မြန်မာ့လယ်ယာကဏ္ဍသတင်းအချက်အလက်များ ရယူနိုင်ရန် သုတမြေ Application ဝန်ဆောင်မှုစတင်

Image Credit : https://www.facebook.com/thutamyay

မြန်မာ့လယ်ယာကဏ္ဍသတင်းအချက်အလက်များကို ရယူနိုင်ရန် အတွက် မြန်မာ့ဆက်သွယ်ရေး အော်ပရေတာ (MPT) နှင့် Myanmar Media Linkage တို့ပူးပေါင်းပြီး သုတမြေ Application ကို မေလ (၁၀) ရက်နေ့ တွင် စတင်မိတ်ဆက်ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ တောင်သူဦးကြီးများအနေနဲ့ မြန်မာဘာသာစကားနဲ့ အဆင်ပြေလွယ်ကူစွာဖတ်ရှုနိုင်စေဖို့လုပ်ဆောင်ပေးထားတဲ့ ပုံစံ ၊ အထွက်နှုန်းတိုးစေမယ့် လမ်းညွှန်ချက်တွေပါရှိပါတယ်။ ကောင်းမွန်တဲ့ အွန်လိုင်း ဝန်ဆောင်မှုတစ်ခုအဖြစ် နိုင်ငံတစ်ဝန်းရှိ စိုက်ပျိုးရေး ကိုစိတ်ပါဝင်စားသူများနှင့် Online မှတစ်ဆင့် ဗဟုတုတများ နည်းပညာများ သတင်းအချက်အလက်များ ကို လေ့လာချင်သူများ အားလုံးအတွက်ဝန်ဆောင်မှုများပေးအပ်လျက်ရှိပါတယ်။ သုတမြေ အက်ပလီကေးရှင်း မှာ စိုက်ပျိုးရေး နှင့်ပတ်သက်ဆက်နွယ်သော သတင်းအချက်အလက်များ ၊ နည်းပညာများ ၊ ဆောင်းပါးများ ၊ မိုးလေဝသ သတင်းများ ၊ ကုန်စည်ဈေးနှုန်းများ အပြင် နိုင်ငံတစ်ဝန်းရှိ Online အသုံးပြုသူများ အကျိုးများစေမည့် ကဏ္ဍစုံမှ သတင်းဆောင်ပါးများ၊ ထူးခြားဖြစ်စဉ်များ ၊ ကျန်းမာရေး နှင့် အလှအပရေးရာနဲ့ ဆိုင်သော သိကောင်းစရာများ ကိုယ်တိုင်လွယ်ကူရိုးရှင်းစွာပြုလုပ်နိုင်မည့် မုန့်လုပ်နည်းလမ်းများစွာနှင့် ဖျော်ဖြေရေးကဏ္ဍ အတွက် Online TV အစီအစဉ်းများကို တစ်နေရာတည်းတွင်ရရှိနိုင်ရန်အတွက် ရည်ရွယ်ပြီ ဝန်ဆောင်မှုပေးထားပါတယ်။ ဒါ့အပြင် ပျော်ရွှင်စရာ ဉာဏ်စမ်းကဏ္ဍအဖြစ် သုတမြေ Quiz အစီစဉ် ၊ အမေးအဖြေ ကဏ္ဍများကိုလည်း ထည့်သွင်းဝန်ဆောင်မှုပေးထားပြီး နယ်ပယ်စုံမှ မေးမြန်းမှုများကို ၇၂နာရီ အတွင်းပြန်လည်ဖြေကြားပေးမည့် အစီစဉ်များပါရှိသောကြောင့် အသုံးပြုသူများအတွက် အကျိုးရှိစေမှာဖြစ်ပါတယ်။
Myanmar Media Linkage ကို ၂၀၁၂ ခုနှစ်မှာ ပြည်တွင်းရှိတဲ့တိုင်းရင်းသားလူငယ်စွန့်ဦးတီထွင်သူ ၂ ဦးမှစတင်လုပ်ကိုင်ခဲ့ကြပြီး ၂၀၁၄ ခုနှစ်မှာ ပိုမိုထိရောက်ကျယ်ပြန့်စွာလုပ်ကိုင်နိုင်ရန် ရည်ရွယ်ပြီး ကုမ္ပဏီအဖြစ် တိုးမြှင့်ဖွဲ့စည်းခဲ့ပါတယ်။ Myanmar Media Linkage ကို စတင်ဖွဲ့စည်းကာမီဒီယာ လုပ်ငန်းများ လုပ်ကိုင်ရန်ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်းတွင် နည်းပညာဆိုင်ရာ ဝန်ဆောင်မူပေးခြင်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းနယ်ပယ်ရပ်များကိုပါ ထည့်သွင်းလုပ်ကိုင် လျက်ရှိပါတယ်။ Myanmar Media Linkage အနေဖြင့် ဝန်ကြီးဌာနအချို့အပြင် ပြည်တွင်း ပြည်ပ ကုမ္ပဏီအချို့နှင့်ပါ မိတ်ဖက်အဖြစ်ပူးပေါင်းပြီး အများပြည်သူများကို ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုများပေးစွမ်းနိုင်စေရန် အစီအစဉ်များ ချမှတ်ကြိုးပမ်းလျက်ရှိပါတယ်။
