စိတ်ဓာတ်ခွန်အားမြင့်တက်လာစေရန် ရည်ရွယ်ပြီး MPT Freestyle Football Challenge ဗွီဒီယိုပြိုင်ပွဲကို မိတ်ဆက်

MPT သည် မိတ်ဖက်အဖွဲ့အစည်းဖြစ်သော မြန်မာနေရှင်နယ်လိဂ် (MNL) နှင့် ပူးပေါင်း၍ မြန်မာ့ဘောလုံးဝါသနာရှင်များ အိမ်တွင်နေထိုင်စဉ်ကာလအတွင်း မိမိတို့၏ ဘောလုံးစွမ်းရည်များကို ပြသနိုင်သည့် “MPT Freestyle Football Challenge ” အွန်လိုင်းဗွီဒီယိုပြိုင်ပွဲကို ၂၀၂၀ ခုနှစ် မေလ ၂၁ ရက်နေ့တွင် စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ပျော်ရွှင်စရာကောင်းသည့် “MPT Freestyle Football Challenge” အွန်လိုင်းဗွီဒီယိုပြိုင်ပွဲကို လတ်တလောတွင်ဖြစ်ပွား နေသည့် COVID-19 အချိန်ကာလအတွင်း ကျန်းမာရွှင်လန်းတက်ကြွသော လူနေမှုဘဝပုံစံအတွက် စိတ်ဓာတ်ခွန်အား မြင့်တက်လာစေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းလည်းဖြစ်သည်။ ဘောလုံးကစားခြင်းကို ကြိုက်နှစ်သက်သည့် မြန်မာနိုင်ငံသားတိုင်း ပျော်ရွှင်စရာကောင်းသည့် အွန်လိုင်းဗွီဒီယို ပြိုင်ပွဲကိုပါဝင်နိုင်ပြီး ပြိုင်ပွဲဝင်များသည် ၎င်းတို့၏ ဘောလုံးစွမ်းရည်ကို (နမူနာဗွီဒီယိုတွင် ပြသထားသည့် အတိုင်း) ရိုက်ကူးထားသော ယှဉ်ပြိုင်ကစားမှုဗွီဒီယိုကို MPT ၏ ပြိုင်ပွဲပေါ်တယ်ဝက်ဘ်ဆိုက် ဖြစ်သည့် http://mptfreestylefootball.com/ (မေလ ၂၂ ရက်၊ နေ့လည် ၁၂ နာရီတွင် စတင်အသုံးပြုနိုင်မည်။) တွင် တင်ကာ ယှဉ်ပြိုင်ခြင်းဖြင့် ဆုလက်ဆောင်များကို ရရှိခံစားနိုင်မည် ဖြစ်သည်။ ယှဉ်ပြိုင်သည့် ဗွီဒီယို သတ်မှတ် အချိန်သည် အနည်းဆုံး စက္ကန့် ၃၀ နှင့် အများဆုံး ၃ မိနစ်အထိ ရှိရမည် ဖြစ်သည်။

