရဲ့ Share, Reaction နဲ့ Comment အရေအတွက်တွေကို ကြည့်နိုင်မယ့် အပြင် Follower အတက်အကျကိုလည်း စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ Professional Mode ကို ဖွင့်ထားလိုက်တာနဲ့ Follow လုပ်ထားသူတိုင်း Public Content တွေကို သူတို့ရဲ့ Feed မှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်တိုင်ကလည်း ကိုယ်မျှဝေလိုက်တဲ့ Content တွေကို ဘယ်သူတွေမြင်ဖို့ဆိုပြီးလည်း ထိန်းချုပ် နိုင်ပါ သေးတယ်။ 

Photo Source https://web.facebook.com/creators/professional-mode-for-profiles

Page အသုံးပြုတဲ့ Creator အတွက်လည်း Professional Dashboard လို အသစ်အသစ်သော Feature တွေကို ထည့်သွင်းပေးသွားဦးမှာ ဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်တွေအတွက် အောက်မှာဖော်ပြထားတဲ့ Link မှဦ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://web.facebook.com/creators/professional-mode-for-profiles?_rdc=1&_rdr