သုံးနှစ်တာကာလအတွင်း အောင်မြင်မှုမှတ်တိုင်များ ရရှိထားမှုနှင့်အတူ (၃) နှစ် မြောက် နှစ်ပတ်လည် အခမ်းအနား ကို foodpanda ကျင်းပ

ထိပ်တန်း အစားသောက်ပို့ဆောင်ရေးနည်းပညာ ကုမ္ပဏီဖြစ်သော foodpanda သည် မြန်မာနိုင်ငံအတွင်း ဝန်ဆောင်မှုပေးအပ်သည့်ကာလ သုံးနှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် (၃) နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကို ကျင်းပခဲ့ပါသည်။

(၂၀၁၉) ခုနှစ် ဒီဇင်ဘာလ မှစတင်၍ မြန်မာနိုင်ငံစျေးကွက်သို့ စတင်ဝင်ရောက်လာသော foodpanda သည် အလျင်အမြန်တိုးတက်လျက် ရှိသည့် စီးပွားရေးလုပ်ငန်းဖြစ်သည့်အပြင် ရန်ကုန်နှင့် မန္တလေးကဲ့သို့သော မြို့ကြီးများတွင် အခြေခိုင်မာစွာ တည်ရှိမှုနှင့်အတူ မြို့ပေါင်း (၁၆) မြို့တွင် ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ၌ ၎င်းစတင် ဝန်ဆောင်မှုပေးခဲ့သည့် ဒီဇင်ဘာလတွင် စီးပွားရေးမိတ်ဖက်များအပါအဝင်အခြားသော လူမှုအဖွဲ့အစည်းတို့နှင့် အတူ foodpanda  ၏ အောင်မြင်မှု မှတ်တိုင်များအတွက် အထိမ်းအမှတ်အစီအစဉ်ကို လူမှုအကျိုးပြုအစီအစဉ်ပေါင်းများစွာဖြင့် လုပ်ဆောင်လျက်ရှိသည်။

 

“ဒီသုံးနှစ်တာ အောင်မြင်မှုဟာ မိမိတို့ တာဝန်ယူထားတဲ့ နေရာအသီးသီးတွေကနေစွမ်းစွမ်းတမံ လုပ်ဆောင် ပေး နေတဲ့ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ဝန်ထမ်းတွေအပါအဝင် အဓိက အခန်းကဏ္ဍကပါဝင်နေတဲ့ ပို့ဆောင်သူတွေ၊ မိတ်ဖက်ဆိုင်တွေ၊ သုံးစွဲသူတွေရဲ့ ဟန်ချက်ညီ ညီလက်တွဲလုပ်ဆောင်မှုတွေကြောင့် ရရှိတဲ့ အသီးအပွင့်တွေပဲဖြစ်ပါတယ်။ ဒါတွေကဒီသုံးနှစ်တာကာလမှာ ရေရှည်တည်မြဲနေပြီး ဖွံ့ဖြိုးမှုတွေကို အားသစ် လောင်းပေးနေတဲ့ အဓိကအကြောင်းရင်းလည်း ဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေးအပါအဝင် အခြားမြို့တွေမှာရှိတဲ့ ကျွန်တော်တို့ရဲ့ ပို့ဆောင်သူတွေနဲ့ စီးပွားဖက် မိတ်ဖက်ဆိုင်တွေကို အခုလို အချိန်အခါသမယမှာ ဂုဏ်ပြု အစီအစဥ်၊ အခမ်းအနားတွေနဲ့အတူ သုံးနှစ်မြောက် မွေးနေ့ကာလကို အတူတူ ကျွန်တော်တို့ တိုးတက်လာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို တိုးမြှင့်လုပ်ဆောင်လာမှာ ဖြစ်ပါတယ်။ ကျွန်တော် တို့နဲ့အတူ ဒီခရီးလမ်းမှာ အချင်းချင်း ဖေးမ ကူညီထောက်ပံ့ ပေးတဲ့ သုံးစွဲသူတွေ၊ ပို့ဆောင်သူတွေ၊ လုပ်ဖော် ကိုင်ဖက်တွေ၊ စီးပွားမိတ်ဖက်ဆိုင်တွေနဲ့ အခြားသော မိတ်ဖက် ပါတနာတွေ အားလုံးကို အထူးပဲ ကျေးဇူး တင်ပါတယ်။ အဲ့လိုတွေသာမရှိဘူးဆိုရင် မြန်မာနိုင်ငံမှာ ကျွန်တော်တို့ အခုလိုမျိုး မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်မှာ မဟုတ်ပါဘူး” ဟု ကမ္ဘောဒီးယား၊ မြန်မာနှင့် လာအိုနိုင်ငံဆိုင်ရာ foodpanda ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးဇေယျာမင်းမှ ပြောကြားခဲ့သည်။

