AB Programming Training Center မှ ၂၀၂၂ ခုနှစ် မေလအတွက် Web Development Course သင်တန်းဖွင့်လှစ်မည်

ဂျပန် နည်းပညာ IT ကုမ္ပဏီ Aluto Benli Company မှ ဖွင့်လှစ်ပြီး AB Programming Training Center သင်တန်းကျောင်းမှ ၂၀၂၂ ခုနှစ် မေလအတွက် Web Development Course သင်တန်းဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရပါတယ်။ Frontend Development ဖြစ်တဲ့ Web Foundation Course + Backend Development ဖြစ်တဲ့ PHP Web Development Course နှစ်မျိုးလုံးကို ပေါင်းပြီး Web Development Full Course အနေနဲ့ သင်ရမယ့် အတန်းဖြစ်ပါတယ်။

Photo Source https://www.facebook.com/alutobenlitraining

ဂျပန်နိုင်ငံ (သို့) နိုင်ငံခြားမှာ Web Developer အနေနဲ့ အလုပ်လုပ်ချင်သူများ၊ ပြည်တွင်းရှိ Outsourcingရေးပေးသော ဂျပန်ကုမ္ပဏီများနှင့် IT Companyများမှာ Web Developer ၊ Web Designer အနေနဲ့ လုပ်ငန်းခွင်ဝင်လိုသူများ၊ Web Development လုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုလုပ်လိုသူများ၊ Web Development ကိုအခြေခံမှစ၍တတ်မြောက်လို သူများ၊ Web Developer အဖြစ်ရပ်တည်လိုချင်သူများ၊ PHP web developmentအပိုင်းကို စနစ်တကျ သင်ယူချင်သူများ၊ PHP ကို အသုံးပြု၍ ကိုယ်ပိုင် Website, Online shopping websiteရေးဆွဲချင်သူများအနေနဲ့ မဖြစ်မနေ တက်ရောက်သင့်တဲ့ Web Development Course တစ်ခုဖြစ်ပါတယ်။
သင်တန်းကို ၂၀၂၂ ခုနှစ် မေလ ၂၁ ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး တစ်ပတ်နှစ်ရက်(စနေ/တနင်္ဂနွေ) နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိသင်ကြားပေးမှာဖြစ်ပါတယ်။ သင်တန်းကာလ သုံးလ ကြာမြင့်မှာဖြစ်ပါတယ်။
သင်ကြားမည့် ဘာသာရပ်များမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) Web Foundation (HTML, CSS, Javascript, JQuery, Bootstrap)
(၂) Website တစ်ခုအတွက်အခြေခံအကျဆုံး ဖြစ်သော HTML
(၃) Website တစ်ခုကို ပိုပြီးလှပတင့်တယ်စေမဲ့ CSS
(၄) Website တစ်ခုရဲ့ action အလုပ်တွေကိုလုပ်ဆောင်ပေးတဲ့ Javascript
(၅) Responsive web design တွေကိုဖန်တီးပေးနိုင်မယ့် HTML5 and CSS3
(၆) Web design responsive frameworkဖြစ်တဲ့ bootstrap
(၇) World wide web အကြောင်း
(၈) Dynamic website အကြောင်း
(၉) PHP Web Development
(၁၀) PHP Environment & Operations & Syntax
(၁၁) Database Technology-MySQL (Real World တွင် မဖြစ်မနေ အသုံးဝင်မည့်ဘာသာရပ်)
(၁၂) OOP Concept (Programmerလုပ်မည့်သူများအတွက် မရှိမဖြစ်သိထားရမည့်ဘာသာရပ်)
(၁၃) SQL Query
(၁၄) JQuery
(၁၅) Laravel Framework (Framework introduction) တို့ဖြစ်ပါတယ်။
ကွန်ပျူတာအခြေခံသုံးတတ်ရုံဖြင့် Programming အခြေခံမရှိသူများလဲ တက်ရောက်နိုင်သော အခြေခံမှစ၍ လုပ်ငန်းခွင်ဝင်နိုင်တဲ့အထိ၊ ကိုယ်တိုင် Website၊ Design၊ Project တစ်ခုရေးဆွဲဖန်တီးနိုင်တဲ့အထိ Trainပေး သင်ကြားပေးမယ့် Web Development Course တစ်ခုဖြစ်သည်။ စာတွေ့ရော လက်တွေ့ Project များရေးပြီး သင်ကြားပေးမည့်ဖြစ်ပါတယ်။
ပထမဦးဆုံး စာရင်းသွင်းသူ (၃)ဦးက discount 20000 ကျပ် ထပ်ရမှာဖြစ်ပြီး သင်တန်းကြေး ၁၃၀,၀၀၀ ကျပ်နဲ့ပဲ တက်ရောက်နိုင်တဲ့ အခွင့်အရေးရဦးမည်ဖြစ်ပါတယ်။ ဆရာကိုယ်တိုင် Zoom နဲ့ Live Face to Face သင်ကြားပေးတဲ့ အတန်းဖြစ်ပါတယ်။ သင်တန်းကြေး ၁၅၀၀၀၀ ကျပ် ကျသင့်မှာဖြစ်ပါတယ်။
ပုံမှန် inclass သင်တန်းကြေး 300,000 ကျပ်ကို အခုကာလ ခက်ခဲနေကြတဲ့အချိန်ဖြစ်တဲ့အတွက် နည်းပညာကို လေ့လာလိုသူများ၊ အနာဂတ်မှာ လုပ်ငန်းခွင်ဝင်ကြမယ့်လူငယ်များအတွက် အဆင်ပြေလွယ်ကူစွာ တက်ရောက်နိုင်စေရန် သင်တန်းကြေးကို အသက်သာဆုံးဖြင့် သင်ကြားပေးမှာဖြစ်ပါတယ်။ online paymentဖြင့်လဲ လက်ခံပေးသွားမှာပါ။
Zoom Liveနဲ့ သင်ကြားတာဖြစ်လို့ ထိထိရောက်ရောက် သင်ကြားပေးနိုင်ဖို့ လူဦးရေ အများကြီးလက်မခံထားပါဘူး။ online class ဖြစ်ပေမယ့်လဲ သတ်မှတ်ထားတဲ့ သင်ကြားချိန်ပြည့်မှီပါက AB Programming Training Centerရဲ့ Certificate ရမှာ ဖြစ်ပါတယ်။ သင်တန်းသားအများအနေနဲ့ သင်ပြီးသားသင်ခန်းစာတွေကို ပြန်လည်ကြည့်ရှုနိုင်ဖို့လဲ သင်တန်းချိန်ပြီးတိုင်း ပြီးတိုင်းမှာ Video Recording File တွေ စီစဉ်ပေးမှာဖြစ်ပါတယ်။
စုံစမ်းမေးမြန်းရန်နှင့် သင်တန်းအပ်နှံလိုပါက ဖုန်း 09- 759 646 802 သို့ ဖုန်းဆက်၍ဖြစ်စေ၊ Page Messengerမှ ဖြစ်စေ ဆက်သွယ်အကြောင်းကြား၍ Wave Pay, KBZ Pay, AYA, CB စသည့်paymentများဖြင့် သင်တန်းအပ်နှံနိုင်ပါတယ်။
သင်တန်းလိပ်စာနှင့်ဖုန်းနံပါတ်အောက်ပါအတိုင်းဖြစ်ပါတယ်။
No.77, Room 2B, Dhammazedi Road, Myaynigone,
Sanchaung Township
Phone : 09- 759 646 802