Samsung စမတ်ဖုန်းချစ်သူတွေ သိထားသင့်တဲ့ Samsung S Series စဖုန်းတွေရဲ့ လျှို့ဝှက်ချက်များ

Samsung ရဲ့ နောက်ဆုံးထွက်စမတ်ဖုန်းတွေထဲက လူကြိုက်များနေတဲ့ စမတ်ဖုန်းတွေထဲမှာ Samsung S Series စမတ်ဖုန်း တွေလည်းအပါအဝင်ဖြစ်ပါတယ်။ ဖုန်းသွင်ပြင်လက္ခဏာနဲ့ အဆင့်မြင့်နည်းပညာတွေကို အသုံးပြုထုတ်လုပ်ထားခြင်းကြောင့် လည်း Samsung စမတ်ဖုန်းချစ်သူတွေအတွက် စွဲမက်စရာ စမတ်ဖုန်းအမျိုးအစားတွေပါပဲ။ မိမိတို့ ကိုယ်တိုင်က Samsung စမတ်ဖုန်းချစ်သူတစ်ယောက်ဆိုရင်တော့ အခုထွက်ရှိထားတဲ့ Samsung S Series စမတ်ဖုန်းအကြောင်းတွေကို ပြည့်ပြည့်စုံ စုံသိရှိထားသင့်တာအမှန်ပဲဖြစ်ပါတယ်။

