HUAWEI ဖုန်းအသုံးပြုသူတိုင်းအတွက် ဓာတ်ပုံပြိုင်ပွဲကျင်းပမည်

HUAWEI ဖုန်းအသုံးပြုသူတိုင်းပါဝင်နိုင်မည့် ဓာတ်ပုံပြိုင်ပွဲကို HUAWEI Mobile (MM) မှ ဦးစီးကာကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါဓာတ်ပုံပြိုင်ပွဲတွင် ခေါင်းစဉ်ကဏ္ဍခွဲ (၅)ခု ပါဝင်မည်ဖြစ်ပြီး အမည်များမှာ (၁) နေ့စဉ်ဘဝကိုထင်ဟပ်စေမယ့် Day Life Photography ပြိုင်ပွဲ၊ (၂) လမ်းမထက်က စိတ်ကူးတွေအတွက် Street Photography ပြိုင်ပွဲ၊ (၃) အစားအသောက်ချစ်သူတွေအတွက် Food Photography ပြိုင်ပွဲ၊ (၄) ပေါ်လွင်တဲ့လှပမှု တွေအတွက် Portrait Photography ပြိုင်ပွဲနှင့် (၅) ညရဲ့အလှတွေပေါ်လွင်စေမယ့် Night Mode Photography ပြိုင်ပွဲတို့ ဖြစ်သည်။
အဆိုပါပြိုင်ပွဲကို ခေါင်းစဉ်ကဏ္ဍခွဲတစ်ခုစီဖြင့် ၂၀၂၀ ခုနှစ်၊ မေလ (၂၅)ရက်နေ့မှစတင်ကာ မေလ (၂၉ )ရက်နေ့အထိ (၅)ရက်ဆက်တိုက် HUAWEI Mobile (MM) Page တွင် ဖော်ပြသွားမည်ဖြစ်သည်။ ပါဝင်ယှဉ်ပြိုင်လိုသူသည် ခေါင်းစဉ်ကဏ္ဍခွဲ(၅)ခုရှိသည့်အနက် မိမိယှဉ်ပြိုင်လိုသည့် ခေါင်းစဉ်ကဏ္ဍအောက်တွင် ဇွန်လ (၁၄) ရက်နေ့ ညနေ (၆) နာရီအထိ ပါဝင်ယှဉ်ပြိုင်နိုင်သည်။
ပါဝင်ယှဉ်ပြိုင်မည့်သူသည် မိမိယှဉ်ပြိုင်လိုသည့် ခေါင်းစဉ်ကဏ္ဍအောက်တွင် HUAWEI အမျိုးအစားဖုန်းဖြင့် မိမိကိုယ်တိုင် ရိုက်ကူးထားသော ပြိုင်ပွဲဝင်ဓာတ်ပုံ(တစ်ပုံ)ကို ကိုယ်ပိုင် Facebook Account Timeline တွင် ခေါင်းစဉ်ကဏ္ဍအလိုက် Hashtag များ အသုံးပြု၍ Public Setting ဖွင့်ကာ Upload ပြုလုပ်ရမည်ဖြစ်သည်။

