Social Media လောကထဲ အသစ်ဝင်ရောက်လာတဲ့ Meta ရဲ့ Threads Social Media Platform

Facebook, Instagram, Twitter, WhatsApp စတဲ့ Social Media Platform တွေကြီးစိုးနေတဲ့ လောကထဲကို Facebook, Instagram, WhatsApp တွေရဲ့ကုမ္ပဏီ Meta Platform ရဲ့ Threads Social Media Platform ကလည်း အသစ်အနေနဲ့ ထပ်မံဝင်ရောက်လာပါတယ်။

Threads ဆိုတဲ့ Social Media App အသစ်ဟာ Instagram လို, Twitter လိုအသုံးပြုနိုင်ပြီး စာသားတွေ ရေးသားပြီး အင်တာနက်ပေါ်တင်နိုင်တဲ့ Instagram Version အသစ်တစ်ခုလို့လည်း ပြောကြ ပါသေးတယ်။ Threades ကို အသုံးပြုဖို့အတွက် မရှိမဖြစ်လိုအပ်တာကတော့ Instagram Account ဖြစ်ပါတယ်။ Instagram Account မရှိရင် အသုံးပြုလို့ရမှာ မဟုတ်ပါဘူး။ Instagram ကို ကမ္ဘာတစ်ဝှမ်း အသုံးပြုသူပေါင်း ဘီလီယံနဲ့ချီရှိသလို Video နဲ့ Photo တွေအတွက်ပဲ အဓိကထားအသုံးပြုလို့ရတဲ့ Platform တစ်ခု ဖြစ်ပါတယ်။ Instagram Account အသုံးပြုပြီး Threads အကောင့်ထဲဝင်လိုက်တာနဲ့ Instagram မှာ Profile Photo အပါအဝင် ကိုယ်ဖြည့်ထားတဲ့ အချက်အလက်တွေကို တစ်ခါတည်းယူသုံးလိုက်လို့ရသလို၊ ကိုယ်တိုင်လည်း စိတ်ကြိုက် ပြန်လည် ပြင်ဆင်နိုင်ပါသေးတယ်။ Instagram Account က Verify ဖြစ်နေမယ်ဆိုရင် Threads မှာပါ ကိုယ့်အကောင့်က Verify ဖြစ်နေဦးမှာပါ။

Image: Meta

အသက် ၁၆ နှစ်အောက် (သို့ နိုင်ငံအလိုက် ၁၈ နှစ်အောက်) အသုံးပြုတွေကိုတော့ အသက်မပြည့် သေးဘူးလို့ သတ်မှတ်ပြီး အကောင့်ဖွင့်တာနဲ့ Default အနေနဲ့ Private Profile ပြောင်းထားပေးမှာ ဖြစ်ပါတယ်။ Instagram နဲ့တွဲဖက်အသုံးပြုရတဲ့ အားသာချက် တစ်ခုအနေနဲ့ Instagram က Follower တွေကိုလည်း Threads မှာ ပြန် Follow လို့ရသလို Threads အသုံးပြုလိုက်တဲ့ Follower တွေကိုလည်း Auto Follow ပြုလုပ်နိုင်ပါသေးတယ်။ Threads ဟာ  Instagram အသုံးပြုသူတွေရဲ့ အခန်းကဏ္ဍကို ချဲ့ထွင်ပေးတဲ့ အနေနဲ့  Text တွေ၊ Positiveဖြစ်ပြီး Creative ဖြစ်တဲ့ Space တစ်ခုဖြစ်အောင် ဖန်တီးပေးသွားမယ်လို့ သိရပါတယ်။

Threads Platform ကိုအသုံးပြုပုံနဲ့ လုပ်ဆောင်ချက်တော်တော်များများဟာ Twitter ရဲ့ React ပေးတာ၊  repost ပြန်လုပ်တာ၊ Quote ထည့်တာ၊ Comment ပေးတာမျိုးတွေလို လုပ်ဆောင်ချက်တွေ ပါဝင် တယ်ဆိုပေမယ့်  Threads App ထဲမှာ တင်ပြီးသွားတဲ့ Post တွေကိုလည်း Edit ပြုလုပ်ခွင့ ်မပေးထားပါဘူး။  Social Media Platform တစ်ခုဆိုပေမယ့် ထူးခြားတဲ့ နောက်ထပ်အချက်ကတော့  အချင်းချင်းစကားပြောဖို့  Chat box မပါသလို  Social Media Platform  တွေမှာ အသုံးပြုနေကျ Hashtag လုပ်ဆောင်ချက်လည်း ပါဝင်မလာခဲ့ပါဘူး။

Image: Meta

ကိုယ်တင်မယ့် Post တွေမှာ စကားလုံးအရေအတွက် ၅၀၀ အထိရေးသားနိုင်သလို Link, ဓာတ်ပုံ နဲ့ ၅ မိနစ်အရှည် ဗီဒီယိုတွေကိုလည်း ထည့်သွင်းပြီး မျှဝေနိုင်ပါသေးတယ်။ Threads မှာ Screen Reader Support နဲ့ AI-generated Image Description စနစ်တွေကိုလည်း ထည့်သွင်းထားပေးတယ်လို့ သိရပါတယ်။ Threads အသုံးပြုသူတွေရဲ့ New Feed မှာတော့ ကိုယ် Follow ပြုလုပ်ထားသူတွေရဲ့ Post, ကိုယ်မတွေ့သေးတဲ့ Creator တွေရဲ့ တွေရဲ့ Content တွေကို ဖော်ပြပေးနေမှာ ဖြစ်ပါတယ်။

Threads  Social Media Platform ကို အသုံးပြုလိုသူတွေအတွက်နဲ့ Web Version မရှိတဲ့အတွက် ကိုယ် အသုံးပြုတဲ့ ဖုန်းအမျိုးအစားပေါ်အလိုက် Application  Download ဆွဲထားဖို့လိုအပ်ပါတယ်။ တရားဝင် အသုံးပြုခွင့်စပြုလိုက်တဲ့ ဇူလိုင်လ ၅ ရက်နေ့ကစလို့ ၁၀ ရက်နေ့အတွင်း နိုင်ငံပေါင်း ၁၀၀ ကျော်မှာ Download ပြုလုပ်အသုံးပြုသူပေါင်း 100M အထိရှိလာခဲ့ပြီ ဖြစ်ပါတယ်။

Image: Meta

Social Media  Platform အသစ်ဖြစ်တဲ့ Threads အနေနဲ့ အသုံးပြုသူတွေကို ဘယ်လို လုပ်ဆောင်ချက် တွေနဲ့ ထပ်ပြီးဆွဲဆောင်ဦးမယ် ဘယ်လိုစိတ်ဝင်စားစရာတွေ ထည့်သွင်းဦးမယ် ဆိုတာကိုတော့ ထပ်ပြီး စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ Threads ကိုအသုံးပြုလိုသူတွေအနေနဲ့ Android အသုံးပြုသူတွေ အတွက် Google PlayStore, iOS အသုံးပြုသူတွေအတွက် Apple Store တို့က တစ်ဆင့် Download ပြုလုပ်နိုင်သလို threads.net ကတစ်ဆင့်လည်း QR Code Scan ဖတ်ပြီး Download ဆွဲနိုင်မှာ ဖြစ်ပါတယ်။