Mobile Power Bank အနေဖြင့်လည်းအသုံးပြုနိုင်ပြီး Funtouch OS 9.2 က Android 9 ကို အခြေခံထားတဲ့ Vivo Y19 စမတ်ဖုန်း

မြန်မာကျပ်ငွေ သုံးသိန်းပတ်ဝန်းကျင်သာရှိပြီး အကောင်းဆုံးဆိုတဲ့ vivo စမတ်ဖုန်းတွေထဲမှာ vivo Y19 ကလည်း တစ်ခုအပါ အဝင်လည်းဖြစ်ပါတယ်။ တလက်လက် လင်းလက်နေတဲ့ အရောင်ဒီဇိုင်းကြောင့်လည်း vivo Y19 စမတ်ဖုန်းရဲ့အလှကို အဓိ ကပေါ်လွင်နေစေတာလည်းဖြစ်ပါတယ်။ Y19 ကိုယ်ထည်ကို သဘာဝရဲ့ မှော်ဆန်လှတဲ့ အရောင်တွေနဲ့ စိတ်ကူးပုံဖော်ထားပါတယ်။ ရှုထောင့်တစ်ခုချင်းစီက မတူညီတဲ့ အရောင်ပြေးလေးတွေနဲ့ လင်းလက်တောက်ပမှုလေးတွေကို မြင်တွေ့နိုင်ပါတယ်။ 3D ကိုယ်ထည်ရဲ့ သိမ်သိမ်မွေ့မွေ့ ကောက်ကြောင်းလေးတွေက တင့်တယ်မှုတွေကို ချဲ့ထွင်ပေးနိုင်ပြီး ကိုင်ရတဲ့အခါ သက်သောင့်သက်သာ ဖြစ်နေစေမှာ ဖြစ်ပါတယ်။
Y19 AI Triple ကင်မရာစနစ်ကို ပင်မကင်မရာ 16MP, 2MP macro ကင်မရာနဲ့ bokeh လုပ်ဆောင်မှုနဲ့အတူ 8MP super wide-angle ကင်မရာတို့နဲ့ ပေါင်းစပ်ထားပါတယ်။ မိမိတို့ရဲ့ နေ့စဉ်ဘဝမှာ လိုအပ်နေတဲ့ ပုံရိပ်တိုင်းအတွက် ဓာတ်ပုံ features တွေက ဖြည့်ဆည်းပေးဖို့ အသင့်ပါပဲ။ ဘယ်လို နေရာဒေသမျိုးပဲဖြစ်ဖြစ် အလှပဆုံး ပုံရိပ်တွေကို ခလုတ်လေးတစ် ချက်နှိပ်ရုံနဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။

