Ooredoo မှ သုံးစွဲသူဝန်ဆောင်မှုအတွေ့အကြုံနှင့် လူမှုဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာဆုကြီးများစွာ ဆွတ်ခူး

Ooredoo မှ ဈေးကွက်ထိပ်တန်းထုတ်ကုန်များအားဝန်ဆောင်မှုပေးခြင်း၊ စီးပွားရေးဆိုင်ရာလုပ်ငန်းဆောင်တာများတွင် ဆန်းသစ်တီထွင်ခြင်းနှင့် ဆက်သွယ်ရေး လုပ်ငန်းနယ်ပယ်တွင်လူမှုရေးအရတာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်လာစေရန် ပိုမိုကျယ်ပြန့်စွာအားစိုက်ဆောင်ရွက်ချက်များကို အသိအမှတ်ပြုခံရသောအားဖြင့် မကြာသေးမီက ကျင်းပပြုလုပ်ခဲ့သောနိုင်ငံတကာဆုပေးပွဲအခမ်းအနားများတွင်ဂုဏ်ပြုဆု ၁၇ ဆုရရှိခဲ့သည်။
“ဒီထင်ရှားကျော်ကြားလှတဲ့ဆုတွေဟာ အူရီဒူးရဲ့ ဈေးကွက်နှင့်ပတ်သတ်ပြီး ဆက်လက်ဖော်ဆောင်နေတဲ့ မဟာဗျူဟာနဲ့ ထုတ်ကုန်ဆန်းသစ်တီထွင်မှုဆိုင်ရာ မဟာဗျူဟာများအပြင် ဒေသခံလူမှုအသိုင်းအဝိုင်းတွေကို ပံ့ပိုးပေးခြင်းအားဖြင့် လူမှုရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကထားလုပ်ဆောင်ချက်တွေကိုသက်သေပြသနေပါတယ်။ ကျွန်တော်တို့ ရဲ့ အရှေ့အလယ်ပိုင်းဒေသ၊ မြောက်အာဖရိကနှင့် အရှေ့တောင်အာရှတစ်ဝှမ်းရှိ သုံးစွဲသူများ(ဝန်ဆောင်မှုအသုံးပြုသူများ နှင့် စီးပွားရေးလုပ်ငန်များ) အတွက်ကျွန်တော်တို့ရဲ့ ကတိအတိုင်း ပိုမိုတိုးတက် ကောင်းမွန်အောင်လုပ်ဆောင်ပြီး ဆက်သွယ်ရေးလုပ်ငန်းနယ်ပယ်အတွင်း အကောင်းဆုံး အဆင့်မြင့်မိုဘိုင်းဝန်ဆောင်မှုများကို ရေရှည်တည်တံ့စွာ ပေးအပ်နိုင်အောင် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”ဟု Ooredoo Group၏ Managing Directorနှင့် CEO ဖြစ်သူAziz Aluthman Fakhroo က ပြောကြားသည်။

Photo Source https://www.facebook.com/OoredooMyanmar

အူရီဒူးသည် ၂၀၂၂ ခုနှစ်တွင် အာရှပစိဖိတ်ဒေသ Stevie Awards (APAC) တွင် ၎င်း၏ အာရှရှိ ဈေးကွက်များတွင် ကုမ္ပဏီ၏ ဝန်ဆောင်မှုအရည်အသွေးကို အသိအမှတ်ပြုခြင်းခံရသည့်အနေဖြင့် ရွှေတံဆိပ် သုံးဆု၊ ငွေတံဆိပ် နှစ်ဆုနှင့် ကြေးတံဆိပ်သုံးဆု စသည်ဖြင့် သီးခြားဆု ရှစ်ဆုကိုဆွတ်ခူးရရှိခဲ့သည်။
အူရီဒူးမြန်မာသည် လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍတွင် ဆန်းသစ်တီထွင်အောင်မြင်မှု Innovative Achievement in Human Resources’အတွက် ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ အူရီဒူးမော်လ်ဒိုက်မှလုပ်ငန်းပိုင်းဆိုင်ရာပြန်လည်ထူထောင်ရေးတွင် ဆန်းသစ်တီထွင် အောင်မြင်မှု Innovative Achievement in Organization Recovery အတွက်လည်းကောင်း၊ Indosat Ooredoo Hutchison မှ နည်းပညာနယ်ပယ်တွင် တီထွင်ဆန်းသစ်နိုင်မှု အကောင်းဆုံးဆု Excellence in Innovation in Technology Industries တွင် ရွှေတံဆိပ်ဆုများကို အသီးသီးဆွတ်ခူးရရှိခဲ့သည်။
အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/OoredooMyanmar