Windows 11 ကို အောက်တိုဘာလ ၅ရက်နေ့တွင် စတင်အသုံးပြုနိုင်

Microsoft အနေနဲ့ စောင့်မျှော်နေကြတာ ကြာပြီဖြစ်တဲ့ Windows 11 ထွက်ရှိမယ့်ရက်ကို ကြော်ငြာထားပြီ ဖြစ်ပါတယ်။ အောက်တိုဘာလ ၅ ရက်နေ့ကစတင်ပြီးတော့ Windows 10 PC တွေနဲ့ Windows 11 Pre-loaded လုပ်ထားတဲ့ ကွန်ပြူတာတွေမှာ စတင်ပြီးဝယ်ယူအသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ ကွန်ပြူတာတွေဟာ အားလုံးရဲ့ နေ့စဉ်ဘဝမှာ အဓိကကျတဲ့ကဏ္ဍကပါဝင်နေပြီးတော့ အသုံးပြုသူတွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေ ပိုမိုမြင့်တင် နိုင်ဖို့ အတွက် Windows 11 ကိုလည်း အသုံးပြုလို့ရတော့မှာ ဖြစ်ပါတယ်။

အသစ်ထွက်ရှိလာမယ့် Windows 11 ကိုတော့တစ်ခြား Windows တွေနဲ့မတူဘဲ ဒီဇိုင်းအသစ်နဲ့ အသံပိုင်းဆိုင်ရာ တွေကိုလည်း ခေတ်နဲ့အညီကောင်းမွန်နေအောင် ပြုလုပ်ထားတဲ့အပြင် ရှင်းလင်းသေသပ်တဲ့ ဒီဇိုင်း ဖြစ်အောင်လည်း ဖန်တီးထားပါသေးတယ်။ Snap Layouts, Snap Groups နဲ့ Desktops တွေကိုလည်း အသုံးပြုလို့ရမှာဖြစ်တဲ့အတွက် Multitask လုပ်တာတွေ ကိုယ့် screen ကို optimize လုပ်တဲ့နေရာတွေမှာ ပိုပြီးတော့ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ 

Photo Source https://www.microsoft.com/en-us/windows/windows-11

Microsoft Team ရဲ့ Chat ကိုလည်း ထည့်သွင်းပေးထားတဲ့အတွက် Taskbar ကနေပဲ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက် တွေနဲ့ ပြောဆိုဆက်ဆံရတာ ပိုပြီးမြန်ဆန်နေမှာပါ။ AI စနစ်ပါဝင်တဲ့ Widgets တွေကလည်း ကိုယ်စိတ်ဝင်စားတဲ့ သတင်းအချက်အလက်တွေကို မြန်မြန်ဆန်ဆန်ပဲ သိနိုင်အောင် ပြုလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ Website အသုံးပြုတဲ့ အခါမှာလည်း Microsoft Edge ရဲ့ အဆင့်မှီ Performance တွေ၊ မြန်နှုန်းတွေနဲ့ လုပ်ဆောင်နိုင်စွမ်း တွေ စုံလင်တဲ့ Feature တွေက အလုပ်ပိုပြီးမြှောက်အောင် ကူညီပေးနိုင်မှာပါ။

အသုံးပြုသူတွေအတွက် Apps တွေ၊ ဂိမ်းတွေ၊ shows တွေနဲ့ ဇာတ်ကားတွေကို ရှာဖွေရလွယ် အသုံးပြုရလွယ်အောင် ဒီဇိုင်းဆွဲပြီး ပြန်လည်ပြင်ဆင်ထားတဲ့ Microsoft Store လည်း ပါဝင်ပါသေးတယ်။ Android Application တွေကိုလည်း Windows 11 မှာအသုံးပြုနိုင်အောင် ပြုလုပ်နေတဲ့အတွက် Windows 11 ကတော့ အသုံးပြုသူတွေအတွက် တစ်ကယ်ကိုအကြိုက်တွေ့စေမှာ အမှန်ပါပဲ။ 

Photo Source https://www.microsoft.com/en-us/windows/windows-11

Windows 11 upgrade အသစ်ကိုတော့ အောက်တိုဘာလ ၅ ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်။ အရည်အသွေးလုပ်ဆောင်ချက်ပိုင်းကို အဓိကထားတဲ့အတွက် အကောင်းမွန်ဆုံးသော Experience တွေကိုမျှဝေပေးသွားမှာ ဖြစ်ပါတယ်။ Windows 11 လုပ်ဆောင်ချက်တွေနဲ့ ကိုက်ညီမှုရှိတဲ့ Devices တွေကို အဓိကထားလုပ်ဆောင်ပေးသွားမှာ ဖြစ်ပြီး ဈေးကွက်ထဲမှာရှိနေတဲ့ တစ်ခြား Devices တွေအတွက်လည်း ပြုပြင်လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ ကိုက်ညီမှုရှိတဲ့ Devices တွေကို ၂၀၂၂ နှစ်လည်ပိုင်းလောက်မှာ အပြီး upgrade လုပ်ဆောင်နိုင်အောင် ပြုလုပ်ပေးသွားမှာပါ။

ကိုယ်အသုံးပြုနေတဲ့ Windows 10 PC က ကိုက်ညီမှုရှိတယ်ဆိုရင်လည်း upgrade လုပ်လို့ရပြီဆိုတာနဲ့ အသိပေးသွားမှာ ဖြစ်ပါတယ်။ ကိုယ့် Device အတွက်အသုံးပြုလို့ရပြီဆိုတာနဲ့ Settings > Windows Update ကိုဝင်ရောက်ပြီး Check for Updates ကနေ ပြုလုပ်နိုင်ပါတယ်။