မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် အကောင်းဆုံး ကား အရောင်း အ၀ယ် Cars DB Website 

Image Source: https://www.carsdb.com

တိုးတက်လာသော နည်းပညာများနှင့်အတူ မြန်မာနိုင်ငံ ၏ နညး်ပညာ ကဏ္႑ မှာလည်းပိုမို ကောင်းမွန်လာခဲ့ပါတယ်။ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ ပြည်သူ့ အစိုးရသစ် လက်ထက်တွေ နိုင်ငံတော်၏ ပို့ကုန်သွင်းကုန် အခန်းကဏ္႑ မှာလည်း တိုးတက်လာခဲ့ပြီး မြန်မာနိုင်ငံ တွင် ကား တင်သွင်းမှုမှာလည်း တိုးတက်များပြားလာခဲ့ပါတယ်။ ယခင်အချိန်အခါကာလများတုန်းကဖြင့် ကား အရောင်း အ၀ယ် ပြုလုပ်တော့မည် ဆိုလျှင် ကား ပွဲစားတန်းများသို့သွားရောက်ပြီး အရောင်းအ၀ယ် ပြုလုပ်ကြရပါတယ်။ ယခု နည်းပညာများ တိုးတက်လာသောအခါ အရောင်းအ၀ယ်များ ပြုလုပ်ရာတွင် အင်တာနက်ရှိရုံမျှဖြင့် မည်သည့်နေရာအချိန်တွင်မဆို လေ့လာ ၀ယ်ယူရောင်းချနိုင်ပါတယ်။ ယခုဖော်ပြပေးသွားမှာကတော့ မြန်မာနိုင်ငံံ၏ ပထမ ဆုံး နှင့် အကောင်း ဆုံး အွန်လိုင်း ကား ၀ယ် ၊ ရောင်း ၀ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Cars DB Website ကို ဖော်ပြပေးသွားပါမယ်။

Image Source: https://www.carsdb.com

CarsDB.com က ို 2012 ခုနှစ် Jan လ မှစတင်လွှင့်တင်ခဲ့ပြီး လစဉ် ၀င်ရောက်ကြည့်ရှုသူပေါင်း ၁၀ သန်း ခန့်၊ ကား အစီးရေ ၁သိန်းကျော် ခန့် အရောင်းတက်ခဲ့ပြီး ကားအစီးရေ ၁သောင်းခန့် ရောင်းချနိုင်ခဲ့ပါတယ်။ Cars DB Website ကို မြန်မာ English ဘာသာစကားနှစ်မျိုးဖြင့်တွေ့မြင်နိုင်ပြီး ပင်မစာမျာက်နှာ ၊ ကားသစ်များ ၊ ကားဟောင်းကြော်ငြာများ ၊ ကားပစ္စည်း နှင့် ၀န်ဆောင်မှုဈေးကွက် ၊ Cars DB Club အပြင် သတင်းများ ၊ ကားလုပ်ငန်းလမ်းညွှန် ၊ CIF တန်ဖိုးရှာရန် ၊ ကားတင်သွင်းမှု ကုန်ကျစရိတ်တွက်ချက်ရန် နှင့် ကားအားမခံ ပရီမီယံ တွက်ရန် ကဏ္႑ များစုံလင်စွာထည့်သွင်းထားပါတယ်။

Image Source: https://www.carsdb.com

Cars DB Website မှာကတော့ ကား၀ယ်ရန် ရှာနေသူများ၊ အရောင်းတင်လိုသူများ၊ ကားပွဲစားများ၊ ကားအရောင်းအ၀ယ်လုပ်ငန်း လုပ်ကိုင်ကြသူများ အရောင်းပြခန်းများ နှင့် ကားတင်သွင်းသူများ အားလုံးကို အကောင်းဆုံးသော ၀န်ဆောင်မှုများပေးသော Website တစ်ခုဖြစ်ပါတယ်။ ကား အရောင်း အ၀ယ် ပြုလုပ်နိုင်ရန် အတွက် အလွယ်ကူဆုံး အွန်လိုင်း၀န်ဆောင်မှုများ အပြည့်အစုံကိုထည့်သွင်းထားတာကိုတွေ့မြင်ရပါတယ်။ မိမိတို့ကြိုက်နှစ်သက်ရာ Sedan ကားများ၊ Sports ကားများ၊ Hatchback ကားများ၊ Station wagon ကားများ၊ SUV ကားများ၊ Bus ကားများ၊ Truck ကားများ အပြင် Brand ကား များဖြစ်သော Toyota ၊ Honda ၊ Mazda ၊ Nissan ၊ Mitsubishi ၊ BMW ၊ Audi ၊ Kia ၊ Hyundai ၊ Mercedes-Benz များကို ရှာဖွေ၀ယ်ယူ ရောင်းချနိုင်ပါတယ်။ Cars DB website တွင် ပြည်တွင်းရှိ ကားအရောင်းပြခန်းများ၊ ကားအရောင်းအ၀ယ် ပြုလုပ်သူများ၊ ကိုယ်တိုင်ရောင်းချသူများထံ မှ ကားရောင်းရန် ကြော်ငြာများကိုလည်း၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