Photo Source https://www.facebook.com/SamsungMyanmar

Samsung S22 Series တွေမှာ S22, S22 +, S22 Ultra ဆိုပြီး ၃ မျိုးထွက်ထားပါတယ်။ Samsung Galaxy S22 Series စမတ်ဖုန်းများဟာ Samsung သမိုင်းကြောင်း တစ်လျှောက် Galaxy S Series စွမ်းဆောင်ရည်အပြင် Galaxy Note Series လုပ်ဆောင်နိုင်စွမ်းများအား ပထမဦးဆုံးအကြိမ် ပေါင်းစပ်ခြင်းဖြစ်ပါတယ်။ နောက်ဆုံးပေါ် Galaxy S22 Series ရဲ့ စွမ်းဆောင်ရည် အမြင့်မားဆုံးသော စမတ်ဖုန်းမော်ဒယ်ဖြစ်သည့် Galaxy S22 Ultra မှာတော့ အဆင့်မြှင့်တင်ထားသော Samsung ၏ အမှတ်သင်္ကေတ S Pen ကိုလည်း တစ်ပါတည်း ထည့်သွင်းပေးထားပါတယ်။
Samsung S Series မှာနည်းပညာပိုင်းဆိုင်ရာ ဘယ်လိုမျိုးတွေ ထည့်သွင်းထုတ်လုပ်ထားလဲဆိုတော့တော့ စာဖတ်သူတွေ နားလည်လွယ်အောင် တစ်ခုချင်းစီ ရှင်းပြပေးပါ့မယ်။
GALAXY S22 ULTRA စမတ်ဖုန်းမှာတော့ သပ်ရပ်တောက်ပလှသည့် CorningⓇ GorillaⓇ Glass Victus+ သတ္တုကိုယ်ထည်တွင် ကင်မရာမှန်ဘီလူးများအား တစ်သားတည်း ချောမွေ့ပြေပြစ်စွာ ထည့်သွင်း တည်ဆောက်ထားပါတယ်။ ထို့အပြင် S series devices များတွင်ပထမဆုံး အကြိမ်အဖြစ် S Pen ကိုစတင်အသုံးပြု လာနိုင်မည် ဖြစ်သည့်အတွက် မှတ်စုရေးမှတ်ခြင်းနှင့် ပုံဆွဲခြင်းကဲ့သို့သော လုပ်ဆောင်ချက်များအား ယခင်ထက် 70 ရာခိုင်နှုန်း lower Latency ဖြင့် နှောင့်နှေးမှုမရှိ အသုံးပြုသွားနိုင်မှာဖြစ်ပါတယ်။ Galaxy S22 Ultra စမတ်ဖုန်း မှာ အသုံးပြုထားသော Dynamic AMOLED 2X adaptive 120Hz မျက်နှာပြင်သည် အမြင့်မားဆုံး အလင်းပမာဏအဖြစ် 1,750 nits အထိ ထုတ်လွှတ်ပေးနိုင်စွမ်းရှိပြီး အသေးစိတ် ပုံရိပ်များကိုပင် အံ့အားသင့်ဖွယ် ကြည်လင်ပြတ်သားမှု အပြည့်ဖြင့် ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။ စွမ်းဆောင်ရည်မြင့်ကျောဘက်ကင်မရာ ၄ လုံးနှင့်အတူ ညအမှောင်ထဲတွင်ပင် ကြည်လင်ပြတ်သားမှု အပြည့်ရှိသော ပုံရိပ်များကို ရိုက်ကူးနိုင်သည့် nightography၊ အဆ ၁၀၀ အထိ အနီးကပ်ဆွဲယူရိုက်ကူးနိုင်သော 100 x Zoom လုပ်ဆောင်ချက်များ၊ AI ပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုများကြောင့် အလင်းရောင်နည်းပါးသည့် အချိန်တွင်လည်း ရိုက်ကူးသွားနိုင်မည့် အပြင် ရိုက်ကူးပြီးသော ဓါတ်ပုံများကိုလည်း ပရော်ဖက်ရှင်နယ် တစ်ယောက်ကဲ့သို့ စိတ်တိုင်းကျ ပြုလုပ် ဖန်တီးနိုင်မှာဖြစ်ပါတယ်။ နောက်ဆုံးပေါ် 4mn processor, စွမ်းဆောင်ရည်မြင့် 5,000 mAh ဘက်ထရီနှင့် 45W Super-Fast Charging အားသွင်းစနစ်များဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် အတွက် ဂိမ်းဆော့သည့်အခါတွင် ဖြစ်စေ၊ Streaming ပြုလုပ်သည့်အခါတွင်ဖြစ်စေ၊ သို့မဟုတ် အလုပ်လုပ်ကိုင်ရာတွင် ဖြစ်စေ တစ်နေ့တာလုံး စိုးရိမ်စရာ မရှိပဲ အမြင့်မားဆုံးသော ပြိုင်ဖက်ကင်း စွမ်းဆောင်ရည်များနှင့် လုပ်ဆောင်သွားးနိုင်စေရန် ကူညီပေးသွားနိုင်မှာလည်းဖြစ်ပါတယ်။

