Social Media ပေါ်က Harmful Content ပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့် Meta ရဲ့ AI နည်းပညာအသစ်

Social Media Platform တွေမှာ သုံးစွဲသူအရေအတွက် များလာတာနဲ့အမျှ Harmful Content နဲ့ Hate Speech အရေအတွက်တွေကလည်း ပိုပိုပြီးများပြားလာပါတယ်။ ဒီလိုများပြားလာတဲ့ Harmful Content တွေကို ဖယ်ရှားပေးဖို့အတွက် AI စနစ်တွေ လိုအပ်လာပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုများပြားလှတဲ့ အချက်အလက် တွေကို စီစဉ်ပြီး ဖျက်သိမ်းဖို့အတွက် AI စနစ်တွေက လပေါင်းများစွာ လပေါင်းများစွာ အချိန်ယူရမှာဖြစ်သလို Content အသစ်တစ်ခုကိုလည်း နားလည်နိုင်အောင် အချိန်ယူလေ့လာနေရမှာ ဖြစ်ပါတယ်။ 

Photo Source https://about.facebook.com/

ဒီလိုအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ဖို့အတွက် Few-Shot Learner (FSL) ကို တည်ဆောက်လိုက်ပြီ ဖြစ်ပါတယ်။ FSL ဟာ Harmful Content အသစ်တွေကို သီတင်းပတ်အတွင်းမှာပဲ လေ့လာပြီး စီစစ်ဖျက်သိမ်း လိုက်နိုင်ပါတယ်။ FSL AI နည်းပညာဟာ few-shot learning စနစ်ကိုအသုံးပြုပြီး topic မျိုးစုံကို ယေဘုယျနားလည်အောင်ပြုလုပ်နိုင်သလို အသစ်အသစ်တွေကိုလည်းအချက်အလက် နည်းနည်းဒါမှမဟုတ် အချက်အလက်တွေမရှိဘဲနဲ့တောင် လေ့လာသင်ယူနိုင်စွမ်းရှိပါတယ်။ ဘာသာစကားပေါင်း ၁၀၀ ကျော်မှာ အသုံးပြုနိုင်ပြီးတော့ မတူညီတဲ့ အချက်အလက်တွေ၊ ဓာတ်ပုံတွေနဲ့ စာသားတွေ ကနေလည်း သင်ယူနိုင်စွမ်း ရှိပါတယ်။

တစ်ခြား AI Model တွေက Learning Pattern တွေကိုအခြေခံပြီး အသစ်တွေကို လေ့လာကြပေမယ့် FSL ကတော့ Learning to learn ဆိုတဲ့ပုံစံမျိုးနဲ့ အသစ်အသစ်တွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။

Few-Shot Learner (FSL) ကိုလတ်တလော စမ်းသပ်ထားတဲ့ရလာဒ်တွေအရ သတင်းအချက်အလက်အမှားတွေ၊ Harmful Content တွေနဲ့ Hate Speech တွေ တော်တော်လေးလျော့ကျသွားခဲ့တယ်လို့ သိရပါတယ်။ Harmful Content တွေကို စီစစ်လျှော့ချတဲ့နည်းလမ်းကိုလည်း အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

Photo Source https://about.facebook.com/

Meta အနေနဲ့ FSL နဲ့ဆိုရင် AI System တွေကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်နိုင်လာမှာ ဖြစ်သလို အချက်အလက်မျိုးစုံမှာလည်း သတင်းမှားတွေ၊ Hate Speech တွေနဲ့ Harmful Content တွေနည်းပါးသွားအောင် သေချာစီစဉ်နိုင်မှာသေချာတယ်လို့ Blog Post မှာ ဖော်ပြထားပါတယ်။