OPPO မှ ဓာတ်ပုံဝါသနာရှင်များအတွက် Photo Challenge တစ်ခုမိတ်ဆက်

လူအများသည် COVID-19 ရောဂါကူးစက်မှုနှုန်းကို လျှော့ချနိုင်ရန် အတက်နိုင်ဆုံးအိမ်တွင်နေထိုင်နေကြပြီး မိမိတို့ ဝါသနာအလိုက် ဖန်တီးလုပ်ဆောင်ရင်းပိုမိုပျော်ရွှင်ဖွယ်အချိန်များရရှိစေရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ အသီးသီးလုပ်ဆောင်ကြရာတွင်စမတ်ဖုန်းများသည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေသည်။ ဖုန်းကိုအသုံးပြု၍ ရုပ်ရှင်ကြည့်ခြင်း၊ ဂိမ်းကစားခြင်း၊ အင်တာနက် အသုံးပြုခြင်းတို့အပြင် ထူးခြားကောင်းမွန်လာသောစမတ်ဖုန်းတို့၏ စွမ်းဆောင်ချက်များကြောင့် မိမိ၏ အိမ်တွင်ပင် Professional Camera နှင့် စနစ်တကျ ရိုက်ကူးထားသကဲ့သို့ ဆန်းသစ်လှပ သောဓာတ်ပုံများကိုဖန်တီးနိုင်လာကြပြီဖြစ်သည်။

Photo Source https://www.facebook.com/oppomyanmar/

ထိုအချက်ကို OPPO 24Hours City Challenge: Afternoon Session အတွက် “My Perfect Shot At Home” ဟူသော ခေါင်းစဉ်နှင့်အတူနိုင်ငံကျော် ဓာတ်ပုံဆရာ Mr.Haw က ဈေးကွက်တွင် ကောင်းမွန်သောကင်မရာစွမ်းဆောင်ရည်များနှင့် အမည်ကောင်းရထားသော OPPO Reno3 Pro ကိုအသုံးပြု၍ ဖန်တီးရိုက်ကူးထားသော လှပဆန်းသစ်သည့် ဓာတ်ပုံလက်ရာများကသက်သေပြလျက်ရှိပြီး မြန်မာနိုင်ငံမှ ဓာတ်ပုံဝါသနာရှင်များကိုလည်း ဖုန်းနှင့်ရိုက်ကူးထားသည့် အိမ်တွင်းဓာတ်ပုံဆန်းများနှင့်အတူပါဝင်ကြရန် ဖိတ်ခေါ်ထားသည်။
ဤ Challenge အတွက် အသုံးပြုထားသော OPPO Reno3 Pro တွင် 64MP Zoom Quad Camera ပါဝင်ပြီး Ultra-Resolution Algorithm ကိုလည်းထည့်သွင်းပေးထားသောကြောင့် Ultra Clear 108MP Image ကိုရရှိမှာဖြစ်သောကြောင့် ရိုက်ကူးလိုက်သောပုံတိုင်းကို အနုစိတ်ပေါ်လွင်စေကာအဆင့်မြင့်သောကြည်လင်စေမည့် ဓာတ်ပုံမျိုးကိုရရှိစေမည်ဖြစ်သည်။ အဝေးမှ အရာဝတ္ထုကိုအနီးကပ်ပေါ်လွင်စေသော 13MP Telephoto Lens၊ အဖွဲ့လိုက် ပုံများ၊ ရှုခင်းမြင်ကွင်းကျယ် ပုံများကိုရိုက်ကူးနိုင်သော 8MP Ultra Wide-angle Lens တို့ကိုအသုံးပြုကာအိမ်မှ လှမ်းမြင်နေရသောဆည်းဆာအလှ၊ ရွာခါနီးမိုးညိုညိုတို့အပြင် ထိုအဝေးမှ ရှုခင်းတို့ကိုနောက်ခံထားကာ ထင်ပေါ်နေမည့် Portrait ဓာတ်ပုံတို့ကိုလည်းရိုက်ကူး နိုင်မည်ဖြစ်သည်။ ထို့ပြင် မည်သည့်အခါမှ မရိုးသွားသောအဖြူ၊ အမည်းဓာတ်ပုံများကိုပိုမိုစွဲမက်ဖွယ် ပြောင်းလဲပေးမည့် MP Black-and-White Lens နှင့်လည်းဓာတ်ပုံဆန်းလေးများဖန်တီးနိုင်မည်ဖြစ်သည်။
မိမိချစ်ရသောအိမ်မွေးတိရစ္ဆာန်လေးများ၊ ပန်းလေးများ၊ တန်ဖိုးထားရသောအရာဝတ္ထုလေးများကို 3cm Macro Lens ကိုအသုံးပြုပြီးအနုစိတ် ရိုက်ကူးကာအမြင်ဆန်းသောအမှတ်တရများအဖြစ် ပြောင်းလဲပေးနိုင်သည်။ 5x hybrid zoom,20x digital zoom တို့လည်းပါရှိသောကြောင့် ပုံရိပ် ဝါးသွားမည်ကိုမစိုးရိမ်ရဘဲအနီးအဝေးကို စိတ်ကြိုက် အသုံးပြုကာ လှပသောပုံရိပ်များကွန့်မြူးဖန်တီးနိုင်မည်ဖြစ်သည်။ ထို့ပြင် Dazzle Color Mode နှင့် Ultra Dark Mode ပါဝင်သဖြင့် 1lux အလင်းသာရှိသောအခြေအနေ၌ပင် ဓာတ်ပုံကောင်းများရရှိစေသောကြောင့် အမှောင်ချကာမီးလုံးတွဲလေးများ၊ အရိပ်များ တို့နှင့် အသုံးပြုဖန်တီးရင်းရရှိလာမည့် အိမ်မက်ဆန်သောဓာတ်ပုံများကလည်းမြင်သူအားလုံး၏ အားကျအာရုံစိတ်မှုကိုရရှိ စေနိုင်သည်။

