Keyboard Shortcut တွေကိုအသုံးပြုနိုင်တော့မဲ့ Google Drive Web

အလုပ်တွေ မြန်မြန်ပြီးမြောက် အဆင်ပြေစေဖို့အတွက် အသုံးပြုတဲ့ Software တွေ Device တွေကို ကောင်းကောင်း နားလည်ဖို့လိုသလို အာရုံစူးစိုက်မှုအားကောင်းဖို့လဲလိုပါတယ်။ အချိန်ကုန်သက်သာပြီး မြန်မြန် ပြီးမြောက်ဖို့အတွက် ကိုယ်အသုံးပြုတဲ့ Application ဒါမှမဟုတ် Software တွေကို ခလုတ်တွေအများကြီး မနှိပ်ဘဲ Keyboard Shortcut တွေဘယ်လိုအသုံးပြုမလဲဆိုတဲ့ အချက်ကလည်း တစ်ခုအပါအဝင်ပါပဲ။ Digital အသုံးပြုပြီး လုပ်ဆောင်နေရတဲ့ ဒီလိုခေတ်ကြီးမှာ ကိုယ်အသုံးပြုတဲ့ Application ဒါမှမဟုတ် Software ကို ကောင်းကောင်းနားလည်ဖို့ အလုပ်မြန်မြန်ပြီးမြောက်ဖို့နဲ့ သေသေသပ်သပ် စီစဉ်ထားဖို့ အတွက် ဘယ်လိုတွေ လုပ်ဆောင်နိုင်မလဲဆိုတာကို သိရှိနားလည်ထားဖို့ လိုအပ်ပါတယ်။

အသုံးပြုသူတွေအတွက် အသုံးပြုရလွယ်ကူအောင် Update အသစ်တွေ Feature အသစ်တွေအမြဲထည့်သွင်းပြီး လုပ်ဆောင်ပေးနေတဲ့ Google အနေနဲ့ Google Drive ကို Website ကနေအသုံးပြုတဲ့သူတွေအတွက် Keyboard Shortcuts တွေကိုထည့်သွင်းပေးလိုက်ပြီ ဖြစ်ပါတယ်။

ကွန်ပြူတာအခြေခံ Keyboard Shortcut တွေဖြစ်တဲ့ Ctrl + C (or ⌘ + C on Mac), Ctrl + X နဲ့ Ctrl + V စတဲ့ copy, cut နဲ့ paste ပြုလုပ်နိုင်တဲ့ Keyboard Shortcut တွေကို Browser ကနေအသုံးပြုတဲ့ Google Drive အသုံးပြုသူတွေအတွက် ထည့်သွင်းပေးလိုက်ပြီ ဖြစ်ပါတယ်။ Keyboard Shortcut တွေပါဝင်လာတဲ့အတွက် အသုံးပြုရတာ အရင်ကထက် ခလုတ်တွေနှိပ်စရာ နည်းသွားမဲ့အပြင် အချိန်ကုန်လည်း သက်သာသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Ctrl + Enter နှိပ်ပြီး Tab အသစ်တစ်ခုမှာ File ဒါမှမဟုတ် Folder တွေကို ဖွင့်လို့ ရဦးမှာပါ။