foodpanda Myanmar နှင့် Community Partners International (CPI) တို့ပူးပေါင်းပြီး “End TB Together” တီဘီရောဂါ အသိပညာပေးကမ်ပိန်းပြုလုပ်

နှစ်စဥ်မတ်လ (၂၄) ရက်နေ့တွင် ကျရောက်သည့် ယခုနှစ် ကမ္ဘာ့တီဘီ ရောဂါတိုက်ဖျက်ရေးနေ့တွင် အသိပညာပေး လုပ်ဆောင်မှု အစီအစဥ်အဖြစ် နည်းပညာအခြေပြု ထိပ်တန်း ပို့ဆောင်ရေး အက်ပလီကေးရှင်း ပလက်ဖောင်းတစ်ခု ဖြစ်သည့် foodpanda သည် Community Partners International (CPI) နှင့် ပူးပေါင်းပြီး End TB Together ဆိုသည့် တီဘီရောဂါ အသိပညာပေးကမ်ပိန်းကို စတင် လိုက်ပါသည်။ ထိုလှုပ်ရှား လုပ်ဆောင်မှုမှတဆင့် မြန်မာနိုင်ငံတွင် ဖြစ်ပွား လျက်ရှိသည့် တီဘီရောဂါ၏ သက်ရောက်မှုများဖြစ်သည့် ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အကျိုးသက် ရောက်မှုများ အကြောင်းကို ပြည်သူများအား အသိပညာပေးခြင်းနှင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင် စေရန် ရည်ရွယ်ချက်ကောင်းများစွာဖြင့်  ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပါသည်။

 

Image: foodpanda

“အားလုံးပူးပေါင်းဆောင်ရွက်ကာ၊ တီဘီရောဂါတိုက်ဖျက်မှာ၊ ပပျောက်နိုင်တာအမှန်ပါ။” ဟုဆိုသည့် ၂၀၂၃ ခုနှစ် ကမ္ဘာ့တီဘီ ရောဂါတိုက်ဖျက်ရေးနေ့ မြန်မာပြန်ဆောင်ပုဒ်နှင့်အညီ foodpanda နှင့် CPI တို့လက်တွဲကာ တီဘီရောဂါ အဆုံးသတ်ရေး အတွက် အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အပြင် အပြုသဘောဆောင်သော အပြောင်းအလဲများကို အားပေးကာ တီဘီရောဂါကို အပြီးတိုင် အမြစ်ဖြတ် ဖယ်ရှားပစ်ရန်အတွက် အစွမ်းကုန် ကြိုးပမ်း လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် တီဘီရောဂါဖြစ်ပွားမှုနှုန်းသည် ၂၀၂၀ ခုနှစ်မှ စတင်ပြီး  ယခုအချိန်ထိ တိုးလာလျက်ရှိပြီး ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ ၂၀၂၂ ခုနှစ် တစ်ကမ္ဘာလုံးဆိုင်ရာ တီဘီရောဂါ အစီရင်ခံစာအရ မြန်မာနိုင်ငံ သည် တီဘီရောဂါဖြစ်ပွားမှု မြင့်မားသည့် နိုင်ငံများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ရောဂါခံစားနေရ သူပေါင်း ၁၉၄,၀၀၀ ဦး ခန့်ရှိကြောင်း သိရှိရပါသည်။ တီဘီရောဂါကိုတိုက်ဖျက်နိုင်ရန်အတွက် ကမ္ဘာ့တီဘီရောဂါ အဆုံးသတ်စေရေးအတွက် ပညာ‌‌ပေးကဏ္ဍနှင့် အခြားလိုအပ်သည့် အရင်းအမြစ်များတွင် ရင်းနှီးမြုပ်နှံဖို့အရေးတကြီးလိုအပ်လျက်ရှိပါသည်။

Image: foodpanda

ယခုကမ်ပိန်းသည် ပြည်သူလူထူနှင့်  တီဘီရောဂါဖြစ်နိုင်ခြေရှိသောသူများကို ကျန်းမာရေးအသိပညာပေးမြှင့်တင်ပေးခြင်း၊ စောလျင်စွာ ရောဂါရှာဖွေခြင်းနှင့် ထိရောက်သော ကုသခြင်းများအတွက် အသိပညာပေးလှုံ့ဆော်မှုများကို ကူညီပံ့ပိုး ပေးသွားမည်ဖြစ်ပါသည်။ ထို့အပြင် လိုအပ်သောသူများအတွက် တီဘီရောဂါရှာဖွေကုသရေး ဝန်ဆောင်မှု အခမဲ့ရရှိနိုင်သည့် နေရာများကို အကူညီပေးရေးဖုန်းနံပါတ် ၀၉ ၈၈၀ ၄၄၁ ၀၈၀ မှတဆင့် အခမဲ့ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိ ပေးမျှဝေသွားမည်ဖြစ်ပါသည်။

ထို့အပြင် panda rider ၁၂၀၀ ခန့်သည် ရန်ကုန်မြို့တခွင် နေ့စဥ်ပို့ဆောင်ရေးလုပ်ငန်းများလုပ်ဆောင်စဥ်  End TB Together ကမ်ပိန်း၏ လှုပ်ရှားလှုံ့ဆော်မှုများပါ၀င်သည့် တီရှပ်များကို ဝတ်ဆင်ပြီး တီဘီရောဂါအန္တရာယ်ကို မီးမောင်းထိုးပြကာ အများပြည်သူများအနေဖြင့် တီဘီရောဂါသံသယလက္ခဏာများ ခံစားရပါက စစ်ဆေးပြီး ကုသရန် အများပြည်သူများကို တိုက်တွန်းမှုများ ပြုလုပ်သွား မည်ဖြစ်သည်။

