ဂျပန်နိုင်ငံတွင် လစဉ်ကျင်းပလျက်ရှိသော Job Fair Event ကို တက်ရောက်ခြင်းဖြင့် ရရှိနိုင်သော အခွင့်အရေးနှင့်အကျိုးကျေးဇူးများအကြောင်း

ဂျပန်မှာရှိနေတဲ့ မြန်မာနိုင်ငံသူ/သားများအတွက် အလုပ်ရှာရာတွင်အထောက်အကူပြုစေရန်ရည်ရွယ်ပြီး ဂျပန်နိုင်ငံတိုကျိုမြို့ တွင် မြန်မာလူမျိုးများအတွက် Japan Myanmar Jobs Fair ကို ၂၀၂၂ ဇန်နဝါရီလ ၂၂ရက်နေ့(စနေနေ့)တွင် ကျင်းပမှာဖြစ်ပါတယ်။
ဘယ်သူမဆိုအလုပ်ရှာတဲ့အခါကျရင် Company information session ဆိုတဲ့ အလုပ်မိတ်ဆက်ပွဲဆိုတာမျိုးကို မတက်ဖြစ်တက်ကိုတက်သင့်ပါတယ်၊တက်ကိုတက်ရပါတယ်။ ဂျပန်မှာရှိနေကြတဲ့ နိုင်ငံခြားသားများရဲ့ အလုပ်ရှာသည့်ပုံစံ များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
၁၊ Job Fair တွေကိုတက်ပြီးမိမိနှင့်ကိုက်ညီမည့်အလုပ်ကိုရှာခြင်း။
၂၊ အလုပ်ရှာတဲ့ website ကနေရှာခြင်း။
၃၊ စီနီယာ/အသိများမှအလုပ်မိတ်ဆက်ပေးခြင်း။
၄၊ အလုပ်မိတ်ဆက်ပေးတဲ့ကုမ္ပဏီကနေရှာခြင်း။
၅၊ကျောင်းကဆရာတွေမိတ်ဆက်ပေးခြင်း၊ စသဖြင့်အလုပ်ရှာနည်းတွေအမျိုးမျိုးရှိကြပါတယ်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာကျင်းပမယ့် Japan Myanmar Jobs Fair ဟာဆိုရင်ဖြင့် အလုပ်ရှာနေသူများအနေဖြင့် လုံးဝကိုလက်မလွှတ်သင့်တဲ့ ပွဲတစ်ပွဲဖြစ်ပါတယ်။  Japan Myanmar Jobs Fair ကိုဘာကြောင့် လက်မလွှတ်သင့်ဘဲတက်ရမှာလဲဆိုတဲ့ အကြောင်းအရင်းများကတော့
Japan Myanmar Jobs Fair ကိုတက်ခြင်းအားဖြင့် အမျိုးမျိုးသော industry. corporate research တွေကိုလေ့လာလို့ရတယ်။ တချိန်ထဲတစ်နေရာထဲမှာပဲ ဘယ်လိုလုပ်ငန်းအမျိုးအစားတွေရှိလဲဆိုတာကိုလေ့လာလို့ရပါတယ်။ ခေါ်ယူနေတဲ့ Position တွေကိုလဲတစ်ချိန်ထဲမှာပင်လေ့လာလို့ရမှာဖြစ်ပါတယ်။

Photo Source https://web.facebook.com/Japan-Myanmar-Jobs-Knowledge-732800030159020/?ref=page_internal