Photo Source https://www.facebook.com/SamsungMyanmar

Galaxy S22 and S22+ စမတ်ဖုန်းများကိုတော့ ဉာဏ်ရည်မြင့် image processing စနစ်ပါရှိသည့် dynamic ကင်မရာများဖြင့် ဖွဲ့စည်းတည်ဆောက်ပေးထားသည့်အတွက် အမှတ်တရ အခိုက်အတန့်တိုင်းအား လက်လွတ်မခံပဲ အကောင်းဆုံး ရိုက်ကူးသိမ်းဆည်းထားနိုင်မှာဖြစ်ပါတယ်။ ညဖက်ရိုက်ကူးနိုင်သော Nightography လုပ်ဆောင်ချက်များနှင့် Adaptive Pixel နည်းပညာများပါဝင်သော ကင်မရာများက ညအမှောင်မှာပင် အလင်းရောင်ပိုမိုရရှိစေနိုင်ပြီး အသေးစိတ်ပုံရိပ်များနှင့် မှန်ကန်တိကျသောအရောင်များကို ရိုက်ကူးပုံဖော် ပေးနိုင်မှာဖြစ်ပါတယ်။ Galaxy S22 နှင့် S22+ စမတ်ဖုန်း ၂ မျိုးလုံးတွင် စွမ်းဆောင်ရည်မြင့် ကင်မရာ ၃ လုံး (50MP main camera, 10MP tele-lens, နှင့် 12MP ultra-wide lens) တို့ကို ထည့်သွင်းတည်ဆောက်ထားသည့်အတွက် အရည်သွေးမြင့် ပုံရိပ်များအား အချိန်မရွေး ရိုက်ကူးသွားနိုင် မှာဖြစ်ပါတယ်။ Galaxy S22 နှင့် S22+ စမတ်ဖုန်း ၂ မျိုးစလုံးတွင် Dynamic AMOLED5 2X မျက်နှာပြင်ကို အသုံးပြုထားသည့် အတွက် ဂိမ်းဆော့ရာတွင်ဖြစ်စေ၊ ရုပ်ရှင်ကြည့်ရှုရာတွင် ဖြစ်စေ အကောင်းမွန်ဆုံး ခံစားချက်များအား ရရှိစေမည် ဖြစ်သည်။ Galaxy S22 နှင့် S22 + စမတ်ဖုန်းများတွင် အရည်အသွေးမြင့် 6.1” မျက်နှာပြင် နှင့် 6.6” မျက်နှာပြင်များ အား အသီးသီး အသုံးပြုပေးထားသည့်အပြင် ပြင်ပတွင်ရှိသော အလင်းရောင် ပမာဏအပေါ် မူတည်၍ အလိုအလျောက် ချိန်ညှိပေးနိုင်ပြီး Color Contrest ကိုပါမြှင့်တင်ပေးနိုင်သော ဉာဏ်ရည်မြင့် Vision Booster နည်းပညာကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။ ဒါ့အပြင် Galaxy စမတ်ဖုန်းများတွင် ပထမဦးဆုံးအကြိမ်အဖြစ် စွမ်းဆောင်ရည်မြင့် 4nm processor အား အသုံးပြုပေးထားသည့်အတွက် Galaxy S22 နှင့် S22+ စမတ်ဖုန်းများသည် အလုပ်ခွင်တွင် ဖြစ်စေ၊ နေအိမ်တွင်ဖြစ်စေ အလုပ်အရှုပ်ဆုံးအချိန်များ၌ပင် လုပ်ငန်းဆောင်တာများအား အဆင်ပြေလွယ်ကူမှု အပြည့်ဖြင့် ပြီးမြောက်အောင် ကူညီလုပ်ဆောင်ပေးသွားနိုင်မှာ ဖြစ်ပါတယ်။ Galaxy S22 စမတ်ဖုန်းမှာ တစ်နေ့တာလုံး အသုံးခံသော 3,700 mAh ဘက်ထရီနှင့် 25W Fast Charging အားသွင်းစနစ်အား ထည့်သွင်းပေးထားပြီး Galaxy S22+ စမတ်ဖုန်းမှာတော့ စွမ်းဆောင်ရည်မြင့်မားသော 4,500 mAh ဘက်ထရီနှင့် 45W Super-Fast Charging အားသွင်းစနစ်များအား ထည့်သွင်းပေးထား သည့်အတွက် တစ်နေ့တာလုံး ပူပန်ကြောင့်ကျမှုမရှိ စိတ်တိုင်းကျ အသုံးပြုသွား နိုင်မှာဖြစ်ပါတယ်။
Samsung S Series စမတ်ဖုန်းတွေဟာ အသေးစိတ် ရိုက်ကူးပုံဖော်နိုင်မယ့် Cinematic detail၊ ပြင်ပလောကနှင့် တစ်ထပ်တည်းတူညီသည့် portrait ပုံရိပ်ရိုက်ကူးနိုင်မှု၊ ပရော်ဖက်ရှင်နယ်အဆင့် ဗီဒီယိုနဲ့ကင်မရာ စွမ်းဆောင်ရည်၊ ညခင်းပုံရိပ်များအား ကြည်လင်ပြတ်သားစွာ ရိုက်ကူးနိုင်မည့် nightography၊ ကမ္ဘာ့အမြန်ဆုံး 4nm AP processor၊ စွမ်းဆောင်ရည် အမြင့်မားဆုံး ကြာရှည်ခံမှုနှင့် ဘက်ထရီ 5000 mah စတဲ့အားသာချက်တွေအဓိကပါဝင်ပါတယ်”ဟု Samsung Myanmar ၏ Head of Business Group ဖြစ်သူ ကိုဇာနည်ဝင်းထက်က ပြောကြားပါတယ်။
S22 နဲ့ S22 Plus စမတ်ဖုန်းတွေအတွက် အစိမ်း၊ အဖြူ၊ အနက် အရောင်၃ရောင်ရရှိနိုင်မှာဖြစ်ပါတယ်။ S22 Ultra အတွက် အစိမ်း၊ အဖြူ၊ အနက် အပြင် Burgandy အရောင် ပါဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ ဈေးနှုန်းတွေအနေနဲ့ကတော့ Samsung Galaxy S22 က 2025000 ကျပ်၊ Samsung Galaxy S22 Plus က 2475000 ကျပ်၊ Samsung Galaxy S22 Ultra ကတော့ 2999000 ကျပ်တို့ဖြစ်ပါတယ်။ ဒါ့အပြင် Samsung S series စမတ်ဖုန်းအနေနဲ့ အမျိုးအစား ၁၃မျိုး နဲ့ tablet series တွေအတွက် အမျိုး အစား ၈ မျိုးထွက်ရှိထားပြီးဖြစ်ပါတယ်။

