foodpanda မှ မိတ်ဖက်လုပ်ငန်းရှင်များ၊ panda rider များနှင့်အတူ (၂) နှစ်ပြည့်မွေးနေ့ ကျင်းပ

foodpanda ၏ မြန်မာနိုင်ငံတွင်ရောက်ရှိခဲ့သည့် (၂) ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာလ တစ်လလုံးတွင် စိတ်လှုပ်ရှားစရာ အစီအစဉ်ပေါင်း များစွာကို ကျင်းပပြုလုပ်ခဲ့သည်။
“foodpanda အနေနဲ့ သုံးစွဲသူများကို အတွေ့အကြုံကောင်းတွေ သယ်ဆောင်လာနိုင်ဖို့၊ နေထိုင်မှုဘဝပုံစံ တွေ တိုးတက်မြင့်မားလာစေဖို့၊ စားသုံးသူတွေရဲ့ လိုအပ်ချက်တွေနဲ့အညီ ပြင်ဆင်ပြောင်းလဲနိုင်ဖို့အပြင် စစ်မှန်သည့် ဝန်ဆောင်မှုတွေပေးအပ် သွားမယ်လို့ ကတိပြုပါတယ်။ အခုလိုခက်ခဲတဲ့ နှစ်တစ်နှစ်မှာ သုံးစွဲသူတွေက အစားအသောက်နဲ့ကုန်စုံတွေ မှာယူတဲ့အခါ ပိုမိုလွယ်ကူစေရန်၊ မိတ်ဖက်ဆိုင်တွေ ဆက်လက်လည်ပတ်နိုင်ရန်၊ ပို့ဆောင်သူတွေအနေနဲ့လည်း ဝင်ငွေရရှိနေနိုင်ရန် လုပ်ဆောင်ပေးနိုင်ခဲ့သည့်အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့နဲ့ လက်တွဲလုပ်ဆောင်တဲ့ လုပ်ငန်းရှင်တွေအတွက် ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်ကောင်း တစ်ယောက်ဖြစ်စေဖို့ နဲ့ rider တွေကိုလည်း အပိုဝင်ငွေရရှိစေမယ့် အချိန်ပိုင်းအလုပ်အကိုင် အခွင့်အလမ်းတွေ ဆက်လက်ဖန်တီးပေးနိုင်ဖို့ ဆက်လက်ကြိုးစားသွားမှာပါ” ဟု foodpanda Myanmar ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးဇေယျာမင်းမှ ပြောကြားသည်။
ယခုနှစ်အတွင်း foodpanda သည် မြန်မာနိုင်ငံ၌ ဝန်ဆောင်မှုများကို ဆက်လက် ပေးအပ်သွားရန်နှင့် လူမှုအသိုက်အဝန်းများကို တိုးတက်လာစေရန်ဟူသည့် ကတိကဝတ်အား ပိုမိုခိုင်မာစေဖို့အတွက် လက်ရှိ ဝန်ဆောင်မှု ပေးအပ်လျက်ရှိသော မြို့ (၁၄) မြို့အပြင် ပုသိမ်၊ ပခုက္ကူ၊ မုဒုံ၊ လားရှိုး၊ ဘားအံ၊ မိတ္ထီလာ၊ ပြည် စသည့် နောက်ထပ်မြို့ (၇) မြို့တို့တွင် ဝန်ဆောင်မှုများ တိုးချဲ့နိုင်ခဲ့ရုံသာမက လှည်းကူး နှင့် ငွေဆောင် ဧရိယာ (၂) ခု ကိုလည်း ထပ်မံတိုးချဲ့နိုင်ခဲ့သည်။

Photo Source thantsettun@mangomyanmargroup.com

ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားသည့် အချိန်မှစ၍ အစားအသောက်နှင့် ကုန်စုံ လုပ်ငန်းများ မှာ foodpanda ၏ အွန်လိုင်းဈေးဝယ် ပလက်ဖောင်းပေါ်သို့ ပိုမိုရောက်ရှိလာခြင်းကြောင့် ၂၀၂၁ ခုနှစ် အတွင်း မိတ်ဖက်လုပ်ငန်းပေါင်း (၄,၉၀၀) ကျော်နှင့် လက်တွဲနိုင်ခဲ့သည်။ foodpanda မှ ၂၀၂၁ ခုနှစ် အတွင်း panda rider များအနေဖြင့် အလုပ်ချိန်များကို စိတ်ကြိုက်ရွေးချယ်၍ ဝင်ငွေများဆက်လက်ရရှိနိုင်ရန် အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၂,၀၀၀) ကျော်ကို ဖန်တီးပေးခဲ့ပါသည်။ ထို့အပြင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မှာယူမှုပေါင်း (၁၀) သန်းကျော်ထိ ရရှိခြင်းကြောင့် မိတ်ဖက်လုပ်ငန်းရှင်များနှင့် rider များ၏ စားဝတ်နေရေး အဆင်ပြေစေရန် တစ်ဖက်တစ်လမ်းမှ ထောက်ပံ့ပေးနိုင်ခဲ့သည်။
ယခုကဲ့သို့ မှတ်တိုင်များစိုက်ထူနိုင်ရန် ကြံ့ကြံ့ခံရပ်တည်ပေးခဲ့သည့် စားသုံးသူလူထု၏အင်အားကို အသိအမှတ်ပြုရန်အတွက် foodpanda သည် ဒီဇင်ဘာလအတွင်း၌ မွေးနေ့အထိမ်းအမှတ် အဖြစ် အများပြည်သူများအတွက် အကျိုးရှိစေမည့် အစီအစဉ်များအနက်တစ်ခုဖြစ်သည့် နေ့လည်စာ အလှူတစ်ခုကို လိုအပ်နေသော နေရာများတွင် စားနပ်ရိက္ခာ လောက်ငှရေးနှင့် သောက်သုံးရေသန့်ရရှိရေး အတွက် တက်ကြွစွာဆောင်ရွက်နေသော ပရဟိတအဖွဲ့အစည်းတစ်ခု ဖြစ်သည့် Myanmar Kitchen နှင့် ပူးပေါင်း၍ လှိုင်သာယာရှိ မိသားစုဝင်များအတွက် နေ့လည်စာ ပွဲ (၂,၀၀၀) သာမက နေပြည်တော်၊ မော်လမြိုင် နှင့် လားရှိုး အပါအဝင်မြို့ (၈) မြို့တွင်လည်း နေ့လည်စာ ပွဲ (၄,၅၀၀) နှင့် စာရေးကိရိယာနှင့် နေ့စဉ်သုံးပစ္စည်းပေါင်း (၁,၅၀၀) ကိုလည်း မိဘမဲ့ကလေးများနှင့် သက်ကြီးရွယ်အိုများအတွက် လှူဒါန်းခဲ့သည်။
ကပ်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ရှေ့တန်းမှ ဝန်ဆောင်မှုပေးခဲ့ကြသော rider များအား ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ဝန်ဆောင်မှုအကောင်းဆုံးပေးနိုင်သည့် rider အယောက် (၄၅၀) အတွက် ဆုလက်‌ဆောင်များပေးအပ်ခဲ့ပြီး Top Rider အယောက် (၅၀) အတွက်ကိုလည်း ဂုဏ်ပြုဆုချီးမြှင့်ပွဲနှင့် နေ့လည်စာအခမ်းအနားကို ကျင်းပပြုလုပ်ပေးခဲ့သည်။

