Samsung ၏ နောက်ဆုံးပေါ် Galaxy Z Fold6, Z Flip6 အပါအဝင် အခြား Galaxy ထုတ်ကုန်များ၏ လုပ်ဆောင်ချက်များနှင့် Pre-Order အကျိုးခံစားခွင့်များ

Samsung မှ စွမ်းဆောင်ရည်မြင့် Galaxy AI နည်းပညာ ပါဝင်သည့် ထုတ်ကုန်သစ်များဖြစ်သော Galaxy Z Fold6, Z Flip6, Watch7, Buds3, Buds3 Pro တို့အား ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့က Galaxy Unpacked အခမ်းအနားကြီးမှတစ်ဆင့် ကမ္ဘာတစ်ဝှမ်းရှိ ပြည်သူများထံ မိတ်ဆက်ပေးပြသခဲ့သည်။ Samsung အနေဖြင့် ယခုနှစ်အစပိုင်း၌ Galaxy AI နည်းပညာ အသုံးပြု၍ Mobile AI ခေတ်သစ်ကို ဖော်ဆောင်ခဲ့ကြပြီး ယခုတစ်ဖန် အဆင့်မြှင့်တင်ထားသည့် Galaxy AI အသုံးပြုနိုင်သော ပထမဆုံး Foldable ဖုန်းစီးရီးကို ပြည်သူများထံ မိတ်ဆက်ပေးလိုက်ခြင်းဖြစ်သည်။ အဆင့်မြှင့်တင်ထားသည့် AI နည်းပညာနှင့် ခေတ်ရှေ့ပြေးသည့် Galaxy Z စီးရီးအသစ်တို့၏ ပေါင်းစပ်မှုကြောင့် တမူထူးခြားကောင်းမွန်သည့် မိုဘိုင်းအတွေ့အကြုံများအား သုံးစွဲသူများထံ ပေးအပ်နိုင်တော့မည့်ဖြစ်သည်။

အသစ်ထွက်ရှိလာသည့် Galaxy Z Series အသစ်သည် ပါးလွှာပေါ့ပါးပြီး သယ်ဆောင်ရလွယ်ကူသည့်အပြင် စွမ်းဆောင်ရည်မြင့် Snapdragon 8 Gen3 for Galaxy ပါဝင်သည့်အတွက် သုံးစွဲသူအတွေ့အကြုံအားလည်း အဖက်ဖက်က ပိုမိုကောင်းမွန်စေမည်ဖြစ်သည်။ အဆင့်မြှင့်တင်ပေးထားသည့် Galaxy AI မှလည်း သုံးစွဲသူ၏ ဖန်တီးနိုင်စွမ်း၊ အလုပ်လုပ်နိုင်စွမ်း ပိုမိုတိုးတက်စေရန် ထောက်ပံ့ပေးနိုင်မည်ဖြစ်ပြီး Armor Aluminum နှင့် Corning Gorilla Glass Victus 2 ကြောင့် ဖုန်း ကြံ့ခိုင်မှုပိုင်းတွင်လည်း ပိုမိုအား‌ကောင်းလာမည် ဖြစ်သည်။ ထို့အပြင် ဖုန်းအပူချိန်လျှော့ချပေးနိုင်ရန်အတွက် Vapor Chamber အား Galaxy Z Fold6 ၌ ပိုမိုကြီးမားသည့် အရွယ်အစားအနေဖြင့်လည်းကောင်း၊ Galaxy Z Flip6 ၌ ပထမဆုံးအနေဖြင့်လည်းကောင်း ထည့်သွင်းပေး လိုက်သည်။

Image: Samsung

အမြင့်မားဆုံးသော AI စွမ်းဆောင်ရည်ကို ကြီးမားကျယ်ပြန့်သော မျက်နှာပြင်ပေါ်တွင် ရယူအသုံးပြုနိုင်မည့် Galaxy Z Fold6

