KBZPay မှ ၂၀၂၂ နှစ်သစ်အတွက် ကျပ်သိန်းပေါင်း ၁၀၀၀ ကျော် အထိမုန့်ဖိုးမျှဝေ

နှစ်သစ်မှာ KBZPay မှ မုန့်ဖိုးများစွာ မျှဝေရယူနိုင်မယ့် အစီအစဉ်ကိုစတင်လိုက်ပြီဖြစ်ပါတယ်။ အစီအစဉ် ကာလကတော့ ဒီဇင်ဘာလ ၂၆ ရက်နေ့မှ ဇန်နဝါရီလ ၁ ရက်နေ့ထိဖြစ်ပါတယ်။ ဒီဇင်ဘာလ ၃၀၊ ၃၁ နှင့် ဇန်နဝါရီလ ၁ ရက်နေ့ထိ ညစဉ် မြန်မာစံတော်ချိန် ၈ နာရီတွင် မုန့်ဖိုးများကို ရယူနိုင်မှာဖြစ်ပါတယ်။
ခရစ္စမတ်မုန့်ဖိုး အစီအစဉ်အတိုင်း KBZPay အသုံးပြုသူများမှ နှစ်သစ်လက်ဆောင်ဘူးများကို စုဆောင်းပြီး လျှော့‌ဈေးကူပွန်များနှင့် မုန့်ဖိုးများရရှိမှာဖြစ်ပါတယ်။ KBZPay အသုံးပြုသူ (Level 1၊ Level 1.5၊ Level 2) များအားလုံး အခုအစီအစဉ်မှာ ပါဝင်နိုင်ပါတယ်။

Photo Source https://www.kbzpay.com/my/promotion/share-over-100-million-mmk-pocket-money-from-kbzpay-this-new-year-mm/

စုဆောင်းရမယ့် နှစ်သစ် လက်ဆောင်ဘူးတွေကတော့ အဝါရောင် နှစ်သစ် လက်ဆောင်ဘူး၊ အစိမ်းရောင် နှစ်သစ် လက် ဆောင်ဘူး၊ အနီရောင် နှစ်သစ် လက်ဆောင်ဘူး၊ အပြာရောင် နှစ်သစ် လက်ဆောင်ဘူးနဲ့ ခရမ်းရောင် နှစ်သစ် လက် ဆောင်ဘူးတို့ပဲဖြစ်ပါတယ်။ ဒါ့အပြင်ကံကောင်းခြင်း နှစ်သစ် လက်ဆောင်ဘူးကို ရလျှင် မိမိကြိုက်နှစ်ရာသက်ရာ အရောင်ကို ပြောင်းလဲပြီး စုဆောင်းနိုင်ပါတယ်။ နှစ်သစ် လက်ဆောင်ဘူး အရောင်စုံ တစ်စုံစုဆောင်းနိုင်သူတွေကတော့ နှစ်သစ်မုန့်ဖိုးကို ပိုမိုရရှိမှာဖြစ်ပါတယ်။
ဒါ့အပြင် သူငယ်ချင်းများများ ဖိတ်ခေါ်ပြီး နေ့စဉ် အဆင့်သတ်မှတ်ချက် ၁၀၀ အတွင်း ရောက်ရှိသူများအနေဖြင့်လည်း အဆင့်သတ်မှတ်ချက်အလိုက် အပိုဆောင်း မုန့်ဖိုးများရရှိနိုင်ဦးမှာ ဖြစ်ပါတယ်။
စည်းကမ်းသတ်မှတ်ချက်များကို အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.kbzpay.com/my/2021/12/26/share-over-100-million-mmk-pocket-money-from-kbzpay-this-new-year-campaign-terms-conditions-mm/
KBZPay App ကို ရယူရန် အောက်ပါ Link များမှ ဝင်ရောက်နိုင်ပါတယ်။
Android Version: http://bit.ly/2RP3U0N
iOS Version: https://apple.co/31igRU9