မြန်မာဆက်သွယ်ရေးအော်ပရေတာ MPT နှင့် Gameloft တို့ပူးပေါင်းလိုက်ပြီး မိုဘိုင်းဂိမ်းများကို အကန့်အသတ်မရှိ ကစားနိုင်ပြီ

Image Credit : http://postronda.com

မြန်မာ့နိုင်ငံ၏ အကြီးမားဆုံး 2G ၊ 3G နှင့် 4G LTE+ ကွန်ရက်များကို ဖြန့်ကျက်ထားနိုင်သည့် MPT သုံးစွဲသူများအတွက် သတင်းများ၊ ဖျော်ဖြေရေးကဏ္ဍ ၊ ဂီတ နှင့် ကျန်းမာရေး ၊ အားကစား၊ ဗေဒင် အစရှိသည့် ဆန်းသစ်တီထွင်မှုရှိသော ဒီဂျစ်တယ်ဝန်ဆောင်မှုများကို စိတ်ဝင်စား ဖွယ်နှုန်းထားများဖြင့် ပေးအပ်လျက်ရှိနေပါတယ်။ MPT သည် ပြည်တွင်းရှိ လုပ်ငန်းများနှင့် အတူပူးပေါင်းပြီး သုံးစွဲသူ ၂၅ သန်းကျော်၏ မတူကွဲပြားသောအကြိုက်မျိုးစုံနှင့် လိုအပ်ချက်တို့ကိုက်ညီစေရန်အသုံးဝင်သည့် အကြောင်းအရာများအပါဝင်သည့်ပြီးပြည့်စုံသော ဝန်ဆောင်မှုများစွာကိုမိတ်ဆက်ပေးလျက်ရှိပါတယ်။ MPT သည့် မိုဘိုင်းဂိမ်းတီထွင်သူ Gameloft နှင့် ပူးပေါင်းလိုက်ပြီး မြန်မာနိုင်ငံတွင် လူကြိုက်များနေသည့် မိုဘိုင်းဂိမ်းများကို လွယ်လွယ်ကူကူ ဆော့ကစားနိုင်သော ဈေးနှုန်းသက်သာသည့် ဂိမ်းများကို နေ့စဉ်နှုန်းထားဖြင့် သုံးစွဲသူများက အကန့်အသတ်မရှိ ရယူဆော့ကစားနိုင်ရန် ပူးပေါင်းဆောင်ရွက်လိုက်ပြီဖြစ်ပါတယ်။
MPT အနေဖြင့် လက်ရှိ ဆောင်ရွက်နေသည့် ထပ်ဆောင်းဝန်ဆောင်မှုမျာအပြင် ပြည်သူများ စိတ်ဝင်စားဖွယ်ရာ ကောင်းသည့် Gameloft နှင့် သုတမြေ ဝန်ဆောင်မှုများကို ထပ်လောင်းမိတ်ဆက်ပေးလိုက်ပြီးဖြစ်ပါတယ်။ MPT သည် မိုဘိုင်း ဂိမ်းတီထွင်သူ Gameloft နဲ့ပူးပေါင်းလိုက်ပြီး မြန်မာနိုင်ငံတွင် လူကြိုက်များနေသည့် လွယ်လွယ်ကူကူ ဆော့ကစားနိုင်သော ဂိမ်းများကို သက်သာသည့် နေ့စဉ်အထူးနှုန်းထားများဖြင့် သုံးစွဲသူများက အကန့်အသတ်မရှိ ရယူဆော့ကစားနိုင်ရန် ဆောင်ရွက်လိုက်ထားပြီးဖြစ်ပါတယ်။ ထို့နည်းတူ သုတမြေ ဝန်ဆောင်မှုကို သုံးစွဲသူတောင်သူဦးကြီးများ လိုအပ်နေသည့် သတင်းအချက်အလက်များဖြစ်သော ဒေသထွက်ကုန်ပစ္စည်းဈေးနှုန်းများ၊ မိုးလေဝသ နှင့် ကျန်းမာရေး သတင်းများ နှင့် အခြားဝန်ဆောင်မှုများ စွာကို အလွယ်တကူကယူနိုင်မည့် အက်ပလီကေးရှင်းဖြစ်ပြီး လယ်ယာမြေ အထွက်နှုန်းကောင်းရန် နှင့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာ အသစ်များကို လေ့လာနိုင်ရန်အတွက်လည်း အကူအညီများပေးသွားမှာဖြစ်ပါတယ်။
