မြန်မာနိုင်ငံတွင် Esports ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို ကူညီပံ့ပိုပေးရန် Ooredoo နှင့် HOG တို့နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

Image Credit : http://www.globalnewlightofmyanmar.com

မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးနဲ့ အကြီးဆုံး LAN Gaming HOG Esports Center ကို ၂၀၁၇ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်တွင်းမှ ဂိမ်းပညာရှင်များစွာတည်ရှိရာ နှင့် ဂိမ်းပြိုင်ပွဲများ စီစဉ်ကျင်းပနေသလို နိုင်ငံတကာအထိ ထိုးဖောက်ဖို့လည်း ကြိုးစားနေတယ်လို့ဆိုပါတယ်။ မြန်မာ့ ပထမဆုံး Esports Center တစ်ခုဖြစ်တဲ့ HOG နှင့် Ooredoo တို့ပူးပေါင်းပြီး လူငယ်များအကြား Esports ဂိမ်းများကို နိုင်ငံ တကာအဆင့်ထိ ပံ့ပိုးကူညီပေးသွားရန် အတွက် မေလ ၃ ရက်နေ့တွင် MOU ရေးထိုးခဲ့ပါတယ်။ မြန်မာနိုင်ငံတွင် အကျယ်ပြန့်ဆုံးနှင့် အတည်ငြိမ်ဆုံးသော 4G ကွန်ရက်ဝန်ဆောင်မူကို ပေးအပ်နေသော Ooredoo Myanmar နှင့် မြန်မာနိုင်ငံရှိ ပထမဦးဆုံး Esports Center HOG တို့သည် မေလ ၃ ရက်နေ့ တွင် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံရှိ လူငယ်များအကြား Esports ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာအဆင့်အထိ ယှဉ်ပြိုင်နိုင်အောင် ပံ့ပိုးကူညီပေးရန်အတွက် ပူးပေါင်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းသိရှိရပါတယ်။ HOG Esports Center ကို ၂၀၁၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည့် မြန်မာနိုင်ငံတွင် ပထမဦးဆုံးနှင့် အကြီးဆုံး International LAN-Gaming Esports Center တစ်ခုဖြစ်ပြီး၊ တစ်ဦးချင်းပြိုင်ပွဲများ ၊ အုပ်စုဖွဲ့ ပြိုင်ပွဲများ နှင့် ဂိမ်းပြိုင်ပွဲအစီစဉ်များ ကျင်းပသည့် မြန်မာ့ Esports ကဏ္ဍကို တိုးတက်အောင် ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါတယ်။ HOG Esports Center သည် International Esports ပြိုင်ပွဲများကို ကျင်းပနိုင်သည် အထိ နေရာ နှင့် လိုအပ်သည့် ဝန်ဆောင်မူများအားလုံးရရှိနိုင်သည့် နေရာတစ်ခုလည်းဖြစ်ပါတယ်။ Ooredoo Myanmar နှင့် HOG Esports Center တို့ပူးပေါင်းဆောင်ရွက်မူသည် HOG Esports Center ၏ လိုအပ်ချက်ပေါ်မူတည်ပြီး Bandwidth နှင့့် မြန်နှုန်းမြင့် Dedicated Fiber Internet တို့ကို အထူးနှုန်းထားများဖြင့် ဝန်ဆောင်မှုပေးအပ်သွားမှာဖြစ်ပါတယ်။ Ooredoo Myanmar အနေဖြင့် ဂိမ်းဝါသနာရှင်များအတွက် ရည်ရွယ်ပြီး ၎င်းတို့၏ အကောင်းဆုံး ကွန်ရက်ပံ့ပိုးမှုဖြင့် Esports ဂိမ်းဝါသနာရှင်များကို ကူညီပံ့ပိုးပေးသွားမည့်အပြင် ထုတ်ကုန် နဲ့ ဝန်ဆောင်မှုများ ပေးအပ်ရန်အတွက် HOG Esports Center မှာ ဆိုင်ခန်းတစ်ခန်းဖွင့် လှစ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Image Credit: http://www.ooredoo.com.mm

