Mobile App အပြင် Desktop အတွက်ပါထွက်ရှိတော့မယ့် DuckDuckGo Web Browser

DuckDuckGo ဆိုတာကတော့ အသုံးပြုသူတွေရဲ့ အင်တာနက်မှာရှာဖွေမှုတွေကို ပိုပြီးလုံခြုံစိတ်ချ ရအောင် အဓိကထား လုပ်ဆောင်ပေးတဲ့ Internet Search Engine တစ်ခုဖြစ်ပါတယ်။ ရှာဖွေသူရဲ့ လုံခြုံရေးကို စိတ်ချရအောင်ကာကွယ်ပေးပြီး သူ့ရဲ့စိတ်ဝင်စားတဲ့အကြောင်းအရာ မဟုတ်ဘဲ ရှာဖွေတဲ့ အကြောင်းအရာကို တိတိ ကျကျရှာဖွေပေးနိုင်မှာ ဖြစ်ပါတယ်။

DuckDuckGo အနေနဲ့ Desktop App တစ်ခုဖန်တီးနေတဲ့အကြောင်းကိုလည်း Blog Post တစ်ခုမှာ ဖော်ပြထားပါတယ်။ DuckDuckGo Application အသုံးပြုုသလို အမြန်နှုန်းတွေနဲ့ ပေါ့ပါးမှုမျိုးကိုလည်း Desktop App မှာရရှိနိုင်မှာ ဖြစ်ပါတယ်။ ထွက်ရှိလာမယ့် App က Privacy Browser မျိုးတော့မဟုတ်ပေမယ့် အသုံးပြုသူတွေရဲ့ Privacy ကိုလေးသစားပြီး လုံခြုံစိတ်ချမှုပေးနိုင်မယ့် Browser မျိုးဖြစ်မှာတော့ သေချာပါတယ်။ 

Photo Source https://spreadprivacy.com/duckduckgo-2021-review/

ကိုယ်အသုံးပြုထားတဲ့ Tabs တွေနဲ့ Browsing Data တွေကို ခလုတ်တစ်ချက်နှိပ်ပြီး ဖျက်ပစ်နိုင်မှာ ဖြစ်ပါတယ်။ လက်တစ်လောစမ်းသပ်ထားတဲ့ စမ်းသပ်ချက်တွေအရ DuckDuckGo Desktop App ဟာ Chrome နဲ့ Google Browser တွေထက်ပို မြန်ဆန်သလို ကြည့်ရတာလည်းရှင်းမယ်လို့ ပြောထား ပါသေးတယ်။ ဘယ်တော့ထွက်ရှိမယ်ဆိုတာကိုတော့ မဖော်ပြထားပါဘူး။

DuckDuckGo Android နဲ့ iOS App အတွက်အောက်မှာဖော်ပြထားတဲ့ လင့်ကဝင်ရောက်ရယူနိုင်ပါတယ်။

https://duckduckgo.com/app