သုတမြေ အက်ပလီကေးရှင်းကို အသုံးပြုသူတောင်သူများအနေနဲ့ စိုက်ပျိုးဧကနဲ့ အထွက်နှုန်းတွက်ချက်ပုံ ၊ မျိုးစေ့အသုံးပြုပုံ ၊ ကိုယ်တိုင်ဖန်တီး နိုင်မဲ့ စိုက်ဧကအချိုးတွေကို တက်သိပညာရှင်များနဲ့ စိုက်ပျိုးရေးဝန်ကြီးဌာန ရဲ့ အကြံဉာဏ်တွေကိုပေါင်းစပ်တင်ပြထားပါတယ်။ တောင်သူဦးကြီးများအပြင် ပြည်သူလူထုအားလုံး သုံးစွဲနိုင်ဖို့အတွက် ရည်ရွယ်ပြီး အသက်အရွယ် အားဖြင့် ၁၄ နှစ် နဲ့ ၁၈ နှစ်ကြား ၊ ၁၈ နှစ် နဲ့ ၅၀ နှစ် ကြား ၊ အသက် ၅၀ နှစ် နဲ့အထက်ဆိုပြီး ဦးတည်ဆောင်ရွက်ထားပါတယ်။ သုတမြေ အက်ပလီကေးရှင်း တွင် ဆန် ၊ ဆီ ၊ ဆား ၊ ပဲ စတဲ့ သီးနှံထွက်ကုန် အမျိုးပေါင်း ၂၀ ကျော် ရှိသော ကုန်စည်ဈေးနှုန်းများကို မြန်မာနိုင်ငံအနှံ့ ရှိ ကုန်စည်ဒိုင်များဖြစ်သော ဘုရင့်နောင် ၊ ဝါးတန်း ၊ မိတ္ထီလာ ၊ မုံရွာ ၊ မန္တလေး အစရှိသည့် ကုန်စည်ဒိုင်များမှ ဈေးနှုန်းများကိုဖော်ပြထာသည့်အပြင် လယ်ယာထွက်ကုန်များ အထွက်တိုးစေမည့် စိုက်ပျိုးရေးနည်းပညာ နှင့် နည်းလမ်းအသစ်များများကိုလည်းထည့်သွင်းဝန်ဆောင်မှုပေးထားပါတယ်။ ထို့အပြင် မြန်မာနိုင်ငံမှ စိုက်ပျိုးရေးလုပ်ငန်း ကျေးလက်ဘ၀ နှင့် ဆက်နွယ်သော စိတ်ဝင်စားဖွယ်ရာ သတင်းဆောင်းပါးများပါဝင်သည့် နှစ်ပတ်တစ်ကြိမ်ထုတ် ဒီဂျစ်တယ်မဂ္ဂဇင်းတစ်ခုကိုလည်းဖတ်ရူနိုင်မှာဖြစ်ပါတယ်။ MPT ၏ ထူးခြားကောင်းမွန်သော ဝန်ဆောင်မှုကို အလွန်သက်သာသော နှုန်းထားဖြင့် တစ်ရက်လျင် ၁၀၅ ကျပ် နှုန်း(ကုန်သွယ်လုပ်ငန်းခွန်) ပါဝင်ပြီးဖြင့်ရယူ သုံးစွဲနိုင်မှာဖြစ်ပြီး မြန်မာနှစ်သစ်အထူးအစီစဉ်အနေဖြင့် သုတမြေ အက်ပလီကေးရှင်း ကို သုံးစွဲသူပြည်သူများအတွက် တစ်ပတ်တာအခမဲ့သုံးစွဲခွင့်ရရှိမှာဖြစ်ပါတယ်။ သုတမြေ အက်ပလီကေးရှင်း ဝန်ဆောင်မှုကို ရယူရန်အတွက် 8834 သို့ TTM ဟု စာတိုပေးပို့ရမည်ဖြစ်ပြီး ပြန်လည်ပေးပို့လာသည့် Link မှတစ်ဆင့် အက်ပလီကေးရှင်းကို Download ရယူနိုင်သလို Application ရယူဖို့ http://bit.ly/ThuTaMyayApp ကို နှိပ်ပြီး ရယူနိုင်ပါတယ်။ အသေးစိတ်အချက်အလက်များထပ်မံသိရှိလိုပါက https://www.facebook.com/thutamyay တွင် လည်းကောင်း http://ttm.lotayamm.com တွင်လည်း ဝင်ရောက်လေလာနိုင်ပါတယ်။ ယခု သုတမြေ အက်ပလီကေးရှင်း ကို အခြေခံလူတန်းစားအများဆုံးအသုံးပြုမှာဖြစ်တဲ့အတွက် Android Version ကို ဦးစားပေးထုတ်ထားပြီး နောက်ပိုင်းတွင် IOS Device များပေါ်တွင်လည်း အသုံးပြုလို့ရအောင် Web Page နဲ့လည်းထောင့်ပံ့ပေးဖို့ရှိပါတယ်။ ထို့အပြင် သုတမြေ အက်ပလီကေးရှင်း ကိုအသုံးပြုသူများအတွက် ငွေဖြည့်ကဒ်များထည့်သွင်းအသုံးပြုသည့်အခါ ကံစမ်းမဲအနေဖြင့် မေလ ၁၅ ရက်နေ့မှစတင်ကာ နှစ်လအတွင်း ဗိုလ်ချုပ်ရုပ်ပုံပါဒင်္ဂါးများနှင့် MPT Phone များကို ကံစမ်းမဲဖောက်ပြီး ပြန်လည်ပေးအပ်သွားမည်ဖြစ်ပါတယ်။