မိမိက အိုင်တီအလုပ်ကိုလုပ်ချင်တယ်ဆိုရင်တောင်မှ အိုင်တီအလုပ်တွေထဲမှာ ထပ်ပြီးခွဲထားတဲ့အလုပ်တွေ များစွာရှိပါတယ်။ ဥပမာ Web (သို့မဟုတ်) android စသဖြင့် အိုင်တီအလုပ်မှာကိုမှခွဲထားတဲ့အလုပ်ပေါင်းများစွာရှိပါတယ်။ အဲဒီအလုပ်တွေထဲမှာက မိမိကဘယ်အလုပ်နဲ့ကိုက်ညီမလဲဆိုတာတွေ၊ ဘယ်အလုပ်ကမိမိအနာဂါတ်တက်လမ်း အတွက်ပိုကောင်းမယ်ဆိုတာတွေက ကုမ္ပဏီပေါ်မူတည်ပြီးတော့လဲကွဲပြားပါသေးတယ်။
ယခုပွဲကို တက်ရောက်ခြင်းအားဖြင့် မိမိစိတ်ဝင်စားနေတဲ့ကုမ္ပဏီက ဘယ်လိုအလုပ်မျိုးကို အဓိကထားပြီးလုပ် တာလဲဆိုတာကို လေ့လာလို့ရနိုင်ပါတယ်။ ဒါတင်မကသေးဘဲ တစ်နေရာထဲမှာတင် ကုမ္ပဏီပေါင်းသုံးလေးခုလောက် တက်ရောက်လေ့လာနိုင်တာမို့ မိမိနဲ့ကိုက်ညီမယ့်အလုပ်ကိုမှ မိမိအနာဂါတ်အတွက်ပိုမိုအဆင်ပြေနိုင်မယ့် ကုမ္ပဏီကို ရွေးချယ်နိုင်ခြင်း၊ လစာတွေခံစားခွင့်တွေကို ချိန်ဆနိုင်ခြင်း၊ စတဲ့ကောင်းတဲ့အချက်တွေများစွာရှိနိုင်တဲ့အတွက် တက်ဖြစ် အောင်ကိုတက်သင့်ပါတယ်။
ဒါ့အပြင် လက်ရှိအလုပ်လုပ်ကိုင်လျှက်ရှိတဲ့ ကုမ္ပဏီဝန်ထမ်းတွေကို တိုက်ရိုက်တွေ့ဆုံစကားပြောနိုင်တဲ့အချက်က အဓိကအ ရေးအကြီးဆုံးအချက်ဖြစ်ပါတယ်။ စကားပြောရတာလေးကို ဘာကြောင့်အရေးကြီး တယ်လို့ပြောရတဲ့အကြောင်းပြချက် ရှိပါတယ်။ အဲဒါကတော့ မိမိဝင်ချင်တဲ့ကုမ္ပဏီမှာ အလုပ်ရနိုင်ဖို့အတွက် ဘယ်လို Entry လုပ်ရမလဲ။ ဘာတွေကိုပြင်ဆင် သင့်ပါသလဲ။ အင်တာဗျူးတဲ့အခါကျရင်ရော ဘာတွေကိုအဓိကထားပြီး အင်တာဗျူးပါသလဲ။ ဘယ်လိုအချက်တွေကို ကြည့်ပါသလဲ။မိမိက ဒီကုမ္ပဏီကိုဝင်နိုင်ဖို့အတွက်ဘာတွေကိုပြင်ဆင်သင့်ပါသလဲ စတာတွေကိုသိရှိနိုင်မှာဖြစ်ပါတယ်။
အဲဒါကြောင့် အလုပ်ရနိုင်ဖို့အတွက် အမျိုးမျိုးသော information တွေကို စုဆောင်းနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ Japan Myanmar Jobs Fair လိုမျိုးကို လုံးဝလက်မလွှတ်ဘဲတက်သင့်ပါတယ်။ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ မြန်မာလူမျိုးများအတွက် Myanmar Job Fair ကို ၂၀၂၂ ဇန်နဝါရီလ ၂၂ရက်နေ့(စနေနေ့)တွင် ကျင်းပမှာဖြစ်ပါသည်။
JOB FAIR သို့ လာရောက် ဆင်နွှဲမည့် မည်သူမဆို ဖော်ပြပါEntry Form ကိုမဖြစ်မနေဖြည့်ရန်လိုအပ်ပါသည်။
https://docs.google.com/…/1FAIpQLSe0IeHTfodjcf…/viewform
အသေးစိတ်ကို JOB FAIR Web Site တွင်လည်းကြည့်ရှုနိုင်ပါတယ်။
https://mingalavalue.jp/contents/Jobfairevent10