Galaxy AI နဲ့အတူ AI ခေတ်သစ်တစ်ခုကို ဖန်တီးပေးလာတော့မယ့် Samsung

Samsung Galaxy ဟာ အသုံးပြုသူတွေအတွက် အင်တာနက်ကို ကျယ်ပြန့်စွာ အသုံးပြုနိုင်စေဖို့ ကူညီပေးခဲ့ပြီးသလို ကင်မရာတွေကိုလည်း ဆက်သွယ်ရေးအပိုင်းမှာ မရှိမဖြစ် အရာတစ်ခုဖြစ်အောင် ပြောင်းလဲပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာလည်း AI နည်းပညာဟာ လူအများကြားမှာ ရေပန်းစားလာပေမယ့် မိုဘိုင်းဖုန်းတွေမှာ အခုအချိန်ထိ အသုံးဝင်တဲ့ လုပ်ဆောင်ချက်အနေနဲ့ မပါဝင်လာသေးတာကို Samsung Galaxy က စတင်ပြောင်းလဲပေးလာတော့မှာပါ။

Samsung Galaxy စမတ်ဖုန်း အသစ်တွေမှာ ပါဝင်လာမယ့် Galaxy AI ရဲ့ Universal Intelligence က ဘယ်တုန်းကမှ မတွေ့ကြုံဖူးသေးတဲ့ ခေတ်မီဆန်းသစ်မှုအရှိဆုံး လုပ်ဆောင်ချက်တွေနဲ့အတူ ဘယ်သူမဆို၊ ဘယ်နေရာမှာမဆို AI ရဲ့ အစွမ်းကို အသုံးချနိုင်လာအောင် ဖန်တီးပေးနိုင်တော့မှာ ဖြစ်ပါတယ်။ အကန့်အသတ်မဲ့ ဆက်သွယ်နိုင်စွမ်း၊ ပိုမိုရိုးရှင်းလာတဲ့ လုပ်ဆောင်နိုင်စွမ်း၊ အဆုံးဆမဲ့ ဖန်တီးနိုင်စွမ်းတွေလို အလားအလာအသစ်တွေကိုလည်း ယူဆောင်လာမှာပါ။

Galaxy AI ဟာ ပြီးပြည့်စုံတဲ့ မိုဘိုင်း AI နည်းပညာတစ်ခုဖြစ်ပြီး  Samsung ကိုယ်တိုင် ဖန်တီးထားတဲ့ On-Device AI ရယ်၊ Samsung နဲ့ ရည်ရွယ်ချက် တူညီသလို စျေးကွက်အတွင်းမှာလည်း ဦးဆောင်နေတဲ့ ထိပ်တန်းနည်းပညာလုပ်ငန်းတွေနဲ့ ပွင့်လင်းမြင်သာမှုရှိရှိ ပူးပေါင်းဖော်ဆောင်ထားတဲ့ Cloud-Based AI ကိုပါ ပေါင်းစပ်အသုံးပြုပေးထားပါတယ်။

Image: Samsung

Galaxy AI ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေ အများကြီးထဲက တစ်ခုကတော့ AI Live Translate Call လုပ်ဆောင်ချက်ပါပဲ။ Samsung ရဲ့ အသစ်ထွက်ရှိလာမယ့် နောက်ဆုံးပေါ် Flagship စမတ်ဖုန်းတွေမှာ စတင်ပါဝင်လာမယ့် ဒီ Galaxy AI ရဲ့ လုပ်ဆောင်ချက်က လိုအပ်ချိန်တိုင်းမှာ အသင့်ရှိနေပေးမယ့် ကိုယ်ပိုင် ဘာသာပြန်ပေးသူ တစ်ဦး ရှိနေသလို ခံစားရစေမှာပါ။ ဒါကို မူရင်းဖုန်းခေါ်ဆိုမှု လုပ်ဆောင်ချက်မှာ တပါထဲ ထည့်သွင်းပေးထားတာဖြစ်လို့ အခြား Third-party Apps တွေကို အားကိုးစရာလည်း မလိုတော့ပါဘူး။ ဘာသာပြန်ပေးထားတဲ့ အသံနဲ့ စာသား တွေက ဖုန်းပြောနေတဲ့ တလျှောက် အချိန်နဲ့တပြေးညီ ပေါ်လာမှာဖြစ်တဲ့အတွက် မတူညီတဲ့ ဘာသာစကား ပြောသူတွေနဲ့ ဖုန်းပြောရတာက နိုင်ငံခြားရုပ်ရှင်ကို ဘာသာပြန်စာတန်းထိုးနဲ့ ကြည့်ရှုရသလိုကို ရိုးရှင်းလွယ်ကူလာတော့မှာပဲ ဖြစ်ပါတယ်။ ဖုန်းထဲမှာ ထည့်သွင်းပေးထားပြီးသား On-Device Galaxy AI လည်း ဖြစ်တာကြောင့် ကိုယ်ရေးကိုယ်တာ ဆက်သွယ်ပြောဆိုမှုတွေကို ကိုယ့်ရဲ့ဖုန်းကနေ အပြင်ကိုပေါက်ကြားမှာမျိုးကိုလည်း စိတ်ပူစရာမလိုသလို၊ ဘယ်လိုအခြေအနေမှာမဆို စိတ်ချ ယုံကြည်ထားနိုင်မှာပါ။

