မြန်မာ့ရှေ့ဆောင်ဘဏ်၏ နိုင်ငံတကာ ခရီးသွားကဒ် VISA ၊ Master Card များကို လျှောက်ထားနိုင်ပြီ

Image Credit: https://www.mabbank.com

မြန်မာ့ရှေ့ဆောင်ဘဏ်လီမီတက်ကို ၂၀၁၀ ခုနှစ် ဇူလိုင်လ တွင် စတင်ဖွဲ့စည်းခဲ့ပြီး ပထမဦးဆုံး ဘဏ်ခွဲကို နေပြည်တော်တွင် ၂၀၁၀ ခုနှစ် သြဂုတ်လ ကစတင်ဖွင့်လှစ်ခဲ့ပါတယ်။ မြန်မာပြည်တစ်ဝှမ်းလုံးရှိ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေး နှင့် ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူ ချောမွေ့စေရန် ၊ ကြီးထွားလာသောသုံးစွဲသူများကို ကြီးမားကျယ်ပြန့်သော ဘဏ်ကွန်ရက်ဖြင့် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများကို ပေးစွမ်းနိုင်ရန် အတွက် မြန်မာ့ရှေ့ဆောင်ဘဏ်မှ ဘဏ်ခွဲများကို ဖွင့်လှစ်ပေးလျက်ရှိပါတယ်။ အရည်အသေးကောင်းမွန်သော ယုံကြည်အားထားရသော ဝန်ဆောင်မှုများကို ပေးဝေခြင်းများ သုံးစွဲသူအပေါ်စိတ်ကျေနပ်မှု ပေးနိုင်ခြင်းနှင့် အများပြည်သူများ အကြား ယုံကြည်မှုခိုင်မာလာသောကြောင့် မြန်မာ့ရှေ့ဆောင် ဘဏ်ဖွင့်လှစ်ပြီး သည်မှစတင်ပြီး သုံးစွဲသူ များထံမှ ငွေအပ်နှံမှုပမာဏသည် သိသိသာသာ တိုးပွားလာခဲ့ပါတယ်။ မြန်မာ့ရှေ့ဆောင်ဘဏ်တွင် ပြည်တွင်း ဘဏ်လုပ်ငန်းနှင့် နိုင်ငံတကာဘဏ်လုပ်ငန်းနယ်ပယ်မှ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသော ပြည်တွင်း ပြည်ပမှ ပညာရှင်များစွာ တာဝန်ထမ်းဆောင်လျက်ရှိပြီး ဝန်ဆောင်မှုကောင်းများပေးအပ်လျက်ရှိပါတယ်။ ပြည်တွင်းဘဏ်လုပ်ငန်းအနေဖြင့် သုံးစွဲသူများအတွက် စုံလင်သော ဘဏ်အပ်ငွေအမျိုးအစားများ ၊ အသေးစား နှင့် အကြီးစားစီးပွားရေးလုပ်ငန်းများအတွက် ချေးငွေများ ၊ စာရင်းပိုထုတ်ချေးငွေ နှင့် အငှားဝယ်ယူ စနစ် ၊ Myanmar Payment Union (MPU) မှတစ်ဆင့် ယုံကြည်စိတ်ချရ ပြီး ကျယ်ကျယ်ပြန့်ပြန့် ရှိသော ATM နှင့် POS ဝန်ဆောင်မှုများကို ထောင့်ပံ့ပေးထားပါတယ်။ နိုင်ငံတကာ ဘဏ်လုပ်ငန်းများအနေဖြင့် နိုင်ငံခြားကုန်သွယ်ရေး နှင့် ဘဏ္ဍာရေး ဝန်ဆောင်မှုများ ၊ ကမ္ဘာတစ်ဝှမ်းလုံးသို့ ငွေပေးပို့နိုင်သော Western Union ငွေလွှဲလုပ်ငန်းများ ၊ နိုင်ငံတကာတွင်ငွေပေးချေနိုင်သော Visa , Master Card များအစရှိသော ဝန်ဆောင်မှုများအပြင် လက်ဆောင်ချက်လက်မှတ်များ ၊ ငွေပေးမိန့်များနှင့် အခြား ဝန်ဆောင်မှုများကိုလည်း ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။


