သိကောင်းစရာ Micro-USB နဲ့ USB Type-C ကွာခြားချက်များအကြောင်း

USB လို့ခေါ်တဲ့ Universal Serial Bus ကိုတော့ ကေဘယ်ကြိုးတွေချိတ်ဆက်တဲ့နေရာ၊ စက်ပစ္စည်းတစ်ခုနဲ့တစ်ခုကို ချိတ်ဆက်ဖို့အသုံးပြုသလို အချက်အလက်တွေကူးယူတဲ့နေရာနဲ့ အားသွင်းတဲ့နေရာတွေမှာ အသုံးပြုကြပါတယ်။ Micro-USB ကိုတော့နှစ်ပေါင်းများစွာ အဓိကထားအသုံးပြုလာခဲ့ပြီးတော့ အခုသင်ကိုယ်တိုင် အသုံးပြု နေတာ လည်း ဖြစ်နိုင်ပါတယ်။ USB Type-C ကိုတော့ အရင်မူလ USB နည်းပညာနဲ့ပဲ ဖွဲ့စည်းတည်ဆောက်ထားတာ ဖြစ်ပါတယ်။ 

Photo Source Myanmar Tech Press

Micro-USB ဒါမှမဟုတ် USB Type-C ဆိုပြီးတော့ Connector ရွေးချယ်တဲ့နေရာမှာ သဟဇာတဖြစ်မှုဆိုတာ အင်မတန်အရေးပါပါတယ်။ Micro-USB ကိုတော့ Computer တွေ အဓိကနေရာတွေကိုချိတ်ဆက်နိုင်ဖို့ သေးငယ်အောင်ပြုလုပ်ထားပါတယ်။ ဒါပေမယ့် Micro-USB မှာတော့ ပလပ်တပ်ဖို့အတွက် ကန့်သတ်ချက်လေးတွေကတော့ရှိပါတယ်။ နည်းမှန်လမ်းမှန် ပလပ်မတပ်ဘူးဆိုရင်တော့ အလုပ်လုပ်မှာ မဟုတ်ပါဘူး။

USB Type-C က Micro-USB ထက်အနည်းငယ် ကြီးနေတာကို တွေ့ရမှာပါ။ USB Type-C ရဲ့အပြင်ပန်းဖန်တီးတည်ဆောက်ထားပုံအရ ဘယ်ဘက်ကနေမဆို ကြိုးတပ်ပြီးအသုံးပြုနိုင်မှာြဖစ်ပါတယ်။ အပြန်အလှန်အသုံးပြုနိုင်တဲ့အတွက် ပလပ်တပ်တဲ့အခါ ဘယ်လိုပဲတပ်တပ် အလုပ်လုပ်မှာဖြစ်ပါတယ်။ USB Type-C ကိုတော့ စမတ်ဖုန်း၊ ဂိမ်းခလုတ်၊ Display Port, HDMI, ကင်မရာ၊ လက်ပ်တော့၊ ပရင်တာ၊ စကင်နာနဲ့ တစ်ခြားတွေးနိုင်သမျှ အသုံးအဆောင်ပစ္စည်းတွေကို ချိတ်ဆက်တဲ့နေရာမှာ အစားထိုးဖို့ ဒီဇိုင်းဆွဲထားတာလို့ ပြောနိုင်ပါတယ်။ 

Photo source Myanmar Tech Press

အားသွင်းမြန်နှုန်းကို ကြည့်မယ်ဆိုရင်လည်း USB Type-C က Micro-USB ထက်ပိုပြီး အားသွင်းတာ မြန်ဆန်နေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် USB Type-C က Micro-USB ထက် ဓာတ်အားပိုမိုသယ်ဆောင်နိုင်ပါတယ်။ ယှဉ်ကြည့်လိုက်မယ်ဆိုရင်တော့ Micro-USB ကိုအရင်ကစက်ပစ္စည်းအဟောင်းတွေမှာ အသုံးများတာကို တွေ့ရပါတယ်။ အခုအချိန်မှာတော့ ဖုန်းတော်တော်များများမှာ USB Type-C ကို အားသွင်းစနစ်တွေမှာ အသုံးပြုနေကြပြီ ဖြစ်ပါတယ်။

အားသွင်းစနစ်တစ်ခုအနေန့ USB Type-C ကို ပိုမိုအသုံးပြုလာကြပြီ ဖြစ်ပါတယ်။ USB Type-C ဟာ အသုံးပြုရလွယ်ကူပြိးတော့ Micro-USB ထက်လည်း ပိုပြီး မြန်ဆန်ပါတယ်။ Micro-USB တွေဟာ Input လုပ်တဲ့စနစ်တစ်ခုတည်းကို အသုံးပြုနိုင်ပေမယ့် Type-C မှာတော့ Input ကော Output ကောနှစ်မျိုးလုံး အသုံးပြုနိုင်ပါတယ်။