Image Source: https://www.carsdb.com

ကားရောင်းရန် ကားကြော်ငြာတင်လိုသူများ အတွက် Top Spot, Premium Car, Free ဆိုပြီး အမျိုးအစား ၃မျိုးကိုလည်း ခွဲခြားထားပါတယ်။ Top Spot ကြော်ငြာတင်မည်ဆိုပါက တစ်ရက်ကို ၁သောင်းကျပ်ပေးရပြီး ကားရှာသောအခါ ထိပ်ဆုံးတွင် ရောက်ရှိနေခြင်း Top Spot Highlight ဖြင့် ဖေါ်ပြပေးခြင်း Premium Cars များထက် ထိပ်ဆုံးရောက်နေခြင်း Cars DB ၏ Facebook Page တွင် Share ပေးခြင်း နှင့် Premium Cars များထက်ပိုမိုကြည့်ရှုမှုများခြင်း စုံစမ်းမေးမြန်းမှုများခြင်းဖြစ်ပါတယ်။ Premium Car ကို ရွေးချယ် ပြီးကြော်ငြာတင်မည်ဆိုလျှင် တစ်ပတ် ကို ၁သောင်း၅ထောင် ခန့်ပေးရပြီး Premium Car Highlight ဖြင့် ၇ ရက်ဖော်ပြပေးပြီး Cars DB ၏ Facebook Page တွင် Share ပေးခြင်း အခမဲ့ကားကြော်ငြာများထက်ထိပ်သို့ရောက်ရှိနေခြင်း တို့ဖြစ်ပြီး နောက်ဆုံး တစ်ခုမှာတော့ Free ကြော်ငြာဖြင့်ကားအရောင်းတင်ချင်း ကတော့ ရောင်းအထွက်ခင် အထိ ကြော်ငြာနိုင်ပြီး ကားဓါတ်ပုံ၉ပုံ နှင့် ကားအချက်အလက်ပြင်ဆင်နိုင်ပြီး ကားအချက်အလက်အပြည့်အစုံပါ၀င်သော စာမျက်နှာတစ်ခုကိုရနိုင်ပြီး အခမဲ့ ဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်များ ၊ ဓာတ်ပုံများစွာ ပါ၀င်သည့် ကား အရောင်းအကြာ်ငြာများသည် ကား၀ယ်ယူလိုသူများအတွက် လွယ်ကူအဆင်ပြေပြီး စိတ်ကြိုက် ရွေးချယ်၀ယ်ယူနိုင်အောင်လွှင့်တင်ထားပါတယ်။

Image Source: https://www.carsdb.com

ကား နှင့် ပတ်သက်သည့် ပစ္စည်းများနှင့် လုပ်ငန်းများ ဖြစ်သည့် Audio System, Body Kits, Car Accessories, Car Import Services, Car Lubricants, Car Rentals, Painting, Repair and Servicing, Tyres & Rims, Used Car Dealers နှင့် Car Decoration လုပ်ငန်းစသည်တို့ကို CarsDB.com မှာ အလွယ်တကူရှာဖွေနိုင်ပါတယ်။

Image Source: https://www.carsdb.com

Image Source: https://www.carsdb.com

Image Source: https://www.carsdb.com

ထို့အပြင် နိုင်ငံအတွင်း ကားသတင်းများ ကိုလည်း အချိန်နဲ့တစ်ပြေးညီ ဖော်ပြပေးထားတာကိုတွေ့မြင်နိုင်ပါတယ်။ ကားများတင်သွင်းရာတွင် အရေးပါသော နောက်ဆုံးထွက်ရှိသည့် သတ်မှတ်ချက်များအရ တင်သွင်းမည့်ကား၏ CIF တန်ဖိုးကို အလွယ်အကူရှာဖွေနိုင်ပါသည်။ CIF ဈေးနှုန်းအပြင် အခွန်နှင့် ကညနမှတ်ပုံတင်ကြေး အပြီးအစီး မည်မျှ ကျသင့်မည်ကို တွက်ချက်နိုင်မည့် လုပ်ဆောင်ချက်များလည်ပါ၀င်ပါတယ်။ CarsDB Mobile app ကိုလဲ Download ဆွဲယူသုံးစွဲနိုင်ပါတယ်။ CarsDB ကို သုံးစွဲသူများမှ တစ်စုံတရာအခတ်အခဲ များရှိပါကလည်း ဖြေရှင်းပေးနိုင်မဲ့ Customer Service Live Chat ကိုထည့်သွင်းပေးထားတဲ့အတွက် ပြီးပြည့်စုံတဲ့ ကား အရောင်းအ၀ယ် Website CarsDB.com ကိုဖော်ပြပေးလိုက်ပါတယ်။ နောင်တွင်လည်း မြန်မာနိုင်ငံမှ စိတ်၀င်စားစရာ နည်းပညာ အကြောင်းအရာ များကိုလည်း ဆက်လက်တင်ဆက်ပေးသွားပါဦးမယ်။