သုံးစွဲသူများအား နေ့ရက်တိုင်းတွင် အကောင်းဆုံးရှင်သန်နေထိုင်နိုင်စေရန် foodpanda Myanmar မှ အေးဆေးစိတ်ကြိုက် ပန်ဒါလိုရှင်န်လိုက် အစီအစဉ်ကိုမိတ်ဆက်

အစားအသောက်ပို့ဆောင်ရေး နည်းပညာပလက်ဖောင်းတစ်ခုဖြစ်ည့် foodpanda သည် ၎င်း၏ အက်ပ်ကို သုံးစွဲသူများ အားလုံးအနေဖြင့် မိမိတို့၏ ကိုယ်ပိုင်အချိန်များကို မိမိတို့ကြိုက်နှစ်သက်သော အရာများပေါ်တွင် ပို၍အချိန်ပေးကာ အားစိုက်လုပ်ဆောင်နိုင်စေရန် ခွန်အားပေးလိုသည့် ရည်ရွယ်ချက်ဖြင့် foodpanda အမှတ်တံဆိပ်၏ အတွေးအပြင်အသစ်တစ်ခုဖြစ်သည့် “Live Like a Panda” (အေးဆေးစိတ်ကြိုက် ပန်ဒါလိုရှင်သန်လိုက်) ဆိုသည့် အစီအစဉ်ကို မိတ်ဆက်လိုက်ပါသည်။

image: foodpanda

#LiveLikeAPanda အစီအစဉ်ကို မိမိစိတ်ကြိုက်အကောင်းဆုံးနှင့် အရိုးရှင်းဆုံးသော နေထိုင်မှုပုံစံများကို ကျင့်သုံးသည့် ပန်ဒါများ၏ ရှင်သန်နေထိုင်မှုများအပေါ် အခြေခံပြီး ပုံဖော်ထားခြင်းဖြစ်ပါတယ်၊။ ဤအယူအဆကို ပုံဖော်ရာတွင် foodpanda အဖွဲ့သားများသည် ပန်ဒါများကို နာရီပေါင်းများစွာကြာအောင် လေ့လာစောင့်ကြည့်ခဲ့ပြီး ပန်ဒါများ၏ ပူပန်မှု အနည်းဆုံးနှင့် လွတ်လပ်ပေါ့ပါးစွာ နေထိုင်သွားလာနေထိုင်သည့် အကျင့်စရိုက်များအား စံနမူနာထားကာ လူသားများအနေဖြင့်လည်း မိမိတို့အား စိတ်ချမ်းသာပျော်ရွှင်မှုကို ဖြစ်ပေါ်စေသည့် အရာများအတွက် အချိန်ပေးပြီး နေ့ရက်တိုင်ူးတွင် မည်သည့်အခြေအနေမျိုးတွင် မဆို အကောင်းဆုံးရှင်သန်နိုင်ရန်အတွက် တိုက်တွန်းလိုသည့် ရည်ရွယ်ချက်ဖြစ်ပါသည်။ foodpanda အနေဖြင့် အေးဆေးစိတ်ကြိုက်ရှင်သန်နိုင်မည့် အမူအကျင့်ကောင်းများကို သုံးစွဲသူများနှင့် ပိုမိုကျယ်ပြန့်သော လူမှုအဖွဲ့အစည်းများဆီသို့ ယူဆောင်လာသည့် ရည်ရွယ်ချက်များဖြင့် “အေးဆေးစိတ်ကြိုက် ပန်ဒါလိုရှင်သန်လိုက်” မိတ်ဆက်ပွဲကို မေလ (၂၇) ရက်နှင့် (၂၈) ရက်နေ့များတွင် ရန်ကုန်မြို့ Junction City ၌ စိတ်ဝင်စားဖွယ်ရာ အစီအစဉ်ကောင်းများစွာဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်သည်။

