Content Management System (CMS) Platforms များအကြောင်း (၂)

CMS နည်းပညာ ဆိုတာကတော့ အခြေခံအားဖြင့် Website တစ်ခုမှာ ပါဝင်တဲ့ လုပ်ဆောင်ချက်တွေ အချက်အလက်တွေကို Website ရေးသားနည်း မတတ်ကျွမ်းဘဲ သာမာန် အသုံးပြုသူတွေ ဖန်တီးနိုင်အောင် စီမံထားတဲ့ နည်းပညာ တစ်ခုဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Dynamic website တစ်ခုကို coding တွေ အများကြီး မရေးဘဲ အလွယ်တကူ ဖန်တီးနိုင်မှာဖြစ်ပါတယ်။ CMS ကိုယ်တိုင် ဟာလည်း အမှန်တော့ web app တစ်ခုဘဲဖြစ်ပါတယ်။ သူ့မှာ front end နဲ့ back end ကဲ့သို့သော interface နှစ်ခုပါဝင်မှာဖြစ်ပါတယ်။ Front end ဆိုတာကတော့ user တွေအသုံးပြုမယ့် interface ဖြစ်ပြီးတော့ backend ဆိုတာကတော့ Website ရဲ့ content တွေကိုစီမံနိုင်တဲ့ management interface တစ်ခုဖြစ်ပါတယ်။ Backend management ပိုင်းကိုတော့ permission ရှိတဲ့ web master ကသာ အသုံးပြုနိုင်အောင် password protect လုပ်ထားမှာဖြစ်ပါတယ်။ Individual မဟုတ်ဘဲ Team အနေနဲ့ လဲ စီမံနိုင်မှာဖြစ်ပေမယ့် authority ပေးထားဖို့တော့ လိုအပ်ပါတယ်။

Phtoto Source https://web.facebook.com/RainbowTechnology.Myanmar/?ref=page_internal

CMS တွေက အဓိကအားဖြင့် content ကဲ့သို့သော အချက်အလက်များစီမံနိုင်ခြင်း၊ User Account များစီမံနိုင်ခြင်း၊ Content Meta လို့ခေါ်တဲ့ category များ tag များ စီမံနိုင်ခြင်း၊ design layout များစီမံနိုင်ခြင်း၊ page များ post များ ကို လွယ်ကူမြန်ဆန်စွာ စီမံနိုင်ခြင်း၊ အစရှိတဲ့ အရေးပါတဲ့ လုပ်ဆောင်ချက်များစွာကို စီစဉ်ပေးထားလေ့ရှိပါတယ်။
CMS တွေကို developers ပေါင်းများစွာက နှစ်ပေါင်းများစွာ အသုံးပြုလာခဲ့ကြပြီး လိုအပ်ချက်များကို ပြုပြင်လာခဲ့ကြတဲ့အတွက် သူတို့လောက် ပြည့်စုံကောင်းမွန် တဲ့ စနစ်တစ်ခုကို ဖန်တီးဖို့ဆိုရင် အချိန် ငွေ လုပ်အား များစွာ ပေးဆပ်ရမှာဘဲဖြစ်ပါတယ်။ လုံခြုံရေးပိုင်း၊ ပြုပြင်ထိမ်းသိမ်းရလွယ်ကူမှု အပိုင်း၊ စွမ်းဆောင်ရည်ပိုင်း တွေမှာ ဘက်စုံအောင်လုပ်ရတာ မလွယ်ကူလှတဲ့အတွက် ဒီလို့ အသင့် သုံးလို့ရတာတွေကို ထိရောက်အောင် ရယူသုံးစွဲနိုင်ခြင်းဟာလည်း အားသာချက် တစ်ရပ်ဖြစ်လာပါတယ်။
ဒီနေရာမှာ website နဲ့ web app ကိုရောထွေးတတ်ကြပါတယ်။ CMS တွေဆိုတာ content based website အမျိုးမျိုးကို တည်ဆောက်ရာမှာ အသုံးဝင်ပေမယ့် App တွေ customized function တွေ structure တွေနဲ့ app တွေကို ဖန်တီးရာမှာတော့ ကိုယ်တိုင်ရေးသားသည်ဖြစ်စေ၊ web app framework တွေကိုသုံး၍ဖြစ်စေ တည်ဆောက်ယူကြ ရမှာဘဲဖြစ်ပါတယ်။
(၁) Joomla
Joomla ဟာလည်း ရေပန်းစား တဲ့ CMS တွေထဲက တစ်ခုဘဲဖြစ်ပါတယ်။ WordPress ပြီးရင် အလွယ်တကူ သုံးလို့ရမဲ့ အသုံးပြုမှုများတဲ့ CMS ဘဲဖြစ်ပါတယ်။ သူတို့ နှစ်ခုဟာ ဆိုရင် community အရမ်းကောင်းပါတယ်။ မတူညီတဲ့ template တွေ extension တွေ များစွာ ရွေးနိုင်မှာဖြစ်ပါတယ်။ သူလည်း wordpress ကဲ့သို့ platform ကို free သုံးနိုင်မှာဖြစ်ပါတယ်။ Joomla ကိုတော့ August 2005 မှာ စတင် announce လုပ်ခဲ့ပါတယ်။ Joomla အတွက် host လုပ်လို့ရတဲ့ hosting ဝန်ဆောင်မှုတွေလည်း များစွာရှိပါတယ်။ ပေါ့ပေါ့ပါးပါး မဟုတ်တဲ့ website တွေ ရေးချင်ရင် joomla ကိုရွေးသင့်ပါတယ်။ Developer အတွက် ရည်ရွယ်ထားတယ်ဆိုပေမဲ့ code တစ်ကြောင်း မှ မရေးဘဲ အလွယ်တကူ တည်းဖြတ်နိုင် ဖန်တီးနိုင်ပါတယ်။ အထူးသဖြင့် eCommerce အတွက် option များစွာ ပါလို့ Joomla နဲ့ eCommerce site တွေရေးသားနိုင်မှာဖြစ်ပါတယ်။ Joomla အကြောင်းအသေးစိတ်ကို joomla.org မှာ လေ့လာနိုင်ပါတယ်။