Galaxy Z Fold6 ၏ Note Assist လုပ်ဆောင်ချက်က မှတ်စုအနေဖြင့် မှတ်သားထားမှုများကိုဖြစ်စေ၊ အသံသွင်းပြောဆိုမှုများကိုဖြစ်စေ ဘာသာပြန်ခြင်း၊ အကျဥ်းချုပ်ခြင်းတို့ကို လုပ်ဆောင်ပေးနိုင်မည့်အပြင် PDF ဖိုင်များမှ စာများကိုပါ PDF overlay translation လုပ်ဆောင်ချက်ဖြင့် အလွယ်တကူ ဘာသာပြန်ပေးနိုင်မည် ဖြစ်သည်။ ထို့အပြင် မှတ်စုစာများအား ရုပ်ပုံ သို့မဟုတ် Graph များအဖြစ်ကိုပါ ပြောင်းလဲပေးနိုင်မည် ဖြစ်ပြီး Sketch to Image လုပ်ဆောင်ချက်အသစ်၏ အကူအညီဖြင့် Galaxy Z Fold6 ၏ မျက်နှာပြင်ကျယ်ပေါ်တွင် S-Pen နှင့် ရေးခြစ်မှတ်သားထားမှု ပုံကြမ်းများအား ပိုမိုပြီးပြည့်စုံသော ရုပ်ပုံအဖြစ်သို့လည်း ပြောင်းလဲသိမ်းဆည်း နိုင်မည် ဖြစ်သည်။

ထို့အပြင် Email နှင့် Social Media Apps များပေါ်တွင် စာရေးသားသည့်အခါ မိမိယခင်ဖြေကြားနေကြ ပုံစံအတိုင်း ခန့်မှန်းရေးသားချက်များအား ပြသပေး နိုင်မည့် Composer လုပ်ဆောင်ချက် အသစ်ကိုလည်း Galaxy Z Fold6 တွင် ထည့်သွင်းပေးထားသည်။ နောက်ဆုံးထွက် Google Gemini app နှင့် Galaxy Z Series တို့၏ ပေါင်းစပ်မှုကြောင့် မိမိသိရှိလိုသည့် အကြောင်းအရာအား ဝိုင်းလိုက်ရုံဖြင့် Circle to Search လုပ်ဆောင်ချက်နှင့် မူလ အက်ပလီကေးရှင်း ဖွင့်လျက်ကပင် ဖုန်းတစ်ဖက်ခြမ်း၌ အဆိုပါရှာဖွေမှုဆိုင်ရာ ရလဒ်များအား တစ်ချိန်တည်း ကြည့်ရှုနိုင်မည် ဖြစ်သည်။

Image: Samsung

Interpretor လုပ်ဆောင်ချက်က မိမိပြောဆိုသည့်အကြောင်းအရာဆိုင်ရာ ဘာသာပြန်ဆိုမှုများကို ဖုန်း၏ ပင်မမျက်နှာပြင်နှင့် ရှေ့မျက်နှာပြင် ၂ ဖက်လုံးတို့၌ အချိန်နှင့်တပြေးညီ ပြသပေးသည့်အတွက် ဘာသာစကား မတူသူများနှင့် ပြောဆိုဆက်ဆံရာ၌ များစွာအထောက်အကူပြုနိုင်မည်ဖြစ်သည်။ ထို့အပြင် လူကြိုက်များသည့် Live Translate လုပ်ဆောင်ချက်ကိုလည်း သာမန်ဖုန်းခေါ်ဆိုမှုများတွင်သာမက အခြားသော လူသုံးများသည့် Third Party အက်ပလီကေးရှင်းများတွင်ပါ အသုံးပြုနိုင်အောင် စီစဥ်ပေးထား သည်။

Galaxy Z Fold6 ၏ AI-powered ProVisual Engine က ရုပ်ပုံရိုက်ကူးမှုမှသည် Edit ပြုလုပ်ခြင်းအထိ ဖန်တီးနိုင်စွမ်းများကို အကောင်းဆုံး မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။ Photo Assist က ဖုန်းမျက်နှာပြင်ကျယ်ပေါ်၌ ပရော်ဖယ်ရှင်နယ်အဆင့် ဖန်တီးမှုများပြုလုပ်နိုင်စေရန် ကူညီပေးနိုင်မည်ဖြစ်ပြီး Portrait Studio ဖြင့် 3D Cartoon များ၊ ရေဆေးပန်းချီများအား ဖန်တီးသွားနိုင်မည့် အပြင် ရိုက်ကူးထားသော ဗီဒီယိုများကိုလည်း Instant Slow-mo လုပ်ဆောင်ချက်ဖြင့် အသေးစိတ် ခွဲခြမ်း ကြည့်ရှုသွားနိုင်မည် ဖြစ်သည်။