လာမယ့်နှစ် အစောပိုင်းမှာ ရောက်ရှိလာတော့မယ့် Galaxy AI ဟာ အခုလို တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ချိတ်ဆက်တဲ့နေရာမှာ အဖြစ်အများဆုံး ဘာသာစကား အဟန့်အတားကို ကျော်လွှားနိုင်စေမှာဖြစ်ပြီးတော့ ဆက်သွယ်ပြောဆိုမှုတွေကို အရင်ကထက် အများကြီး ပိုမို လွယ်ကူတွင်ကျယ်လာစေနိုင်တော့မှာပဲ ဖြစ်ပါတယ်။

“မိုဘိုင်းနည်းပညာဟာ ကမ္ဘာတစ်ဝှမ်းက လူတွေကို အလွယ်တကူ ချိတ်ဆက်နိုင်စေတယ်၊ လုပ်ဆောင်နိုင်စွမ်း နဲ့ တီထွင်နိုင်စွမ်းတွေ တိုးလာစေတယ်၊ စတဲ့ ထူးခြားကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ရှိနေပေမယ့်လည်း အခုအချိန်ထိတော့ အမှန်တကယ် အသုံးဝင်ပြီး၊ အဓိပ္ပာယ် ပြည့်ဝတဲ့ မိုဘိုင်း AI လုပ်ဆောင်ချက်တွေကိုတော့ မတွေ့ရသေးပါဘူး” လို့ Mobile eXperience Business မှာ EVP နဲ့ Head of R&D တာဝန်ယူထားတဲ့ Wonjoon Choi က ပြောပါတယ်။ “Galaxy AI ကတော့ ကျွန်တော်တို့ရဲ့  ယနေ့အချိန်ထိ တီထွင်ဖန်တီးမှုတွေထဲမှာ အပြီးပြည့်စုံဆုံး AI နည်းပညာဖြစ်ပြီး ကျွန်တော်တို့ရဲ့ ဖုန်းတွေအပေါ် ထားရှိတဲ့ တွေးခေါ်ပုံကို တစ်ဆစ်ချိုး ပြောင်းလဲသွားစေတော့မှာပါ။”  လို့လည်း ပြောခဲ့ပါသေးတယ်။

ဒါကတော့ နောင်မကြာခင်မှာ ဖြစ်လာတော့မယ့် Galaxy AI ရဲ့ ခေတ်သစ်တစ်ခုက ယူဆောင်လာပေးမယ့် အံ့အားသင့်စရာ လုပ်ဆောင်ချက်တွေထဲက တစ်ခုမျှသာ ရှိပါသေးတယ်။ Samsung Galaxy ကြောင့် လူနေမှုဘဝတွေက ပိုမိုတိုးတက် ပွင့်လင်းလာတော့မှာဖြစ်တာမလို့ စောင့်ကြိုနေတဲ့ မိုဘိုင်း AI ရဲ့ ခေတ်သစ်တစ်ခုအတွက် အသင့်ပြင်ထားဖို့တော့ လိုနေပြီပဲ ဖြစ်ပါတယ်။