Image: foodpanda

foodpanda အနေဖြင့် (၂၀၂၂) ခုနှစ် ဒီဇင်ဘာလနှင့် (၂၀၂၃) ခုနှစ် ဇန်နဝါရီလအတွင်း ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များရှိ လိုအပ်မှုများရှိသည့် လူမှုအသိုင်းအဝိုင်းများအတွက် လူဦးရေ ၃၀,၀၀၀ စာ အစားအသောက်များ မျှဝေခြင်းကို မိတ်ဖက်အဖွဲ့အစည်း များဖြစ်သည့် Myanmar Kitchen (ရန်ကုန်)၊ ချမ်းမြသုခ – ပရဟိတ လူမှုကူညီရေးအသင်း (မန္တလေး) နှင့် တောင်ကြီးရှိ ပရဟိတအသင်းများနှင့်အတူ လုပ်ဆောင်လျက် ရှိပါသည်။ foodpanda ကို ပံ့ပိုး ပေးလျက်ရှိသည့် မိတ်ဖက်ဆိုင်များနှင့် ပို့ဆောင်သူများအတွက် အသိအမှတ်ပြုတန်ဖိုးထားသည့် ဂုဏ်ပြုပွဲများနှင့် ဆုချီးမြှင့်ပွဲများ ကို မန္တလေးမြို့တွင် ဒီဇင်ဘာလလ (၂) ရက်နှင့် (၃)ရက်နေ့တို့တွင်လည်းကောင်း ရန်ကုန်မြို့တွင် ဒီဇင်ဘာလ (၁၃) ရက်နေ့နှင့် (၁၉) ရက်နေ့တို့တွင် လည်းကောင်း  ကျေးဇူးတင်ဂုဏ်ပြု အခမ်းအနားများ စီစဥ်ကျင်းပခဲ့ပါသည်။

နည်းပညာအထောက်အပံ့ဖြင့် ဝန်ဆောင်မှုပေးနေသည့် foodpanda Myanmar ၏ လုပ်ငန်းလည်ပတ်မှုတွင် ပို့ဆောင်ပေးသူများသည် အလွန်အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ အစွမ်းကုန် ကြိုးစားလုပ်ဆောင်ပေးပို့ပေးခဲ့သည့် ထိပ်တန်းထူးချွန်သူ ပို့ဆောင်သူများအတွက် Riders Retreat အစီအစဥ်ကို  foodpanda အနေဖြင့် စီစဥ်ဆောင် ရွက်သွားမည်ဖြစ်သည်။ အဆိုပါ အစီအစဥ်မှ တစ်ဆင့် ပို့ဆောင်ပေးနေသူများအကြား ကောင်းမွန်သည့် အပြန်အလှန်ဆက်ဆံရေးကို ပိုမိုမြှင့်တင်ပေးနိုင်မည်သာမက လုပ်ငန်းခွင်တွင် ခိုင်မာသည့် ဦးတည်ချက်ပိုမိုရရှိလာစေရန် နှင့် ၎င်းတို့အားလုံးနေထိုင်သော ရပ်ရွာအသိုက်အဝန်းအတွက် ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများဖြင့် အားလုံး မျှဝေခံစားသွားနိုင်မည့် ပန်းတိုင်ကို ဖော်ဆောင်ပေးနိုင် မည်ဖြစ်သည်။

Image: foodpanda

ထို့အပြင် ပို့ဆောင်သူများ အတွက် ပထမဆုံးသော အွန်လိုင်း သီချင်းဆိုပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးပြီး ထိုမှတစ်ဆင့် ပို့ဆောင်သူတို့၏ စိတ်အားထက်သန်မှုနှင့် ပင်ကိုယ်စွမ်းရည်တို့ကို ပြသနိုင်မည့်အပြင် စိတ်ကူးယဥ်အိပ်မက်များကို အကောင်အ ထည်ဖော်နိုင်မည်ဖြစ်သည်။ ပိုမိုကောင်းမွန်သည့် ပင်ကိုယ်စွမ်းရည်တိုးတက်လာစေရန်အတွက် ထိပ်တန်းပြိုင်ပွဲ ဝင် (၃) ဦးကို ဂီတနယ်ပယ်မှ လေးစားထိုက်သော အတတ်ပညာရှင်များမှ အနီးကပ် လမ်းညွှန်ပြသပေးသွားမည့် အပြင် ငွေသားကျပ် သိန်း (၅၀) အထိ ရရှိခံစားနိုင်မည်ဖြစ်သည်။

foodpanda ၏ နှစ်ပတ်လည်လဖြစ်သည့် ဒီဇင်ဘာလတွင် သုံးစွဲသူ များအနေဖြင့် foodpanda အက်ပ်မှတစ်ဆင့် အချို့သော ထုတ်ကုန်၊ အစားအသောက်များအတွက် အထူး လျော့ဈေးများဖြင့် ရရှိ ဝယ်ယူ၊ စားသုံးနိုင်မည်ဖြစ်သည်။