သူမတူသော Gaming Experience များအား ရရှိစေရန်အတွက်လည်း Galaxy Z Fold6 တွင် 1.6 ဆအထိ ပိုမိုကြီးမားလာသည့် Vapor Chamber အား ထည့်သွင်းပေးထားပြီး ကြည်လင်ပြတ်သားပြီး ပြင်ပလောကနှင့် ထပ်တူကျစေမည့် ပုံရိပ်များအားရရှိစေမည့် Ray Tracing လုပ်ဆောင်ချက်ကိုလည်း ကြီးမားကျယ်ပြန့်သော 7.6” မျက်နှာပြင်တွင် ထည့်သွင်းပေးထားသည်။

Image: Samsung

သူမတူသော အသုံးပြုမှုအတွေ့အကြုံနှင့် ကိုယ်ပိုင် စိတ်တိုင်းကျ ဖန်တီးနိုင်စွမ်းများအား ပေးအပ်သွားမည့် Galaxy Z Flip6

အဆင့်မြှင့်တင်ထားသော 3.4” Super AMOLED FlexWindow နှင့် Galaxy Z Flip6 တွင် မြောက်များစွာသော AI လုပ်ဆောင်ချက်များနှင့် Widgets များအပြင် စာတိုပေးပို့မှုများအား မိမိဖြေကြားနေကြ ပုံစံအတိုင်း အလိုအလျောက် ပြန်လည်ဖြေကြားပေးနိုင်မည့် Suggested Replies၊ အချိန်နှင့် ရာသီဥတုအလိုက် wallpaper အလိုအလျောက် ပြောင်းပေးနိုင်သည့် Photo Ambient၊ အမိုက်စားဓာတ်ပုံများအား ဖမ်းယူနိုင်မည့် Flex Cam၊ မိမိနှင့် ဖုန်းကြား အကွာအဝေးအလိုက် အလိုအလျောက် ချုံ့ခြင်း၊ ချဲ့ခြင်းပြုလုပ်ပေးနိုင်သည့် Auto Zoom အစရှိသည့် နေ့စဉ်လူနေထိုင်မှု အဆင့်အတန်းကို တစ်ဆင့်တိုးမြှင့်ပေးနိုင်သည့် စွမ်းဆောင်ရည်မြင့် လုပ်ဆောင်ချက်များစွာကိုလည်း ထည့်သွင်းပေးထားသည်။

Image: Samsung

Galaxy Z Flip6 အား ပိုမိုကြာရှည်ခံစွာ အသုံးပြုနိုင်စေရန်အတွက် ဘက်ထရီပိုင်းနှင့်ပတ်သက်၍ အထူး အဆင့်မြှင့်တင်မှုများ ပြုလုပ်ပေးထားပြီး ကင်မရာလုပ်ဆောင်ချက်အနေနှင့် 50MP Wide နှင့် 12MP Ultra-wide sensor တို့အဖြစ် တိုးမြှင့်ထည့်သွင်းပေးထားသည့်အပြင် Nightography လုပ်ဆောင်ချက်၊ HDR လုပ်ဆောင်ချက်တို့ ပါဝင်သည့်အတွက် ကြည်လင်ပြတ်သားမှု့အရှိဆုံး ရုပ်ပုံနှင့် ဗီဒီယိုများကို ရိုက်ကူးနိုင်မည် ဖြစ်သည်။

နောက်ဆုံးပေါ် Galaxy Z Fold6 နှင့် Z Flip6 စမတ်ဖုန်းများတွင် Security ပိုင်းအတွက် Samsung ၏ ကိုယ်ပိုင် Samsung Knox လုံခြုံရေးစနစ်ကို အသုံးပြုပေးထားသည့်အပြင် Galaxy AI Setting မှတစ်ဆင့် မိမိကိုယ်ရေးကိုယ်တာ အချက်အလက်များကို ပိုမိုပြီး အပြည့်အဝထိန်းချုပ်ကာကွယ် ထားနိုင်မည်ဖြစ်သည်။ ထို့အပြင် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်း သည့်အနေနှင့် ပြန်လည်အသုံးပြုနိုင်သည့် (Recycled) ရွှေနှင့်ကြေးနီကို ပထမဆုံးအကြိမ်အဖြစ် အသုံးပြု ပေးထားသသည့်အပြင် အဆိုပါ နောက်ဆုံးပေါ် Foldable စမတ်ဖုန်းများအား OS Upgrades မျိုးဆက် ၇ ခုအထိနှင့် Security Updates ၇ နှစ်အထိ တိုးမြှင့်နိုင်စေရန်လည်း လုပ်ဆောင်‌ပေးထားသည်။