Photo Source https://www.vivo.com/mm

ကမ္ဘာကြီးရဲ့ သေးငယ်တဲ့ အရာဝတ္ထုလေးတွေရဲ့ လျို့ဝှက်ချက်လေးတွေကို Super Macro နဲ့ ခံစားနိုင်မှာလည်းဖြစ်ပါတယ်။ Y19 က ဘဝရဲ့ အစိတ်အပိုင်း သေးသေးလေးတွေကို ကြည်လင်ပြတ်သားတဲ့ အမြင် ပေးစွမ်းနိုင်ပါတယ်။ ပန်းပွင့်လေးတွေရဲ့ သွေးကြောလေးတွေနဲ့ ပိုးကောင်သေးလေးတွေကစလို့ အသေးစား အရာဝတ္ထုလေးတွေနဲ့ ပုံစံငယ်လေးတွေကို ရှုစားနိုင်မှာ ဖြစ်ပါတယ်။ (Super Macro Camera ၏ အနိမ့်ဆုံး နီးကပ်နိုင်သည့် အကွာအဝေးသည် ၄ စင်တီမီတာ ဖြစ်သည်။)
AI Face Beauty ပါဝင်တဲ့ 16MP အရှေ့ကင်မရာက သင့်ဘဝရဲ့ တောက်ပလွန်းတဲ့ အချိန်တွေကို အားစိုက်ထုတ်စရာ မလိုဘဲ ရရှိအောင် ကူညီပေးနိုင်ပါတယ်။ မိမိမျက်နှာရဲ့ အလှတရားကို AI Face Beauty နဲ့ ချဲ့ထွင်နိုင်ပါတယ်။ မျက်နှာသွင်ပြင်ကစလို့ အသားအရောင်အထိ ခလုတ်လေးတစ်ချက်နှိပ်ရုံနဲ့ ရရှိနိုင်လို့ သင်လိုချင်တဲ့ အနေအထားကို စိတ်ကြိုက်ပြောင်းလဲနိုင်မှာလည်းဖြစ်ပါတယ်။
Vivo Y19 မှာပါဝင်တဲ့ Pose Master ကတော့ ကိုးရိုးကားယား ဓာတ်ပုံတွေကို တောက်ပလာအောင်လုပ်ဖို့ အခွင့်အရေးတစ်ခုပါပဲ။ လူအများကြား မှာ စတိုင်မိုက်မိုက်ပုံတွေ ရိုက်ကူးနိုင်ဖို့ လမ်းညွှန်မှုအတိုင်းသာ လုပ်ဆောင်ရမှာလည်းဖြစ်ပါတယ်။ AI Makeup ကလည်း အမျိုးမျိုးသော သွင်ပြင်တွေ ရရှိဖို့အတွက် မိတ်ကပ်အသစ်တွေကို ချက်ချင်း ခြယ်သနိုင်ပါတယ်။ ဒါ့အပြင် လှပမှုတွေ ဖန်တီးပေးမယ့် စတိုင်အမျိုးမျိုးကို ထည့်သွင်းထားပါတယ်။ (Album ဓာတ်ပုံများအတွက် After-effects ကိုသာ ထည့်သွင်းပေးထားသည်)
Y19 ကို Mobile Power Bank အနေနဲ့ လည်း ပြောင်းလဲအသုံးပြုနိုင်ပါသေးတယ်။ သင့်သူငယ်ချင်းနဲ့ အပြင်သွားတဲ့အခါ သူတို့ရဲ့ ဘက်ထရီတွေ အားမခံရင် အခြား အားပြင်သွင်းဖို့ သင့်ရဲ့ Y19 ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ (OTG Cable လိုအပ်သည်)
ဂိမ်းဆော့သည်ဖြစ်စေ Video တွေ ကြည့်သည်ဖြစ်စေ ဒါမှမဟုတ် သင့်ရဲ့ ဆိုရှယ်ကမ္ဘာကြီးမှာ အထစ်အငေါ့မရှိ ပျော်ရွှင်မှုတွေရရှိစေဖို့အတွက် memory အပြည့်အဝကိုလည်း ထောက်ပံ့ပေးထားပါသေးတယ်။ မိမိလိုအပ်တဲ့ ဓာတ်ပုံ၊ ရုပ်ရှင်နဲ့ သီချင်းတွေကို စိတ်ကြိုက်ထည့်သွင်းနိုင်မှာလည်းဖြစ်ပါတယ်။

Photo Source https://www.vivo.com/mm

Voice Changer လုပ်ဆောင်ချက်ကတော့ Team ကလူတွေနဲ့ chat တဲ့အခါ မိမိရဲ့အသံကို ပြောင်းလဲနိုင်ပါသေးတယ်။ ဒါကြောင့် မိမိရဲ့လုံခြုံရေးကိုလည်း မထိခိုက်အောင် ကာကွယ်နိုင်ပါတယ်။ နောက်ဆုံး Funtouch OS 9.2 က Android 9 ကို အခြေခံထားပြီး အသစ်ဖန်တီးထားတဲ့ GUI က hi-tech နဲ့ hi-speed ကို ထောက်ပံ့ပေးထားပါတယ်။
Octa-core processor ကတော့ များပြားတဲ့ memory နဲ့ Dark Mode တို့လို feature တွေက ချောမွေ့တဲ့ အထိအတွေ့ တွေကို ပေးစွမ်းနိုင်ပါတယ်။ အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.vivo.com/mm