Telegram တွင်အသစ်ထပ်မံထည့်သွင်းလိုက်သော Feature အသစ်များ

Telegram အကြောင်းအသုံးဝင်တဲ့ Telegram ရဲ့လုပ်ဆောင်ချက် အပိုင်း (၁)အပိုင်း (၂)Telegram Bot အပိုင်း (၁)အပိုင်း (၂) တွေကို ဖော်ပြပေးပြီးဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း Telegram Update မှာ အသစ်တိုး လာတဲ့ လုပ်ဆောင်ချက်တွေကို ဖော်ပြေပေးသွားမှာဖြစ်ပါတယ်။

(၁) လှုပ်ရှားနေတဲ့ Emoji များ

တစ်ယောက်နဲ့တစ်ယောက်စကားပြောတဲ့အခါမှာ သူသတ်မှတ်ထားတဲ့ Emoji လေးတွေကို ပို့တာနဲ့ လှုပ်ရှားနေတဲ့ Animation Emoji လေးတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ မီးပုံလေးကိုနိပ်ရင် မီးတောက်နေတဲ့ Effect မျိုးကို ဖုန်းရဲ့မျက်နှာပြင်အပြည့် မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အသုံးပြုလို့ရတဲ့  Emoji လေးနဲ့ Video ကိုအောက်မှာ ဖော်ပြပေးထားပါတယ်။

:fireworks::tada::balloon::+1::-1::heart::joy::sob::star-struck:
:fire::grin::cry::scream::ghost::jack_o_lantern::face_vomiting::hankey::money_with_wings:

Photo Source https://telegram.org/

(၂) Theme မျိုးစုံနဲ့ QR Codes

Telegram မှာ Public ပြုလုပ်ထားတဲ့ Username, Group, Channel နဲ့ Bot မှန်သမျှကို QR Codes ပြုလုပ်နိုင်ပြီး Theme တွေလည်း မျိုးစုံထည့်သွင်းနိုင်ပါတယ်။ 

Photo Source https://telegram.org/

(၃) ဘာသာပြန်ခြင်း

ထပ်မံထည့်သွင်းလိုက်တဲ့ လုပ်ဆောင်ချက်တွေထဲမှာ ဘာသာပြန်ခြင်းလုပ်ဆောင်ချက်လဲပါဝင်ပါသေးတယ်။ Setting ထဲက Language မှာ Show Translate Button ဆိုတာကို ဖွင့်ထားပေးဖို့တော့ လိုအပ်ပါတယ်။ ကိုယ်ဘာသာပြန်လိုတဲ့ စာပိုဒ်ကို ဖိလိုက်တာနဲ့ ရွေးချယ်စရာခလုတ်တွေထဲက Translate ဆိုတာကို နှိပ်လိုက်ရုံပါပဲ။ 

Photo Source https://telegram.org/

(၄) Spoilers

သူငယ်ချင်းတွေအတူတူစုပြီး စကားပြောကြတဲ့ Group မျိုးမှာ အသစ်ထွက်တဲ့ဇာတ်ကားအကြောင်းကို Spoil ချင်တဲ့သူတွေအတွက် အဆင်ပြေပါတယ်။ ကိုယ်ကပြောလည်းပြောချင်တယ် မကြည့်ရသေးတဲ့သူတွေကိုလည်း Spoil မထိစေချင်ဘူးဆိုရင် ကိုယ်ပို့ချင်တဲ့ Text ကို Select လုပ် Spoiler ဆိုတာကိုရွေးလိုက်ရင် စာတွေကို ခဲခြစ်ထားသလိုမျိုး ပျောက်နေမှာ ဖြစ်ပါတယ်။

(၅) Reaction

Meta ရဲ့ Messenger မှာ စာတွေ ပုံတွေကို Reaction ပေးလို့ရသလိုပဲ Telegram မှာလဲပေးလို့ရနေပြီဖြစ်ပါတယ်။ တစ်ဦးချင်း စာပို့တဲ့အချိန်တွေမှာသုံးနိုင်သလို Group နဲ့ Channel တွေမှာတော့ Admin က Enable reactions ဆိုတာကိုဖွင့်ပြီး အသုံးပြုလို့ရနိုင်မယ့် Emoji တွေကိုရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ 

Photo Source https://telegram.org/