Image: Samsung

နောက်ဆုံးထွက် Galaxy ထုတ်ကုန်သစ်များအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ကနေ ၃၀ ရက်နေ့အတွင်း Pre-Order အထူးဈေးနှုန်းများဖြစ်သည့် Galaxy Z Fold6 အား ၈,၅၈၅,၀၀၀ ကျပ် ဖြင့်လည်းကောင်း၊ Galaxy Z Flip6 အား ၅,၅၅၅,၀၀၀ ကျပ် ဖြင့်လည်းကောင်း၊ Watch7 (44mm) အား ၁,၄၉၉,၀၀၀ ကျပ် ဖြင့်လည်းကောင်း၊ Watch7 (40mm) အား ၁,၃၆၉,၀၀၀ ကျပ် ဖြင့်လည်းကောင်း၊ Buds3 အား ၇၀၀,၀၀၀ ကျပ် ဖြင့်လည်းကောင်း၊ Buds3 Pro အား ၉၇၅,၀၀၀ ကျပ် ဖြင့်လည်းကောင်း မှာယူနိုင်မည့်အပြင် အောက်ပါ အထူးအကျိုးခံစားခွင့်များအားလည်း ထပ်ဆောင်းပေးအပ်သွားမည်ဖြစ်သည်။

Pre Order ကြိုတင်မှာယူနိုင်မှုနဲ့ အထူးအကျိုးခံစားခွင့်များ 

  • RAM 256 GB ရှိသည့် Galaxy Z Fold6 သို့မဟုတ် Z Flip6 ဝယ်ယူခြင်းအတွက် RAM 512 GB သို့ Storage နှစ်ဆ အခမဲ့မြှင့်တင်ပေးခြင်း
  • 25W Travel Adapter အား လက်ဆောင်ထည့်သွင်းပေးခြင်း
  • Galaxy Z Fold6 စမတ်ဖုန်းအား ကြိုတင်မှာယူသူများအတွက် Slim S-Pen Case နဲ့ Galaxy Z Flip6 စမတ်ဖုန်းကို ကြိုတင်မှာယူသူများအတွက် Silicon Case with Ring အား လက်ဆောင်ထည့်သွင်းပေးခြင်း
  • လက်ရှိကိုင်ဆောင်နေသည့် ဖုန်းနှင့် လဲလှယ်ဝယ်ယူပါက ဖုန်းဟောင်းတန်ဖိုးအပြင် ၅၀၀,၀၀၀ ကျပ်အထိ ထပ်ဆောင်းပေးမည့် Trade-In Discount
  • အရှေ့မှန် မျက်နှာပြင် မတော်တဆ ထိခိုက်ခြင်းအတွက် ၇၀% နှင့် အနောက်ကိုယ်ထည် ထိခိုက်ခြင်းအတွက် ၁၀၀% သက်သာခွင့်များအား ၁၈ လအတွင်း ခံစားခွင့်ရမည့် Samsung Care+
  • Ooredoo နဲ့ ATOM ဆင်းမ်ကတ် ကိုင်ဆောင်သူများ အနေနှင့် ရရှိနိုင်မည့် Bundle Benefits
  • AYA PAY, CB Bank Credit Card တို့နှင့် ဝယ်ယူပါက ၉ လအထိ အတိုးမဲ့အရစ်ကျ ဝယ်ယူနိုင်ခွင့် စသည်တို့အပြင်
  • Galaxy Z Fold6 သို့မဟုတ် Z Flip6 နှင့် အတူ Galaxy Watch7, WatchFE, Buds3, Buds3 Pro, စသည့် အခြား wearable ထုတ်ကုန်များ တွဲဖက်ဝယ်ယူပါက ၃၅% အထိ သက်သာခွင့်ကို ထပ်မံရရှိသွားမည်ဖြစ်သည်။

Image: Samsung

Samsung Galaxy ထုတ်ကုန်သစ်များအား မှာယူလိုသူများအနေနှင့် http://smsng.co/GalaxyZseries-pre-social ၌ စာရင်းသွင်းမှာယူနိုင်ပါသည်။ အသေးစိတ်ထပ်မံသိရှိလိုပါက မြန်မာနိုင်ငံတစ်ဝှမ်းရှိ Samsung Showroom များနှင့် အရောင်းကိုယ်စားလှယ်ဆိုင်ကြီးများ၊ Samsung Myanmar ၏ တရားဝင် Website နဲ့ Facebook စာမျက်နှာများ၌ ဝင်ရောက်ကြည့်ရှု မေးမြန်းနိုင်ပါသည်။