Wearable Technology တွေကိုအသုံးပြုခြင်းရဲ့ ကောင်းကျိုးဆိုးကျိုးများ

Wearable Technology တွေကိုတော့ ဝတ်ဆင်စရာပစ္စည်းတွေလို့ ဆိုနိုင်ပြီးတော့ အသုံးအဆောင်တွေ၊ အဝတ်အစားတွေနဲ့တွဲဖက်ပြီးတော့ဖြစ်ဖြစ်၊ ခန္ဓာကိုယ်မှာဖြစ်ဖြစ်၊ အရေပြားပေါ်ကတက်တူးကအစ ပါဝင်အသုံးပြုလို့ရတဲ့ နည်းပညာအသုံးပြု စက်ပစ္စည်းတွေဖြစ်ပါတယ်။

လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း အင်တာနက်အသုံးပြုပြီးတော့ ဝတ်ဆင်နိုင်တဲ့ပစ္စည်းတွေကို အဆင့်မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။ ဒီနေ့ခေတ်မှာတော့ စမတ်လက်ပတ်နာရီ၊ မျက်မှန်၊ virtual reality (VR) တွေအဖြစ် အများဆုံးတွေ့နိုင်ပါတယ်။ ဒီလို wearable technology တွေကိုအသုံးပြုခြင်းအတွက် ကောင်းကျိုးဆိုးကျိုးတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

Wearable Technology တွေကို နေ့စဉ်ဘဝအတွက် လွယ်ကူပြီးတော အသုံးပြုရအဆင်ပြေစေဖို့အတွက် ဒီဇိုင်းဆွဲပြုလုပ်ထားတာ ဖြစ်ပါတယ်။ အသုံးပြုသူတွေရဲ့ Fitness Level ၊ ခြေလှမ်းအရေအတွက်၊ နှလုံးခုန်နှုန်းနဲ့၊ အပူချိန်တွေကိုပါ စစ်ဆေးနိုင်အောင် ပြုလုပ်ထားပေးတာဖြစ်ပါတယ်။ အိတ်ကပ်ထဲက ဖုန်းကိုမထုတ်ဘဲနဲ့ Wearable Technology ကိုအသုံးပြုပြီးတော့ ဖုန်းခေါ်ဆိုတာ၊ အီးမေးလ်၊ စာနဲ့ အချက်ပေးချက်တွေကို အလွယ်တစ်ကူကြည့်ရှုနိုင်မှာ ဖြစ်သလို တည်နေရာကိုလည်း GPS နဲ့ခြေရာခံနိုင်ဦးမှာ ဖြစ်ပါတယ်။

Photo Source Myanmar Tech Press

လုပ်ငန်းခွင်တွေမှာတော့ ဒီလိုနည်းပညာတွေကို နည်းအမျိုးမျိုးနဲ့ အသုံးပြုနေကြပါတယ်။ ဥပမာအနေနဲ့ ကျန်းမာရေးနယ်ပယ်မှာဆိုရင် ဆရာဝန်တွေဟာ လူနာရဲ့ သွေးတွေ၊ နှလုံးခုန်းနှုန်းတွေကို စကန်ဖတ်ဖို့ X-rays ဖတ်ဖို့စောင့်စရာမလိုဘဲ ဒီနည်းပညာတွေနဲ့ တန်းသိနိုင်ပါတယ်။

ဒီလို devices တွေဟာ ဘတ္ထရီသက်တမ်းတိုတတ်ပါတယ်။ တစ်ချို့ကတော့ ရက်တော်တော်ကြာအောင်ခံနိုင်ကြပေမယ့် တစ်ချို့ နည်းပညာမြင့်ပစ္စည်းတွေပါဝင်တာများလာရင်တော့ တစ်ရက်ကျော်ကျော်လောက်ပဲ ခံနိုင်ကြပါတော့တယ်။ စမတ်ဖုန်းတွေကိုပဲ Wearable Technology တွေမှာလည်း စိတ်အနှောက်အယှက်ဖြစ်စရာတွေများများပြီးတော့ ထုတ်လုပ်တဲ့သူတွေထည့်ပေးလိုက်တဲ့ လုပ်ဆောင်ချက်အမျိုးမျိုးက စမ်းသပ်စရာအပြည့်နဲ့ အလုပ်ရှုပ်စေပါတယ်။

Wearable Devices တွေဟာ အဆင့်မြင့်နည်းပညာတွေကို အသုံးပြုထားပြီးတော့ အတော်လေးလည်း ဈေးကြီးတတ်ပါတယ်။ Wearable တော်တော်များများက တစ်ခုတည်းမရပ်တည်နိုင်ပါဘူး သူတိုကိုအသုံးပြုဖို့အတွက် ပလက်ဖောင်းတစ်ခုနဲ့ ချိတ်ဆက်ပြီးတော့ လုပ်ဆောင်ရတာ ဖြစ်ပါတယ်။