Photo Source https://web.facebook.com/HuaweimobileMM/

ထိုကဲ့သို့ Upload ပြုလုပ်ရာတွင် ထည့်သွင်းရေးသားရမည့် ခေါင်းစဉ်ကဏ္ဍခွဲတစ်ခုချင်းစီ၏ Hashtag များမှာ (၁) နေ့စဉ်ဘဝကို ထင်ဟပ်စေမယ့် Day Life Photography ပြိုင်ပွဲအတွက် #LifeCapturedByHuawei #DayLifePhotography (၂) လမ်းမထက်ကစိတ်ကူးတွေအတွက် Street Photography ပြိုင်ပွဲအတွက် #LifeCapturedByHuawei #StreetPhotography(၃) အစားအသောက်ချစ်သူတွေအတွက် Food Photography ပြိုင်ပွဲအတွက် #LifeCapturedByHuawei #FoodPhotography (၄)ပေါ်လွင်တဲ့လှပမှုတွေအတွက် Portrait Photography ပြိုင်ပွဲအတွက် #LifeCapturedByHuawei #PortraitPhotography (၅)ညရဲ့အလှတွေပေါ်လွင်စေမယ့် Night Mode Photography ပြိုင်ပွဲအတွက် #LifeCapturedByHuawei #NightModePhotography တို့ဖြစ်သည်။
ပါဝင်ထားကြောင်းသက်သေအနေဖြင့် အထက်ဖော်ပြပါ စည်းကမ်းချက်များပါဝင်သည့် မိမိ၏ပြိုင်ပွဲဝင်ဓာတ်ပုံ (Hashtag အပါအဝင်) ကို Screenshot ရိုက်ပြီး HUAWEI Mobile (MM) Page တွင်တင်ထားသော မိမိပါဝင်ယှဉ်ပြိုင်မည့် ခေါင်းစဉ်ကဏ္ဍအောက်တွင် လာရောက် Comment ရေးသားရမည်ဖြစ်သည်။
ဓာတ်ပုံပြိုင်ပွဲကဏ္ဍတစ်ခုစီမှ အနိုင်ရရှိသူတစ်ယောက်စီတိုင်းအတွက် HUAWEI P40 Pro ဖုန်းကို ဆုအဖြစ် ချီးမြှင့်ပေးသွား မည်ဖြစ်ကာ စုစုပေါင်း အစီအစဉ်ကဏ္ဍ (၅) ခုရှိသဖြင့် စုစုပေါင်း HUAWEI P40 Pro ဖုန်း (၅)လုံးပေးအပ်သွားမည်ဖြစ်သည်။
ထိုဓာတ်ပုံပြိုင်ပွဲများတွင် ပါဝင်ခွင့်ရှိသူများ၊ ပါဝင်နိုင်သည့် နည်းလမ်းများ၊ စည်းကမ်းချက်များအနေဖြင့် ပါဝင်ခွင့်ရှိသူများ မှာလည်း ယခုပြိုင်ပွဲအစီအစဉ်သည် မြန်မာနိုင်ငံသား အသက် ၁၆ နှစ်နှင့်အထက် မြန်မာနိုင်ငံအတွင်း Facebook အသုံးပြုသူများ အားလုံးအတွက် အကျုံးဝင်မည်ဖြစ်သည်။ ယခုပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်မရှိသူများမှာ Huawei Mobile (MM) ၏ဝန်ထမ်းများ၊ ကြော်ငြာဝန်ထမ်းများနှင့် အရောင်းမြှင့်တင်ရေး အေဂျင်စီများမှ ဝန်ထမ်းများနှင့် ယင်းတို့၏ မိတ်ဆွေသင်္ဂဟများနှင့် မိဘဆွေမျိုးများတို့ ဖြစ်သည်။ ပါဝင်ယှဉ်ပြိုင်သူတစ်ဦးလျှင် ခေါင်းစဉ်ကဏ္ဍခွဲ(၁)ခုမှ (၅)ခုအထိ ပါဝင်ယှဉ်ပြိုင်ခွင့်ရှိပြီး မိမိနှစ်သက်ရာပြိုင်ပွဲဝင်မည့် ခေါင်းစဉ်ကဏ္ဍတစ်ခုအောက်တွင်မူ အကြိုက်ဆုံး ဓာတ်ပုံတစ်ပုံ တည်းဖြင့်သာ ပါဝင်ယှဉ်ပြိုင်ခွင့်ရှိသည်။ ပုံတစ်ပုံထက်ပိုသော ယှဉ်ပြိုင်သူများကို ထည့်သွင်းစဉ်းစားပေးမည် မဟုတ်ပါ။