မိုဘိုင်းဂိမ်းကစားနည်းများ တိုးတက်ဖြန့်ဝေမှုတွင် ခေါင်းဆောင်ဖြစ်သည့် Gameloft သည် ၂၀၀၀ ခုနှစ်မှစတင်ပြီး မိုဘိုင်းဂိမ်းနယ်ပယ်တွင် ထိပ်တန်းတီထွင်သူများမှတစ်ဦးဖြစ်ခဲ့ပြီး Gameloft သည် ဒစ်ဂျစ်တယ်အသုံးပြုနိုင်သော အရာများအားလုံးအတွက် ကစားနည်းများဖန်တီးပြီး လစဉ်အသုံးပြုသူ စုစုပေါင်း ၁၃၄ သန်းနှင့်အတူ Gameloft ကြော်ငြာနှင့် ဖြေရှင်းသည့်လမ်းကြောင်းမှ ကြော်ငြာလုပ်ငန်းရှင်များသို့ သိသိသာသာ ပြိုင်ဖက်ကင်းအဆင့်တစ်ခုထိကမ်းထားခံရပါတယ်။ Gameloft သည် Asphalt, Order & Chaos, Modern Combat နှင့် Dungeon Hunter တို့ကို ထူထောင်လိုက်ပြီး Universal, Illumination Entertainment, Disney, Marvel, Hasbro, Fox Digital Entertainment, Mattel နှင့် Ferrari အပါအဝင် အဓိက လုပ်ပိုင်ခွင့်ကို ကိုင်ဆောင်ထားသော ရှယ်ယာများနှင့်လည်း လုပ်ငန်းများလည်ပတ်လျက်ရှိပါတယ်။ Gameloft သည် ၎င်းတို့၏ ဂိမ်းကစားနည်းများကို နိုင်ငံ ပေါင်း ၁၀၀ ကျော်ကိုဖြန့်ဝေပေးပြီး ကမ္ဘာအနှံ့တွင် ဝန်ထမ်းပေါင်း ၆၀၀၀ ကျော် ကို အလုပ်ခန့်အပ်ထားပြီး ဝန်ဆောင်မှုပေးအပ်လျက်ရှိပါတယ်။
မြန်မာဆက်သွယ်ရေးအော်ပရေတာ MPT နှင့် Gameloft တို့ပူးပေါင်းလိုက်ပြီး မိုဘိုင်းဂိမ်းများကို အကန့်အသတ်မရှိ ကစားနိုင်ပြီ သုံးစွဲသူများအနေဖြင့် ဝန်ဆောင်မှုများကို တစ်ရက်လျှင် ၂၀၀ ကျပ်နှုန်းဖြင့် ရယူနိုင်မည်ဖြစ်ပြီး မိုဘိုင်းဖုန်းထဲမှတစ်ဆင့် ဂိမ်းထဲတွင်ပါဝင်သည့် ပစ္စည်းများကို ဝယ်ယူသည့် In-App Purchases ဖြင့် ဝယ်ယူခြင်းနှုန်းထားကိုလည်း ၁၀၅ ကျပ် မှ စတင်ပြီး ဝယ်ယူနိုင်မည့်ဖြစ်ပြီး ပထမဦးဆုံးစတင်သုံးစွဲသော MPT သုံးစွဲသူများအတွက် ၇ ရက်အခမဲ့တိတိကို အသုံးပြုခွင်ရရှိမှာဖြစ်ပါတယ်။ Gameloft မှ နာမည်ကြီးဂိမ်းများသော Asphalt, Real Football , Modern Combat နှင့် Near Orbit Vanguard Alliance အစရှိသော နာမည်ကြီး ဂိမ်းအမျိုအစားများကို တရားဝင်ဖြန့်ချီခွင့်ကို ရရှိထားပြီး MPT သုံးစွဲသူများအတွက် Cricket, Super Quad Bikes, Boat Racing နှင့် Hero of Sparta ကဲ့သို့ကစားနည်းများကို MPT သုံးစွဲသူများအတွက်အသုံးပြုနိုင်ရန် အထူးနေဖြင့် ဝန်ဆောင်မှုပေးအပ်ထားမှာဖြစ်ပါတယ်။ MPT SIM Card သုံးစွဲသူများအနေဖြင့် Android စနစ်သုံး မိုဘိုင်းဖုန်းများနှင့် Tablet များကို အသုံးပြုပြီး http://wapshop.gameloft.com/mpt မှတစ်ဆင့် စိတ်လှုပ်ရှားဖွယ်ရာ အကောင်းဆုံးမိုဘိုင်းဂိမ်းများကို Download ရယူနိုင်မှာဖြစ်ပါတယ်။ ယခုဝန်ဆောင်မှုကို သုံးစွဲထားသူများအနေဖြင့်လည်း ဝန်ဆောင်မှုကို ရပ်တန့်လိုပါကလည်း အချိန်မရွေးပယ်ဖျက်နိုင်မှာဖြစ်ပါတယ်။
ယခုဝန်ဆောင်မှုနှင့်ပတ်သက်ပြီး ထပ်မံသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့မဟုတ် MPT ၏ တရားဝင် Website ဖြစ်တဲ့ http://mpt.com.mm နှင့် Facebook စာမျက်နှာ https://www.facebook.com/mptofficialpage တွင် ဆက်သွယ်စုံစမ်းနိုင်ပါတယ်။