Fiber to the Home (FTTH) ဆိုတာဘာလဲ

Fiber to the Home (FTTH) ဆိုတာကတော့ နေအိမ်၊ တိုက်ခန်း၊ အဆောက်အအုံနဲ့ စီးပွားရေးလုပ်ငန်းတွေလို အဆောက်အဦးတွေကို Fiber အသုံးပြုပြီး မြင်နှုန်းမြင့်အင်တာနက်တွေ ထောက်ပံ့ပေးတဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။ နေရာတော်တော်များများမှာ အသုံးပြုနေတဲ့ နည်းပညာတွေနဲ့ ယှဉ်ရင်တော့ FTTH တွေက ကွန်ပြူတာနဲ့ ချိတ်ဆက်ပြီး ဆက်သွယ်မှုအမြန်နှုန်းတွေကို သိသိသာသာတိုးတက်လာစေမှာ ဖြစ်ပါတယ်။ 

Photo source https://bit.ly/31MCFs5

ဖုန်းလိုင်းတွေကနေ အင်တာနက်အသုံးပြုတဲ့ နည်းပညာဖြစ်တဲ့ Digital Scriber Line (DSL)  နည်းပညာနဲ့ သဘောတရားချင်းတူပြီးတော့ ဝါယာကြိုးတွေအစား Fiber ကြိုးတွေကို အသုံးပြုတာ ဖြစ်ပါတယ်။ DSL တွေထက်လည်း အဆ ၂၀ ကနေ ၁၀၀ အထိမြန်တာဖြစ်ပါတယ်။ သတင်းအချက်အလက်တွေကို သတင်းအနေနဲ့ သယ်ဆောင်တဲ့အစား ပိုပြီးမြန်ဆန်မှုရှိအောင်လို့ အလင်းအနေနဲ့ သယ်ဆောင်တာလည်း ဖြစ်ပါတယ်။

ကြိုးမဲ့နည်းပညာ အသုံးပြုပြီးတော့ အင်တာနက်ချိတ်ဆက်မယ်ဆိုရင် အသုံးပြုသူတွေများလာတာနဲ့ အမျှ မြန်နှုန်းတွေကျပြီး နှေးလာနိုင်ပါတယ်။ Fiber ကတော့ ဒီလိုမျိုးနှေးသွားမှာ မဟုတ်ပါဘူး။ အကွာအဝေးများသွားလေလေ ကြိုးမဲ့စနစ်က အားနည်းသွားလေလေဖြစ်ပါတယ်။ အသုံးပြုတဲ့နေရာနဲ့ ကြိုးမဲ့လွင့်စက်က ဝေးနေရင်တော့ အင်တာနက်လိုင်းကလဲ ကောင်းမှာမဟုတ်ပါဘူး။ Fiber အင်တာနက်ကတော့ point to point ချိတ်ဆက်တဲ့အတွက် ရှိနေတဲ့နေရာအထိ လိုင်းကျခြင်း လိုင်းမငြိမ်ခြင်းတွေမရှိပါဘူး။ အကြမ်းခံနိုင်ပြီးတော့ မိုးရာသီရောက်ပြီဆိုရင်လည်း ကြိုးမဲ့စနစ်တွေက လိုင်းကျတတ်တာတွေ ဖြစ်တတ်ပါတယ်။ Fiber ကတော့ ရာသီဥတုဒဏ်ခံနိုင်ပါတယ်။ 

Photo source Myanmar Tech Press

ကြိုးမဲ့အင်တာနက်စနစ်တွေဟာ ဒေတာအသုံးပြုမှုကန့်သတ်တာ ဒါမှမဟုတ် သတ်မှတ်ထားတဲ့ GB ကျော်ရင်လိုင်းနှေးသွားတယ်ဆိုတဲ့ ကန့်သတ်ချက်တွေရှိပါတယ်။ Fiber အင်တာနက်ကတော့ ဒေတာဘယ်လောက်သုံးသုံး တစ်ကယ်ကို Unlimited Data ဖြစ်ပါတယ်။ ကြိုးမဲ့စနစ်ရဲ့ အားသာချက်ကတော့ လိုင်းမိနေတဲ့ ဘယ်နေရာကိုသွားသွား အင်တာနက်သုံးလို့ရနေမှာ ဆိုပေမယ့် Fiber ကတော့ မိမိချိတ်ဆက်တပ်ဆင်ထားတဲ့ နေရာမှာပဲ စိတ်ကြိုက်အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။