မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံရှိ CB Bank သို့ ငွေလွှဲပေးပို့နိုင်သည့် CB Bank Merchantrade ငွေလွှဲဝန်ဆောင်မှုကို မိတ်ဆက်

မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံရှိ CB Bank သို့ လွယ်ကူလျင်မြန်စွာငွေလွှဲပေးပို့နိုင်သည့် CB Bank – Merchantrade ငွေလွှဲဝန်ဆောင်မှု ကို CB Bank မှ စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်းသိရသည်။
မလေးရှားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေသောသူများအနေဖြင့် မိသားစုထံသို့ ငွေလွှဲပေးပို့နိုင်ရန် CB Bank မှ Merchantrade ငွေလွှဲကုမ္ပဏီနှင့်ချိတ်ဆက်ပြီး ဝန်ဆောင်မှုပေးနေကြောင်းလည်းသိရသည်။
ငွေထုတ်ယူမည့်သူအနေဖြင့် ငွေလွှဲသူထံမှ ရရှိသော လျှို့ဝှက်နံပါတ် ၁၄ လုံး၊ မှတ်ပုံတင်မူရင်းတို့နှင့်တကွ နီးစပ်ရာ CB Bank ၏ ဘဏ်ခွဲများနှင့် CB Bank Agent များတွင် ထုတ်ယူနိုင်မည်ဖြစ်သည်။
လက်ရှိတွင် CB Bank Customer များအနေဖြင့် Old Account များမှ ငွေသားထုတ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန်အတွက် တိုကင်ကြိုတင်ရယူရန် မလိုအပ်ဘဲ ငွေသားထုတ်ယူနိုင်ရန် နယ်ဘဏ်ခွဲအချို့၌ စတင်ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ ဘဏ်ခွဲများ ဆက်လက် တိုးချဲ့ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း CB Bank မှ ထုတ်ပြန်ထားသည်။

Photo Source https://web.facebook.com/CBBankmyanmar

ထို့ကြောင့် ဘဏ်ခွဲများတွင် Individual Account ဖွင့်လှစ်ထားသော သူများအနေဖြင့် အဆိုပါဘဏ်ခွဲများတွင် တိုကင်မလိုဘဲ သတ်မှတ်ပမာဏအတိုင်း လွယ်ကူစွာငွေထုတ်ယူနိုင်မည်ဖြစ်သည်။ ထို့ပြင် အခြားဘဏ်ခွဲများတွင် တိုကင်ကြိုတင်ရယူ၍ ငွေသားထုတ်ယူခြင်းကိုလည်း ပုံမှန်အတိုင်း ဆက်လက်ဝန်ဆောင်မှုပေးလျက် ရှိကြောင်းသိရသည်။
ထို့ပြင် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို အင်တာနက်ရှိရုံနှင့် အချိန်နေရာမရွေး ရယူဆောင်ရွက်နိုင်မည့် iBanking ဝန်ဆောင် မှုကို CB Bank ရဲ့ဘဏ်ခွဲများတွင် ဖွင့်လှစ်နိုင်မည်လည်းဖြစ်သည်။ ထိုဝန်ဆောင်မှုတွင်တစ်ဦးတစ်ယောက်ချင်း အသုံးပြုနိုင်သော Personal iBanking နှင့် Corporate Customer များ၏ စီးပွားရေးလုပ်ငန်းတွေအတွက် Business iBanking ဆိုသော Internet Banking ဝန်ဆောင်မှုနှစ်မျိုးရှိသည်။
လက်ရှိတွင် အင်တာနက်ရှိရုံနှင့် ကွန်ပျူတာ၊ စမတ်ဖုန်း၊ တက်ဘလက်စတာများကိုသုံးကာ ဘဏ်ဝန်ဆောင်မှုများကို အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ CB Bank နှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များကို အောက်ပါ Link တွင် ဝင်ရောက်ကြည့် ရှု နိုင်ပါသည်။
https://web.facebook.com/CBBankmyanmar