Photo Source https://www.facebook.com/mptofficialpage

ပြိုင်ပွဲဝင်များသည် ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၃ ရက်မှစတင်ကာ MPT ဆင်းမ်ကတ်နှင့် သက်ဆိုင်ရာ ကိုယ်ရေးအချက် အလက်များကို ဖြည့်သွင်း၍ ပြိုင်ပွဲဝင် ဗွီဒီယိုကို ပြိုင်ပွဲပေါ်တယ်ဝက်ဘ်ဆိုက်သို့ တင်ရမည် ဖြစ်သည်။ အရည်အချင်းပြည့်ဝ သော ပြိုင်ပွဲဝင်ဗွီဒီယိုများကို ရွေးချယ်နိုင်ရန်အတွက် ပြိုင်ပွဲဝင်များသည် ဗွီဒီယိုကို ပြိုင်ပွဲပေါ်တယ်ဝက်ဘ်ဆိုက်တွင် တင်ထားသော ဗွီဒီယိုကို မိမိ၏ ကိုယ်ပိုင် ဖေ့စ်ဘွတ်ခ်အကောင့် တွင် Hashtag(#MPTFreestyleFootballChallenge) ဖြင့် Public post တင်ရမည် ဖြစ်သည်။
“COVID-19 ကူးစက်ရောဂါအခြေအနေကြောင့် အားကစားလှုပ်ရှားမှုတွေကိုလည်း နိုင်ငံအနှံ့ ဆိုင်းငံ့ထားရပြီး လူအများစု ကတော့ ကိုယ့်အိမ်ထဲမှာပဲ လေ့ကျင့်လုပ်ကိုင်နေကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အိမ်မှာနေရစဉ်ကာလအတွင်း ကျွန်တော် တို့ရဲ့ ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာကို ကျန်းမာသန်စွမ်းပြီး တက်ကြွနေစေဖို့ ထိန်းသိမ်းထားရန်လိုအပ်ပါတယ်။ အခု ဆောင်ရွက်လိုက်တဲ့ “MPT Freestyle Football Challenge” အွန်လိုင်းဗွီဒီယိုပြိုင်ပွဲက လူတိုင်းကိုကိုယ်လက်လှုပ်ရှားမှုတွေ လိုက်လုပ်နိုင်စေဖို့ ရည်ရွယ်ထား တာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲက ပျော်ရွှင်စရာကောင်းပြီး ကိုယ့်ကိုယ်ကိုစိန်ခေါ်တဲ့အနေနဲ့ မိမိတို့ရဲ့ ဘောလုံး စွမ်းရည်တွေကို ပြသနိုင်တဲ့အပြင် နာမည်ကြီးဘောလုံးကစားသမားတွေရဲ့ အကဲဖြတ်အကြံ ပေးမှုတွေကို ခံယူရင်း ဆုတွေလည်း ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်” ဟု MPT-KSGM JO ၏ Chief Commercial Officer ဖြစ်သူ Mr.Tetsunori Nagashima က ပြောကြားသည်။
ပြိုင်ပွဲပေါ်တယ်ဝက်ဘ်ဆိုက်တွင် အစောဆုံး ယှဉ်ပြိုင်ကစားမှုဗွီဒီယိုတင်ကာဝင်ရောက်ယှဉ်ပြိုင်သူ အယောက် (၂၀) အနေဖြင့် နာမည်ကြီး ဘောလုံးကစားသမားများ၏ အမှတ်တရ လက်မှတ်ရေးထိုးပေးထားသည့် ဘောလုံးကို အထူး Early Bird ဆုလက်ဆောင်အဖြစ် ရရှိပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
ထို့အပြင် ပြိုင်ပွဲတွင်အနိုင်ရရှိမည့် ပြိုင်ပွဲဝင် (၂၀)ဦးကို အားပေးသူပရိသတ်များ၏ မဲပေးမှု ၅၀ ရာခိုင်နှုန်း နှင့် နာမည်ကြီး ဘောလုံးအားကစားသမားဖြစ်သော မျိုးလှိုင်ဝင်း၊ စိုးမြတ်မင်းနှင့် သီဟစည်သူတို့ပါဝင်သော အကဲဖြတ်ဒိုင်များအဖွဲ့၏ ဆုံးဖြတ်ချက်များမှ မဲပေးမှု ၅၀ ရာခိုင်နှုန်း တို့အပေါ် အခြေခံ၍ ရွေးချယ်သွားမည်ဖြစ်သည်။ ထို့ကြောင့် ဘောလုံးပရိ သတ်များအားလုံးကို မိမိတို့၏အကြိုက်ဆုံး ပြိုင်ပွဲဝင်များနှင့် ဗွီဒီယိုများအား မဲပေးနိုင်ရန်အတွက် ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ် အကောင့်ကိုအသုံးပြု၍ ပြိုင်ပွဲပေါ်တယ်ဝက်ဘ်ဆိုက် သို့ဝင်ရောက် ရန်ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။ပထမဆုဆွတ်ခူးမည့် အနိုင်ရရှိသူပြိုင်ပွဲဝင်ကို ငွေကျပ် ၃၀၀,၀၀၀ ချီးမြှင့်မည်ဖြစ်ပြီး ဒုတိယဆုနှင့်တတိယဆု ရရှိသူများကို ငွေကျပ် ၂၀၀,၀၀၀ နှင့် ၁၀၀,၀၀၀ ကျပ် အသီးသီး ချီးမြှင့်သွားမည်ဖြစ်သည်။ ကျန်ရှိသော အခြားပြိုင်ပွဲဝင် (၁၇) ဦးအနေဖြင့် နှစ်သိမ့်ဆု ငွေကျပ် ၅၀,၀၀၀ စီအား ရရှိမည်ဖြစ်ပြီး ဆုငွေများအားလုံးကို MPT Money application မှတစ်ဆင့် ပေးအပ်ချီးမြှင့်သွားမည် ဖြစ်သည်။

Photo Source https://www.facebook.com/mptofficialpage

ပါဝင်ယှဉ်ပြိုင်လိုသူများသည် မိမိတို့၏ယှဉ်ပြိုင်ကစားမှုဗွီဒီယိုဖိုင်များကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၂ ရက်အထိ တင်သွင်းနိုင် မည်ဖြစ်ပြီး အနိုင်ရရှိသူများကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၉ ရက်တွင် ကြေညာပေးသွားမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်သည့် MPT သုံးစွဲသူများအားလုံးအနေဖြင့် မိမိ၏ ယှဉ်ပြိုင်ကစားမှုဗွီဒီယို တင်ခြင်းအတွက် အခမဲ့ဖြစ်ပြီး ပြိုင်ပွဲ၏ စည်းမျဉ်း၊ စည်းကမ်းများကို https://www.mpt.com.mm/en/home/promotion/mpt-free-style-football/ (မေလ ၂၂ ရက်၊ နေ့လည် ၁၂ နာရီတွင် စတင်အသုံးပြုနိုင်မည်။) တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
MPT သည် လူငယ်များအတွက် ဘောလုံးပွဲများ၊ တက္ကသိုလ်ဘောလုံးပြိုင်ပွဲများနှင့် မြန်မာနိုင်ငံရှိ ဘောလုံးအားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားသည့် အခြားလှုပ်ရှားမှုများ ဦးဆောင်ပြု လုပ်နိုင်ရန် နှင့် မြန်မာပြည်သူများအကြား ကျန်းမာသန်စွမ်းပြီး တက်ကြွသော လူနေမှုဘဝကို မြှင့်တင်ပေးနိုင်ရန်အတွက် ၂၀၁၈ ခုနှစ်မှစ၍ မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ် (MFF) နှင့် မြန်မာနေရှင်နယ်လိဂ် (MNL) တို့အား အားပေးကူညီထောက်ပံ့ဆောင်ရွက်လျက်သည်။
အသေးစိတ်အချက်အလက်များထပ်မံသိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ခေါ်ဆို၍သော်လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက် ဖြစ်သော https://www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင်ဖေ့စ်ဘုတ်ခ်စာမျက်နှာ ဖြစ်သော https://www.facebook.com/mptofficialpage တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။