Image Credit: https://www.mabbank.com

မြန်မာရှေ့ဆောင်ဘဏ်၏ MAB တံဆိပ်ပါသော နိုင်ငံတကာ ခရီးသွားကဒ် VISA ၊ Master Card များကို သုံးစွဲခြင်းဖြင့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ MAB တံဆိပ်ပါသော နိုင်ငံတကာ ခရီးသွားကဒ် VISA ၊ Master Card များကို နိုင်ငံခြားငွေသုံးမျိုး (SGD, USD, EURO) များကို ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ နိုင်ငံခြားငွေအသုံးပြုမှှု အများ ဆုံးဖြစ်သော USD ကိုထည့်သွင်းအသုံးပြုရာတွင် USD 5,000 သို့မဟုတ် USD 5,000 နှင့်ညီမျှသော ငွေကြေးပမာဏကိုထည့်သွင်းအသုံးပြုနိုင်ပြီး မိမိထည့်သွင်းထားသော ငွေပမာဏအတိုင်း လက်ကျန်ငွေချန်ထားရန်မလိုအပ်ပဲ ဝယ်ယူ ငွေပေးချေနိုင်ပါတယ်။ MAB တံဆိပ်ပါသော နိုင်ငံတကာ ခရီးသွားကဒ် VISA ၊ Master Card များကို သုံးစွဲခြင်းဖြင့် နိုင်ငံတကာတွင် ဈေးဝယ်ယူနိုင်ခြင်း ၊ Online Shopping အတွေ့ကြုံသစ်များနှင့် နိုင်ငံတကာ ခရီးသွားကဒ် VISA ၊ Master Card များမှ ပေးသောအထူးအခွင့်အရေးများကို လည်းခံစားခွင့်ရရှိနိုင်မှာဖြစ်ပါတယ်။ MAB တံဆိပ်ပါသော နိုင်ငံတကာ ခရီးသွားကဒ် VISA ၊ Master Card များသည် ခရီးရှည်အတွက်သာမက ခရီးတိုသွားလိုသောအခါများတွင်လည်းသင့်အတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
မြန်မာရှေ့ဆောင်ဘဏ်၏ MAB တံဆိပ်ပါသော နိုင်ငံတကာ ခရီးသွားကဒ် VISA ၊ Master Card များကို လက်ဝယ်ရရှိသည့်အချိန်မှစတင်ပြီး စတင်သုံးစွဲ နိုင်မှာဖြစ်ပါတယ်။ မြန်မာရှေ့ဆောင်ဘဏ်၏ MAB တံဆိပ်ပါသော နိုင်ငံတကာ ခရီးသွားကဒ် VISA ၊ Master Card များ၏ သတင်းအချက်အလက်များကို ကြည့်ရူနိုင်ရန် အတွက် Customer Portal အား ၂၄ နာရီ ရရှိ အသုံးပြုနိုင်ပြီး https://prepaid.mabbank.com/asiacustomerportal/html/LoginFrame.jsp မှတဆင့် ဝင်ရောက်ခြင်းဖြင့် ကဒ် Transaction များ PIN Number ပြောင်းလဲခြင်းများ နှင့် ကဒ် Statement များကို Internet Browser မှတဆင့် အချိန်မရွေးနေရာမရွေးလွယ်ကူချော့မွေ့စွာ ကြည်ရှု နိုင်ပါတယ်။ မြန်မာရှေ့ဆောင်ဘဏ်၏ MAB တံဆိပ်ပါသော နိုင်ငံတကာ ခရီးသွားကဒ် VISA ၊ Master Card များကို နီးစပ်ရာ မြန်မာ့ရှေ့ဆောင်ဘဏ် မည်သည့်ဘဏ်ခွဲတွင်မဆို ငွေဖြည့်သွင်းနိုင်ခြင်း ၊ MAB ၏ Mobile Banking ဖြင့်ငွေဖြည့်သွင်းနိုင်ခြင်း ၊ မြန်မာ့ရှေ့ဆောင်ဘဏ်တွင် Standing Instruction Form ဖြည့်ပြီး Saving/Current Account (or) Foreign Account များဖြင့် ချိတ်ဆက်ငွေဖြည့်ပေးနိုင်ခြင်း များအပြင် မကြာမှီ တွင် မြန်မာ့ရှေ့ဆောင်ဘဏ်၏ Internet Banking ကို အသုံးပြု၍ ငွေဖြည့်သွင်းနိုင်မှာဖြစ်ပါတယ်။
အသက်၁၈နှစ်ပြည်သူတိုင်လျှောက်ထားနိုင်ပြီး Fees & Charges ကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

မြန်မာရှေ့ဆောင်ဘဏ်၏ MAB တံဆိပ်ပါသော နိုင်ငံတကာ ခရီးသွားကဒ် VISA ၊ Master Card များကို သုံးစွဲခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများမှာတော့ မိမိ ရဲ့ VISA ၊ Master Card များကို လက်ကျန်ငွေစစ်ဆေးနိုင်ခြင်း ၊ အသုံးစရိတ်များကိုစစ်ဆေးနိုင်ခြင်း ၊ ကဒ်ပျောက်ပါက ချက်ချင်း Lock ချနိုင်ခြင်း ၊ ကမ္ဘာတစ်ဝှမ်းလုံးရှိ ATM ငွေထုတ်စက်များတွင် လည်း လက်ငင်းငွေသားများကို ပြန်လည်ထုန်ယူနိုင်ခြင်း ၊ လစဉ်ကြေး နှင့် နှစ်စဉ်ကြေးများမရှိခြင်း ၊ နိုင်ငံခြားငွေသုံးမျိုး (SGD, USD, EURO) များကို ထည့်သွင်းအသုံးပြုနိုင်ခြင်း နှင့် ကမ္ဘာတစ်ဝှမ်းလုံးတွင် ဖျော်ဖြေရေးလုပ်ငန်းများ ဈေးဝယ်စင်တာများ စားသောက်ဆိုင်လုပ်ငန်းများ ဆေးရုံ နှင့်ကျောင်းများက အစအသုံးပြုနိုင်မှာဖြစ်ပါတယ်။