“foodpanda အနေနဲ့ မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုများကို ပေးရုံသာမက မြန်မာနိုင်ငံတစ်ဝန်းက ကဏ္ဍ အလိုက် အကျိုးသက်ရောက်မှုရှိစေမယ့် အသိပညာရေးဆိုင်ရာ အစီအစဉ်များမှတဆင့် လူမှုအသိုက်အဝန်းကို ပြန်လည် လုပ်ဆောင် ပေးလျက်ရှိပါတယ်။ foodpanda က CPI နဲ့ ပူးပေါင်းပြီးပြည်သူတွေကို အသိပညာ ပေးရင်း တီဘီရောဂါ အသိပညာပေးရေးနဲ့ ကာကွယ်ရေးပညာပေးလုပ်ငန်းတွေမှာ ပူးပေါင်း ပါဝင်ဆောင် ရွက်ခွင့်ရတဲ့အတွက် အတိုင်းထက်အလွန် ဂုဏ်ယူမိပါတယ်” ဟု foodpanda ၏ လာအို၊ ကမ္ဘောဒီးယား နှင့် မြန်မာ Cluster ၏ အမှုဆောင်အရာရှိချုပ် ဦးဇေယျာမင်းက ပြောကြားခဲ့ပါသည်။

“တီဘီရောဂါတိုက်ဖျက်ရေး ကြိုးပမ်းမှုမှာ foodpanda အနေနဲ့ပါဝင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မတို့နဲ့ ပူးပေါင်းပြီး လူတိုင်းကျန်းမာသုခ ရရှိစေဖို့အတွက် အားလုံးအတူတူ ပူးပေါင်းပါဝင်ဖို့လည်း ဖိတ်ခေါ်ပါတယ်။ တီဘီရောဂါဟာ မြန်မာနိုင်ငံရဲ့ ပြည်သူ့ကျန်းမာရေး စိန်ခေါ်မှုတွေထဲက အဓိကကျတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ မျှော်မှန်းချက် ကတော့ မြန်မာနိုင်ငံမှာ တီဘီရောဂါရှိသူတွေနဲ့ ကုသဖို့ လိုအပ်နေသူတွေကို ကုသပေးပြီး  ရောဂါပြန့်ပွားမှုနဲ့ ကူးစက်မှု အသစ်တွေကို တားဆီးကာကွယ်ခြင်းနဲ့ တီဘီရောဂါကင်းစင်တဲ့ နိုင်ငံဖြစ်ဖို့ပဲဖြစ်ပါတယ်။ ဒါကို ကျွန်မတို့အတူတူ လုပ်ဆောင်လို့ရပါတယ်” ဟု CPI မှ စီမံချက်ဒါရိုက်တာ ဒေါက်တာယဉ်မင်းသောင်းက မှတ်ချက်ပေး ပြောဆိုခဲ့ပါသည်။

Image: foodpanda

Panda rider တစ်ဦးကလည်း “အစားအစာပို့ဆောင်သူတစ်ယောက်အနေနဲ့ ဒီလို တီဘီရောဂါအကြောင်း အသိပညာပေး မြှင့်တင်ခြင်းမှာ တစ်စိတ်တစ်ပိုင်းပါဝင်ရတာ ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ရဲ့ သတင်းစကား တွေကို နေရာအနှံ့က ပြည်သူတွေဆီကို ပို့ဆောင်ဖို့ ထူးခြားတဲ့ အခွင်းအရေးတစ်ခုရှိတယ်လို့မြင်ပါတယ်။ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှု တွေက ခြားနားချက်တစ်ခုကို အမှန်တကယ် ဖန်တီးပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒီရောဂါကို အတူတူတိုက်ဖျက်ကြပါစို့” ဟု ပြောကြားခဲ့ပါသည်။

foodpanda နှင့် CPI တို့သည် ပို့ဆောင်သူများ၊ ရောင်းချသူများနှင့် ပိုမိုကြီးမားသော လူမှုအသိုက်အဝန်း များ ပါ၀င်သည့် တီဘီရောဂါ အသိပညာပေးလှုပ်ရှားမှုများကို ဆက်တိုက်လုပ်ဆောင်ပေးမည်ဖြစ်ပါသည်။ ထိုလုပ်ဆောင်မှုများသည် foodpanda ၏ လူနေမှုဘဝများ မြှင့်တင်ရန်နှင့်ရပ်ရွာအကျိုးအတွက် ပံ့ပိုးကူညီရန်၊ မြန်မာပြည်သူများအနေဖြင့် ကျန်းမာရေး ကို ပိုမိုဂရုပြုပြီး ကျန်းမာကြံ့ခိုင်သည့် လူနေမှုဘဝကို ရရှိစေရန်အသိပညာပေး အစီအစဥ်များဖြင့် foodpanda ၏ ရေရှည် ကတိကဝတ်ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုမှတဆင့် foodpanda နှင့် CPI တို့သည် တီဘီရောဂါကင်းစင်သောကမ္ဘာနှင့် ပိုမိုနီးကပ်လာစေရန် အတူတကွလုပ်ဆောင်မည်ဖြစ်ပြီး လူတစ်ဦးချင်းစီသည် တီဘီ ရောဂါကို ကာကွယ်ပြီး ကုသနိုင်သောရောဂါကို တိုက်ဖျက်ရန် လိုအပ်သော စောင့်ရှောက်မှုနှင့် အရင်းအမြစ်များကို ရယူ နိုင်ကြောင်း သေချာစေမည်ဖြစ်သည်။