Photo Source https://www.facebook.com/SamsungMyanmar

“Samsung S series စမတ်ဖုန်းတွေဟာဖုန်းဈေးကွက်မှာ သုံးစွဲသူတွေရဲ့ စိတ်ကျေနပ်မှုကို အပြည့်အဝရရှိထားပါတယ်။ S22 နဲ့ S22 Plus series တွေ အတွက် ဆန်းသစ်စမတ်ကျတဲ့ အရောင်အသစ်တစ်မျိုးကိုလည်း မကြာခင်မိတ်ဆက်သွားမှာဖြစ်ပါတယ်” ဟု Samsung Myanmar ၏ Head of Business Group ဖြစ်သူ ကိုဇာနည်ဝင်း ထက် ကဆက်လက်ပြောကြားပါတယ်။
Samsung S series စမတ်ဖုန်းတွေအားလုံးကို တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့တစ်ပြိုင်နက်တည်း စတင်မိတ်ဆက်ပြီးရောင်းချတာဖြစ်ပါတယ်။ Samsung S Series ရဲ့ အဓိကအားသာချက်တစ်ခုကတော့ Camera & Performance ပဲဖြစ်ပါ တယ်။
“၂၀၂၂ နောက်နှစ်ဝက်မှာတော့ Samsung ရဲ့နောက်ဆုံးပေါ် flagship series စမတ်ဖုန်းတွေအပြင် အခြား series စမတ်ဖုန်းတွေလည်း မိတ်ဆက်သွားဖို့ရှိပါတယ်။ သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့၊ နေထိုင်မှုပုံစံ မြှင့်တင်ပေးနိုင်နဲ့ နောက်ဆုံးပေါ် အဆင့်မြင့်နည်းပညာတွေကိုပေးအပ်နိုင်ဖို့စဉ်ဆက်မပြတ်လုပ်ဆောင်လျှက်ရှိပါတယ်။ အနာဂတ်မှာလည်း ပိုမိုတီထွင် ဆန်းသစ်ပြီး အဆင်ပြေချောမွေ့မှုရှိစေမယ့် နည်းပညာအသစ်တွေနဲ့ ထုတ်ကုန်အသစ်တွေကို မိတ်ဆက်ပေးဦးမှာမို့လို့ ဆက်လက်စောင့်စားအားပေးကြပါဦးလို့ ပြောချင်ပါတယ်”ဟု Samsung Myanmar ၏ Head of Business Group ဖြစ်သူ ကိုဇာနည်ဝင်းထက်က ပြောကြားခဲ့ပါတယ်။