Photo Source https://www.facebook.com/oppomyanmar/

ထို့အပြင် Selfie ကင်မရာတွင် သူမတူသောစွမ်းဆောင်မှုများနှင့် အမည်ကောင်းရထားသည့် OPPO ၏ အစဉ်အလာအတိုင်း OPPO Reno3 Pro တွင်လည်းအရည်အသွေးမြင့်မားသည့် ကမ္ဘာ့ ပထမဦးဆုံး 44MP+2MP Dual Punch-holeCamera ပါရှိသည့်အပြင် Face Protection Algorithm ကိုအသုံးပြုထားသောကြောင့် ရရှိလာမည့် သဘာဝကျကျ လှပနေသော ဓာတ်ပုံတိုင်းကိုအားလုံးစိတ်တိုင်းကျစေမည် ဖြစ်သည်။ ထို့ပြင် Ultra Night SelfieCamera လည်းပါဝင်သောကြောင့် အလင်းအမှောင်ကိုစိတ်ကြိုက်ထိန်းညှိရင်း အမြဲဆန်းသစ်လှပသောမိမိ၏ ပုံရိပ်တို့ကိုဖန်တီးနိုင်မည်ဖြစ်ပြီး Dual Lens Bokeh လည်းပါရှိသဖြင့် တစ်ဦးတည်းသာမကပို့စ် မျိုးစုံနှင့် အဖွဲ့လိုက် ရိုက်သော Selfie များတွင်ပါ Background Gradient နှင့် မည်သည့် နောက်ခံတွင် မဆိုရုပ်ရှင်ဆန်ဆန် ပုံရိပ်များရရှိနိုင်မည်ဖြစ်သည်။
COVID-19 ရောဂါဘေးရန်မှ ကာကွယ်ရင်းအိမ်တွင် ပျော်ရွှင်သောအချိန်များပိုင်ဆိုင်ကာဆုများရရှိစေနိုင်ရန် OPPO မှ Morning၊ Afternoon၊ Night Session ဟူ၍ ကဏ္ဍ (၃) ခုဖြင့် 24 Hours City Challenge ကိုကျင်းပပေးလျက် ရှိရာယခု Afternoon Session Challenge တွင် “My Perfect Shot At Home” ဟူသောခေါင်းစဉ်ဖြင့် မေလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိကျင်းပသွားမည်ဖြစ်သည်။

Photo Source https://www.facebook.com/oppomyanmar/

အဆိုပါ Challenge တွင် နိုင်ငံကျော်ဓာတ်ပုံဆရာ Mr.Haw မှ မတ်လတွင် ထွက်ရှိထားသောမြန်မာကျပ်ငွေ 629,900 ကျပ် တန်ဖိုးရှိ OPPO Reno3 Pro ၏ စွမ်းဆောင်ရည်မြင့် Camera Functions များနှင့် Ultra Night Mode၊ Portrait Mode တို့ကိုအသုံးပြု၍ အိမ်တွင်ပင် မည်သည့်အလင်းရောင် အခြေအနေ၌မဆိုအမြင်ဆန်းသစ်လှပသည့် ဓာတ်ပုံများကို ဖန်တီးထားသည်။ OPPO ၏ Afternoon Session Challenge ကိုစိတ်ပါဝင်စားသောပရိသတ်များအနေနှင့် မိမိနှစ်သက်ရာဖုန်းနှင့် အိမ်တွင်း၌ ဖန်တီးရိုက်ကူးထားသော Challenge ဓာတ်ပုံများကို #24HoursCity_AfternoonSession#Reno3ProChallenge #ShotAtHome hashtag တို့နှင့်အတူရေးသားပြီး ပါဝင် ဆင်နွှဲနိုင်မည်ဖြစ်သည်။ Mr.Haw မှ Challenge တွင် ပါဝင်လာသောပရိသတ်များအနက် (၅) ဦးကိုမေလ ၂၆ ရက်နေ့တွင် ရွေးချယ်ပေးသွားမည်ဖြစ်ကာဆုလက်ဆောင်အဖြစ် OPPO မှ ၂၀,၀၀၀ ကျပ်တန်ဖုန်းဘေလ်များချီးမြှင့်သွားမည့်အပြင် Mr.Haw ၏ တစ်ရက်တာ Private Online Workshop ကိုတက်ရောက်နိုင်မည်ဖြစ်သည့်အတွက် ဓာတ်ပုံဝါသနာရှင် များအတွက် လက်မလွှတ်သင့်သောအခွင့်အရေးပင်ဖြစ်သည်။ Challenge အစီအစဉ်နှင့် ပတ်သက်သော အချက်အလက် များနှင့်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ပုံအသေးစိတ်အချက်အလက်များကို သိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်လေ့ လာနိုင်ပါသည်။
https://business.facebook.com/287391841418711/posts/1620210594803489/
https://www.facebook.com/oppomyanmar/