image: foodpanda

“သုံးစွဲသူတွေအနေနဲ့ နေ့တစ်ဓူဝ အချိန်တွေကို ဖြတ်သန်းတဲ့အခါမှာ ဘယ်လိုအခြေအနေမျိုးနဲ့ ကြုံကြုံလက်ရှိအခြေအနေမှာ အကောင်းဆုံး ရှင်သန်နေထိုင်ပြီး မိမိကြိုက်တဲ့အရာတွေ၊ မိမိချစ်တဲ့သူတွေအတွက် အချိန်ပေးပြီး အေးဆေးစိတ်ကြိုက် ရှင်သန်နိုင်ဖို့အတွက် မျှော်လင့်ပါတယ်” ဟု foodpanda ၏ Head of Marking (Cambodia, Laos, Myanmar) ဖြစ်သူ Norine Yune မှပြောကြားခဲ့ပါသည်။

“အေးဆေးစိတ်ကြိုက် ပန်ဒါလိုရှင်သန်လိုက်” ဆိုတဲ့ new brand philosophy က ကျွန်မတို့ရဲ့ ဘဝကို အပြည့်ဝဆုံး အဓိပ္ပာယ် အရှိဆုံး ရှင်သန်နေထိုင်ဖို့ဆိုတဲ့ အတွေးအခေါ်အပေါ် အခြေခံပါတယ်။ နေ့စဉ်တာဝန်တွေလုပ်ငန်းဆောင်တာတွေမှာပဲ ပိတ်မိပြီး ကျွန်မတို့ တကယ်နှစ်သက်တဲ့အရာတွေကို ဦးစားပေးမှုမရှိတဲ့ အခြေအနေမျိုးတွေကို မကြာခဏ ကြုံရတတ်ပါတယ်။ ဒီလိုတခြား ဦးစားပေးတွေနဲ့ ပြည့်နေတဲ့ နေ့စဉ်ဘဝမှာ ကိုယ့်ကိုယ်ကို တကယ်ပျော်ရွှင်စေမယ့်အရာတွေ အတွက်လည်း အချိန်ပေးဖို့ #အေးဆေးစိတ်ကြိုက် ပန်ဒါလိုရှင်သန်လိုက် brand philosophy ကနေတဆင့် ခွန်အားပေးချင်တာ ဖြစ်ပါတယ်။ ကိုယ်ချစ်တဲ့သူတွေအတွက် အချိန်ပိုပေးဖို့၊ ကိုယ်နှစ်သက်တဲ့ ဝါသနာပါတဲ့ အရာတွေအတွက် အချိန်ပိုပေးပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့က အရေးကြီးပါတယ်။ ဒီလို လိုအပ်နေတဲ့ အချိန်တွေပိုပေးနိုင်ဖို့ foodpanda ပလက်ဖောင်းမှာရှိတဲ့ လွယ်ကူလျင်မြန်တဲ့ ဝန်ဆောင်မှုတွေကနေတဆင့် ကျွန်မတို့ရဲ့ သုံးစွဲသူ customer တွေကို တစ်ဖက်တစ်လမ်းက အထောက်အကူပေးနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ထပ်လောင်းမှတ်ချက်ပြု ပြောကြားခဲ့ပါသည်။

Image: foodpanda

Foodpanda ပလက်ဖောင်းကို အသုံးပြုနေလျက်ရှိကြသည့် စားသောက်ဆိုင်၊ ဆိုင်ပါတနာများနှင့် panda rider များကိုလည်း ၎င်းတို့၏ ဘဝများကို အကောင်းဆုံးရှင်သန်နိုင်ရန် တစ်ဖက်တစ်လမ်းမှနေ၍ ပုံ့ပိုးပေးနိုင်ရန် ပိုမိုကောင်းမွန်သည့် ပလက်ဖောင်းအတွေ့အကြုံများအတွက်လည်း နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှု များကို အစဉ်တစိုက် ဆက်လက်လုပ်ဆာင်သွားပြီး အချက်အပြုတ် ဝါသနာပါသူများ အတွက်လည်း ဝါသနာအပေါ်အရင်းခံပြီး foodpanda ပလက်ဖောင်းတွင် လုပ်ငန်းစတင်နိုင်ရန် Homechef program နှင့် panda rider များအတွက် training program နှင့် talk show အစီအစဉ်များကိုလည်း ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်သည်။