Phtoto Source https://web.facebook.com/RainbowTechnology.Myanmar/?ref=page_internal

(၂) Drupal
ပြီးရင် နောက်ထပ် popular ဖြစ်တာက drupal ဘဲဖြစ်ပါတယ်။ Drupal ဟာလည်း open source platform တစ်ခုပါဘဲ။ University တွေရဲ့ website တွေ The Economist လိုမျိုး site တွေကို drupal နဲ့ရေးထားတာဘဲဖြစ်ပါတယ်။ Drupal ကို အချက်အလက်အများကြီး ကိုင်တွယ်ရမယ့် စီမံခန့်ခွဲ ရမယ့် အဆင့်မြင့် site တွေဆို အရမ်းကောင်းတဲ့ platform ဘဲဖြစ်ပါတယ်။ ။ WordPress နဲ့ နှိုင်းယှဉ်း ကြည့်မယ်ဆိုရင် သူ့မှာလည်း မတူညီတဲ့ features တွေပါဝင်ပါတယ်။ Drupal ဟာလည်း WordPress တို့ Joomla တို့လို open source ဖြစ်တဲ့ အတွက် အပြန်အလည် ကူညီပေးမယ့် community တွေအများကြီးရှိပါတယ်။ Website ရဲ့လိအြပ်တာတွေ တခြားလိုအပ်တာတွေကို ထည့် သွင်းတဲ့အခါ အနည်းငယ် ရှုပ်ထွေးနိုင်တဲ့အတွက် အခုမှ စရေးမယ့်သူတွေအတွက် အလွယ်တကူ စရေးနိုင်တဲ့ WordPress လို platform မျိုးတော့မဟုတ်ပါဘူး။ Drupal နဲ့ပတ်သက်တာတွေကိုတော့ drupal.org မှာ သွားရောက် ရယူနိုင်ပါတယ်။
အထက်ဖော်ပြပါ general CMS များရှိသလို specific field တွေအတွက် ကောင်းမွန်တဲ့ တခြား CMS လိုစနစ် မျိုးတွေလဲရှိပါတယ်။ eCommerce အတွက် Magento၊ Education Platform အတွက် Moodle၊ Wikipedia လို online knowledge base တွေအတွက် MediaWiki၊ Social network တွေအတွက် Elgg၊ Internet Forum တွေအတွက် Vanilla forum တွေဟာမျိုးတွေလဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ နောက်ပိုင်းမှာဆိုရင် Wix၊ WooCommerce၊ Contentful၊ Squarespace အစရှိတဲ့ CMS တွေလည်း လူသုံးများလာ ခဲ့ပါတယ်။
ထိုသို့ CMS platform တွေတိုးတက်များပြား လာတဲ့အတွက် ကနေ့ခေတ်မှာ “Website ဆိုတာ ဘယ်သူမဆို တည်တောက်နိုင်တယ်” ဆိုတဲ့ သဘောဖြစ်နေပါတယ်။ ဒါပေမဲ့ ထိုအဆိုဟာ general အရဘဲ မှန်တာပါ။ CMS တွေဘယ်လောက်ဘဲပေါပေါ အမှန်တကယ် အဆင့်မြင့် ကောင်းမွန်တဲ့ website တစ်ခုတည်ဆောက်လိုရင် ထိုက်သင့်တဲ့ နည်းပညာ ကျွမ်းကျင်မှုတွေ လိုအပ်ပါတယ်။

Source Rainbo Technology Myanmar