Photo Source thantsettun@mangomyanmargroup.com

ထို့ပြင် မိတ်ဖက်လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ rider များအတွက် မွေးနေ့အထိမ်းအမှတ်နေ့လည်စာ ပွဲ (၁၂,၅၀၀)၊ Royal-D အအေးဘူး (၉,၀၀၀)၊ Gong cha အအေးဘူး (၁,၀၅၀) နှင့် Ocha အအေးဘူး (၆၀၀) တို့ ကိုလည်း သုံးရက်ဆက်တိုက် ပေးဝခေဲ့ပါသည်။ ထို့အပြင် rider များတစ်ဦးနှင့်တစ်ဦး ရင်းနှီးခင်မင်ကြစေရန် ရည်ရွယ်၍ သုံးရက်တာ ဘောလုံးပြိုင်ပွဲ ကို foodpanda မှဦးစီးကျင်းပပေးခဲ့သည်။
foodpanda မှ ရောင်းအားအကောင်းဆုံးမိတ်ဖက်လုပ်ငန်းရှင် (၈၀၀) နှင့် foodpanda မှ မှာယူမှု အများဆုံး စားသုံးသူ (၁၂၀) တို့ကိုလည်း မွေးနေ့အထိမ်းအမှတ်အဖြစ် အမှတ်တရလက်ဆောင်များကို ပေးအပ်သွားမည်ဖြစ်သည်။ foodpanda app တွင် မှာယူစားသုံးများ ကျေနပ်ပျော်ရွှင်စေရန် မွေးနေ့အထူး လျော့ဈေးကူပွန်ကုဒ်များကိုလည်း စီစဉ်ပေးခဲ့သည်။
လာမည့် ၂၀၂၂ ခုနှစ်တွင် foodpanda သည် မှာယူစားသုံးသူများ အတွေ့အကြုံကောင်းများ ပိုမိုရရှိစေရန်အတွက် pandapro နှင့် လိုအပ်သည့် ကုန်ပစ္စည်းမျိုးစုံကို တစ်နေရာတည်းဝယ်ယူနိုင်မည့် foodpanda ၏ အွန်လိုင်း ဈေးဝယ်ပလက်ဖောင်းဖြစ်သည့် pandamart တို့ ကဲ့သို့သော ဝန်ဆောင်မှုအသစ်များကို ထပ်မံမိတ်ဆက် ပေးသွားမည့်အပြင် ယင်းဝန်ဆောင်မှုအသစ်များနှင့် ဆက်စပ်သည့် အလုပ်အကိုင်အခွင့်အလမ်းပေါင်းများစွာကိုလည်း ဖန်တီးပေးသွားမည်ဖြစ်သည်။
foodpanda မှ အခြားမြို့အသစ်များသို့ ဝန်ဆောင်မှု ထပ်မံတိုးချဲ့သွားမည် ဖြစ်သောကြောင့် မိတ်ဖက်လုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်းမှုများကိုလည်း ပိုမိုပြုလုပ်သွားနိုင်မည့်အပြင် အသုံးပြုသူများအနေနှင့်လည်း မိမိနေအိမ်မှပင် အလွယ်တကူ မှာယူနိုင်မည်ဖြစ်ပြီး အနီးပတ်ဝန်းကျင်ရှိ စားသောက်ဆိုင်များကို အားပေးနိုင်မည်ဖြစ်သည်။ မိတ်ဖက်လုပ်ငန်းရှင်များအတွက် လုပ်ငန်းလည်ပတ်မှု ပိုမိုချောမွေ့စေရန် ငွေကြေးဆိုင်ရာထောက်ပံ့ပေးမည့် အစီအစဉ်များကိုလည်း ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ Rider များအတွက် အမှတ်များ (Point) စုဆောင်းကာ ဆုလက်ဆောင်များ ထုတ်ယူနိုင်မည့် ပန်ဒါစုဘူး အစီအစဉ် ကိုလည်း မိတ်ဆက်ပေးသွားမည်ဖြစ်သည်။