Ooredoo Myanmar ၏ CEO ဖြစ်သူ Mr. Vikram Sinha က “ ကျွန်တော်တို့အနေနဲ့ HOG Esports Center နှင့် ပူးပေါင်းဆောင်ရွက်မူကနေပြီး မြန်မာနိုင်ငံရှိ လူငယ်တွေအကြားမှာ Esports ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် နှင့် နိုင်ငံတကာအဆင့်အထိ ရောက်ရှိနိုင်အောင် ကူညီပံ့ပိုးပေးနိုင်မှာဖြစ်လို့ ဝမ်းသာပါတယ်။ ကျွန်တော်တို့ရဲ့ Ooredoo Myanmar စီးပွားရေးသုံး ၊ ဝန်ဆောင်မှုလုပ်ငန်း Dedicated Fiber Internet ဝန်ဆောင်မှုကို ပေးအပ်မယ့် လိုင်းအတည်ငြိမ်ဆုံး မြန်နှုန်းမြင့် Internet နဲ့ Esports ဂိမ်းဝါသနာရှင်လူငယ်များအားလုံး မိမိ တို့အောင်မြင်မှုတွေရရှိဖို့ Internet ၏ စွမ်းအားကို ပိုမို နှစ်ခြိုက်စွာ ပျော်ရွှင်စွာအသုံးပြုနိုင်မှာဖြစ်ပါတယ်။” ဟူ၍ပြောကြားခဲ့ပြီး HOG Esports Center ၏ CEO နှင့် Founder ဖြစ်သူ ဦးကောင်းထက်စံမှလည်း “ ကျွန်တော်တို့ရဲ့ Because You Deserve The Best ဆိုတဲ့ ဆောင်ပုဒ်အရ ကျွန်တော်တို့အနေနဲ့ Esports ဂိမ်းဝါသနာရှင်များအားလုံးကို ယုံကြည်စိတ်ချရပြီး လိုအပ်တဲ့ လေ့ကျင့်မှုများကို မြန်နှုန်းမြင့်တဲ့ Internet Line ကို အသုံးပြုပြီး လေ့ကျင့်မှုတွေကို ရရှိစေလိုပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့က တည်ငြိမ်ပြီး မြန်နှုန်းမြင့်တဲ့ Internet Line ကိုအသုံးပြုပြီး အကောင်းဆုံးသုံးစွဲသူများအား ဝန်ဆောင်မှုတွေကို ၂၄ နာရီ ၇ ရက်ပတ်စလုံးပေးအပ်နိုင်မယ့် Ooredoo Myanmar နှင့် ပူးပေါင်းဆောင်ရွက်မှာဖြစ်ပါတယ်။ ယခုဆိုရင် Esports ဂိမ်းဝါသနာရှင်တွေဟာ Internet စွမ်းအားကို ပျော်ရွှင်နှစ်ခြိုက်စွာ ရရှိခံစားပြီး နိုင်ငံတကာအဆင့်အထိ ရောက်ရှိစေနိုင်ဖို့အတွက် မိမိတို့ ဂိမ်းကစားတဲ့အတွေ့အကြုံတွေရရှိစေနိုင်မှာပဲ ဖြစ်ပါတယ်။ Ooredoo Myanmar နှင့် HOG Esports Center တို့ပူးပေါင်းပြီး Online Games ပြိုင်ပွဲတစ်ခု ကျင်းပမည်ဖြစ်ကြောင်း အဆိုပါပြိုင်ပွဲကို မြန်မာနိုင်ငံတစ်ဝန်းလုံးမှ Games ဝါသနာပါသူများ ပါဝင်နိုင်ရန်အတွက်လုပ်ဆောင်သွားမည်ဖြစ်ပြီး Games အမျိုးအစားများအနေနှင့် Dota 2 ၊ Mobile Legends အပါအဝင် အခြား Online Games များပါဝင်မည်ဖြစ်ပြီး ပြိုင်ပွဲကို ဇွန်လအတွင်းမှာ ကျင်းပသွားမှာဖြစ်ပြီး ဆုကြေးအနေဖြင့် ကျပ်ငွေ သိန်း ၁၀၀ ကျော်အထိ ပေးအပ်သွားမှာဖြစ်ပါတယ်။ ” ဟုပြောကြားထားပါတယ်။
ကမ္ဘာပေါ်တွင် ပထမဦးဆုံးသော Esports သင်တန်းများနှင့် ပြိုင်ပွဲများကို ၁၉၇၂ ခုနှစ်က ICT နှင့် ကွန်ပျူတာများ အသုံးပြုပြီး အမေရိကန်ပြည်တောင်စုနိုင်ငံရှိ Stanford University တွင် ကျင်းပပြုလုပ်ခဲ့ပြီး ယခုအခါ Esports သည် ကမ္ဘာတစ်ဝှမ်းလုံးရှိ နိုင်ငံအများစုတွင် ပိုမိုအောင်မြင် ကျော်ကြားလာပြီး မြန်မာနိုင်င့တွင်လည်း ဖွံ့ဖြိုးတိုးတက်လာပြီးဖြစ်ပါတယ်။ မြန်မာလူငယ်များ အနေဖြင့်လည်း Esports တွင် စိတ်ပါဝင်စားလာကြပြီး သင့်တင့်လျော်ညီတဲ့ World Games Group ဖြစ်လာစေရန်သင့်တင့်လျော်ညီသည့် အလေ့အကျင့်များရရှိပါက ပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်။ HOG Esports Center ကို ရန်ကုန်မြို့တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့် ပြည်ထဲရေးဝန်ကြီးဌာန တို့၏ သဘောတူညီခွင့်ပြုချက်တို့နှင့်အတူ မြန်မာနိုင်ငံတွင် Esports နှင့် Games ပညာတို့ကို နိုင်ငံတကာအဆင့်အထိ ရောက်ရှိအောင်မြင်အောင် မြှင့်တင်လိုသည့် စိတ်အားထက်သန်သည့်ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်။