Photo Source https://web.facebook.com/HuaweimobileMM/

ခေါင်းစဉ်ကဏ္ဍခွဲ(၅)ခုတွင် ပါဝင်ယှဉ်ပြိုင်ထားသောဓာတ်ပုံများအနက်မှ ခေါင်းစဉ်ကဏ္ဍခွဲ(၁)ခုစီအတွက် စကာတင်ပြိုင်ပွဲဝင် ဓာတ်ပုံများကို သက်ဆိုင်ရာအကဲဖြတ်ဓာတ်ပုံဆရာများမှ ရွေးချယ်ပေးသွားမည်ဖြစ်ပြီး ရွေးချယ်ခံရသည့်ဓာတ်ပုံများကို ခေါင်းစဉ်ကဏ္ဍခွဲအလိုက် ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၂) ရက်နေ့တွင် HUAWEI Mobile (MM) Page ၌ဖော်ပြပေး သွားမည်ဖြစ်သည်။
စကာတင်ရွေးချယ်ခံရသောဓာတ်ပုံသည် Edit မပြုလုပ်ထားသည့် HUAWEI ဖုန်းဖြင့် ရိုက်ကူးထားသော မူရင်းဓာတ်ပုံကို ပြသနိုင်ရမည်ဖြစ်သည်။ မူရင်းဓာတ်ပုံကို ပြသနိုင်ခြင်း မရှိပါက ပြိုင်ပွဲစကာတင် စာရင်းတွင် လုံးဝ (လုံးဝ) ထည့်သွင်းစဉ်းစားပေးမည်မဟုတ်ပါ။ ပေးပို့ထားသော Original ဓာတ်ပုံများကို HUAWEI Mobile (MM) မှ HUAWEI ဖုန်းဖြင့်သာရိုက်ကူးမှု မှန်ကန်မှု ရှိ/မရှိ စစ်ဆေးအတည်ပြုသွားမည်ဖြစ်ပြီး နောက်ဆုံးVote ပေးရွေးချယ်ရန်အတွက် စကာတင်ဓာတ်ပုံများကို HUAWEI Myanmar Page တွင် Photo Album ဖြင့် ဖော်ပြပေးသွားမည်ဖြစ်ပါသည်။
စကာတင်ဓာတ်ပုံများမှ ခေါင်းစဉ်ကဏ္ဍခွဲတစ်ခုစီအလိုက် Voting အများဆုံးသူကို ဆုပေးမည်ဖြစ်ပြီး Voting Like စုစုပေါင်းအရေအတွက်တူညီနေပါက Love Reactions ပိုများသောဓာတ်ပုံကို ရွေးချယ်သွားမည် ဖြစ်ပါသည်။ အနိုင်ရရှိသည့် ဓာတ်ပုံများကို ခေါင်းစဉ်ကဏ္ဍခွဲတစ်ခုစီအလိုက် HUAWEI Mobile (MM) Page တွင် ၂၀၂၀ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့၌ ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်သည်။
HUAWEI Mobile (MM) Page တွင် Photo Album ဖြင့်ဖော်ပြထားမည့် စကာတင်ရွေးချယ်ခံရသောဓာတ်ပုံများကို Voting ပေးရမည့်ကာလမှာ ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၂) ရက်မှ ၂၀၂၀ ခုနှစ် ဇွန်လ (၂၈) ရက်နေ့ ည (၁၂) နာရီ အထိဖြစ်ပြီး အနိုင်ရရှိသူများကို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၃၀)ရက်နေ့တွင် HUAWEI Mobile (MM) Page မှ ကြေငြာပေးမည်ဖြစ်သည်။ ဆုရရှိသူများ (၅) ဦးလုံးကို Huawei Mobile (MM) မှတစ်ဆင့်ဆက်သွယ်၍ ဆုလက်ဆောင်များ ပေးအပ်သွားမည် ဖြစ်သည်။
လာရောက်ထုတ်ယူရမည့် လုပ်ငန်းစဉ်များအတွက် Huawei Mobile (MM) မှ အနိုင်ရသူများကို ကြေညာပြီးသည့်နေ့မှ (၅)ရက်အတွင်း ဆက်သွယ်အကြောင်းကြားပေးအပ်သွားမည်ဖြစ်သည်။ အနိုင်ရရှိသူ စတင်ကြေညာသည့် (၂) လအတွင်း အနိုင်ရရှိသူ Huawei Mobile (MM) မှဆက်သွယ်၍မရခြင်း၊ အနိုင်ရရှိသူဘက်မှ ဆုလက်ဆောင်လာရောက်ထုတ်ယူခြင်း မရှိပါက ဆုလက်ဆောင်အား အလိုအလျောက်ပယ်ဖျက်သွားမည်ဖြစ်သည်။
ဆုကို သတ်မှတ်ထားသည့်အတိုင်း တိုက်ရိုက် ချီးမြှင့်ပေးသွားမည်ဖြစ်ရာ တစ်ဆင့်ခံပေးပို့ခြင်း၊ ညှိနှိုင်းခြင်း၊ငွေကြေးနှင့် ဖလှယ်ခြင်းများကို လက်ခံမည် မဟုတ်ပါ။ ငွေကြေးမဟုတ်သည့် ဆုများအား ငွေကြေးဖြင့် ပေးချေခြင်းပြုမည်မဟုတ်ပါ။ ဆုလက်ခံရန် စည်းကမ်းများနှင့် မညီညွတ်သူများအား Promoter မှ ပယ်ဖျက်ပိုင်ခွင့် ရှိပါသည်။ ပြိုင်ပွဲအချိန်ကာလအတွင်း တရားမဝင်ယှဉ်ပြိုင်မှုများအား စုံစမ်းတွေ့ရှိလျှင် Promoter က ဆုများပေးရန် တာဝန်မရှိပါ။ ဆုများကိုလည်း ပြန်လည်ရုပ် သိမ်းခွင့်ရှိမည်ဖြစ်သည်။ Promoter ၏ အဆုံးအဖြတ်သာလျှင် နောက်ဆုံးအတည်ဖြစ်သည်။ ဆု၏ အာမခံများ၊ ထိန်းသိမ်းမှုများနှင့် အခြားစရိတ်စကများအတွက် Promoter နှင့် စီးပွားဖက်များ၊ ဆက်စပ်ကုမ္ပဏီများတွင် တစ်စုံတစ်ရာ တာဝန်ရှိမည် မဟုတ်ပါ။ ဆုကို မြန်မာပြည်အတွင်း၌သာ ချီးမြှင့်မည်ဖြစ်သည်။
အသေးစိတ်သိရှိလိုပါက Huawei Mobile (MM) Page ၏ Chat Box တွင် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။