ကလေးများအိမ်မှာနေရင်းစာသင်ယူနိုင်သည့် KG တန်းမှ Grade 11 အထိ သင်ရိုးများအကြောင်း (၁၀)

ကျောင်းမသွားတဲ့ ကလေးများမိမိအိမ်မှာနေရင်းစာသင်ယူလို့ရနိုင်ရန်အတွက် KG တန်းကနေ Great 11 အထိ သင်ရိုး Link တွေ ထုတ်ပြန်ထားပါရှိပါတယ်။ အခုသင်ရိုးကတော့ Grade ၁၀ တန်းတွေအတွက် ဖော်ပြပေးထားတဲ့ သင်ရိုးဖြစ်ပါတယ်။ သင်ကြား ရေးလမ်းညွှန်ဆရာ၊ ဆရာမတွေအတွက်လည်း အကျိုးရှိစေမှာ အမှန်ပါပဲ။
သင်ရိုးသစ် G10 မှာ ရွေးချယ်စရာ အတွဲ (၄) ခုရှိပါတယ်။ အတွဲ(၁) က ဆေးတက္ကသိုလ် ၊ ဆေးပညာနှင့်ဆိုင်တဲ့ တက္ကသိုလ် ၊ ကောလိပ် ၊ နည်းပညာတက္ကသိုလ်များကို တက်ချင်တဲ့ကလေးတွေ ယူနိုင်ပါတယ်။ သိပ္ပံဘာသာကိုဦးစား ပေးထားပါတယ်။ အတွဲ(၂) က စီးပွားရေးတက္ကသိုလ် ၊ စီမံ အုပ်ချုပ် မှုအတတ်ပညာနဲ့ဆိုင်တဲ့ တက္ကသိုလ် ၊ ကောလိပ် ၊ နည်းပညာတက္ကသိုလ်များကို တက်ချင်တဲ့ကလေးတွေ ယူနိုင်ပါတယ်။ အတွဲ ၁နဲ့သင်ရမယ့်ဘာသာအကုန်တူပါတယ်။ အတွဲ ၁က ဇီဝဗေဒ အခုအတွဲ၂က ဘောဂဗေဒ ဆိုပြီး ဒီ၂ဘာသာပဲကွာသွားပါတယ်။

Photo Source https://web.facebook.com/story.php?story_fbid=561693724803710&id=100028892617574&_rdc=1&_rdr

အတွဲ (၃) က စီးပွားရေး တက္ကသိုလ် ၊ စီမံအုပ်ချုပ်မှုအတတ်ပညာ နဲ့ဆိုင်တဲ့ တက္ကသိုလ် ၊ ကောလိပ် ၊ ဝိဇ္ဇာပညာရပ်များ (ဥပမာ ဥပဒေ ၊ စိတ်ပညာ ၊ အရှေ့တိုင်း ၊ ဒဿနိက ) ဘာသာတွဲတွေကို တက်ချင်တဲ့ ကလေးတွေယူနိုင်ပါတယ် ။ ( အတွဲ ၁ နှင့် အတွဲ ၃က သင်ကြားရမယ့် ဘာသာရပ်တော်တော်များများ တူပြီး ကွဲပြားတာက အတွဲ၁ မှာ ဓာတု၊ ရူပ ၊ ဇီဝကို အဓိကဘာသာအနေနဲ့ သင်ရပြီး အတွဲ၃မှာ ပထဝီ ၊ သမိုင်း ၊ ဘောဂ ကို အဓိကထားပြီး သင်ကြရမှာပါ။ )
အတွဲ (၄) က မြန်မာစာ ၊ မြန်မာမှု နှစ်သက်မြတ်နိုးသူများ ၊ စာရေးဆရာ ၊ တေးရေး ၊ ဂျာနယ်လစ်အဖြစ် အသက်မွေးလိုသူများ ၊ စီးပွားရေး တက္ကသိုလ် ၊ စီမံအုပ်ချုပ်မှုအတတ်ပညာနဲ့ဆိုင်တဲ့ တက္ကသိုလ် ၊ ကောလိပ် ၊ ဝိဇ္ဇာပညာ ရပ်များ ( ဥပမာ ဥပဒေ ၊ စိတ်ပညာ ၊ အရှေ့တိုင်း ၊ ဒဿနိက ) ဘာသာတွဲတွေကို တက်ချင်တဲ့ ကလေးတွေယူနိုင်ပါတယ် ။ ( အတွဲ ၃ နှင့် အတွဲ ၄ က ဘာသာရပ်တော်တော်များများ တူပြီး ကွဲပြားတာက အတွဲ ၄ မှာ ပထဝီ ၊ သမိုင်းကို တစ်ဘာသာ အဖြစ်ပေါင်းလိုက်ပြီး စိတ်ကြိုက်မြန်မာစာ တစ်ဘာသာထပ်တိုးထားတာပဲကွာပါတယ်။)
Unit(1)
https://www.facebook.com/hanni.linn.731/videos/365764924396592/?
https://www.facebook.com/hanni.linn.731/videos/395995851373499/?
Unit(2)
https://www.facebook.com/hanni.linn.731/videos/409543030018781/?
https://www.facebook.com/hanni.linn.731/videos/380773189562432/?
ဖတ်စာအုပ်အစုံကြည့်ချင်ရင်တော့ အောက်ကလင့်ခ်ကနေ ဝင်ကြည့်နိုင်ပါတယ်။
http://mdep.moe.edu.mm/dbebox/
စာအုပ်နဲ့ audio တွေ လင့်ပျက်လို့ ဒေါင်းမရရင် အောက်ပါ Link ကဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://m.facebook.com/story.php?story_fbid=589537348686014&id=100028892617574

Source .. Ministry of Education Myanmar and Hanni Linn Facebook