၂၀၂၂ အတွက် Productivity အားကောင်းလာစေနိုင်မဲ့ Chrome Extension များ (၂)

Productivity ပိုင်းပိုမိုကောင်းမွန်ဖို့အတွက် ပတ်ဝန်းကျင်တွေ၊ အသံတွေကလည်း အရေးပါသလို ကိုယ်အသုံးပြုတဲ့ Software, Product နဲ့ Extension တွေကလည်း မရှိမဖြစ် အရေးပါပါသေးတယ်။ Productivity ပိုင်းကောင်းမွန်ဖို့အတွက် အသုံးပြုသင့်တဲ့ Extension တွေကို အရင်တစ်ပတ်ကလည်း ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ၂၀၂၂ အတွက် Productivity အားကောင်းလာစေနိုင်မဲ့ Chrome Extension များအပိုင်း (၂) ကိုဆက်လက် မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

(1) Dashlane – Password Manager

Website တွေတစ်ခုပြီးတစ်ခုသုံးပြီး အကောင့်တွေ Password တွေမှတ်သားနေရတာကလည်း အလုပ်တစ်ခုပါပဲ။ မှတ်ရတာများလွန်းလို့ မမှတ်မိတော့တဲ့ သူတွေအတွက် ဒီ Extension ကအသုံးတည့်မှာ ဖြစ်ပါတယ်။ Dashlane ကိုအသုံးပြုပြီး ကိုယ်အသုံးပြုခဲ့တဲ့ Password တိုင်းကို မှတ်သားထားပေးနိုင်မှာ ဖြစ်ပါတယ်။

Download

 

(2) Mighty Text – SMS from PC & Text from Computer

Mighty Text ကတော့ Android အသုံးပြုသူတွေအတွက်ပဲ အသုံးပြုခွင့်ရမှာ ဖြစ်ပါတယ်။ ကိုယ့်ဖုန်းနဲ့ ချိတ်ဆက်ပြီးတော့ ဖုန်းမှာဝင်လာတဲ့ စာတွေကို Browser ကနေပဲ တိုက်ရိုက်ဖြေကြားနိုင်မှာ ဖြစ်ပါတယ်။ ဖုန်းကိုဖွင့်စရာမလိုတော့တဲ့အတွက် အလုပ်လည်းမပျက်သလို အချိန်ကုန်သက်သာစေမှာ ဖြစ်ပါတယ်။

Download

 

(3) Clockify Time Tracker

Freelancing အလုပ်အကိုင်တွေပိုပြီး ခေတ်စားလာတဲ့အချိန်မျိုးမှာ Time Tracking Software တွေဟာလည်း အသုံးများလာကြပါတယ်။ အသုံးပြုသူတွေအနေနဲ့ Clockify ကိုအသုံးပြုပြီး Timesheet ကို အခမဲ့ပြုလုပ် နိုင်ပါတယ်။ အချိန်ကိုမှတ်သားထားပေးနိုင်တဲ့အတွက် Client တွေနဲ့ပြောဆို အလုပ်လုပ်တဲ့နေရာမှာ အချိန် ဘယ်လောက်ကြာမယ်ဆိုတာကို သတ်မှတ်ပြောပြနိုင်ပါတယ်။

Download

 

(4) Noisli

Noisli ဆိုတာကတော့ အလုပ်လုပ်နေတဲ့အချိန်အတွင်းမှာ ကိုယ်စိတ်ကြိုက် Background Noise သတ်မှတ်ပြီး အလုပ်လုပ်နိုင်မယ့် Extension တစ်ခုဖြစ်ပါတယ်။ စာဖတ်တဲ့အချိန်၊ စာရေးတဲ့အချိန်၊ အာရုံစူးစိုက်နေတဲ့ အချိန်မျိုးမှာ တစ်ချို့ကတိတ်ဆိတ်တာကို သဘောကျပေမယ့် တစ်ချို့ကတော့ အသံတစ်ခုခု ဘေးမှာဆူညံ နေတာက ပိုပြီး အာရုံစူးစိုက်လို့ ကောင်းကြပါတယ်။

Download

 

(5) Clean Master – Chrome Cache Cleaner

ကိုယ်အသုံးပြုခဲ့တဲ့ အချက်အလက်တွေ၊ ဖွင့်ခဲ့တဲ့ Tab တွေနဲ့ Download ခဲ့တဲ့ Itemတွေ များနေတာက Browser အသုံးပြုရတဲ့နေရာမှာ နှောင့်နှေးစေပါတယ်။ Clean Master Extension ကကိုယ်အသုံးပြုခဲ့တဲ့ Cache တွေကို ရှင်းလင်းပေးပြီး အသစ်အတိုင်းဖြစ်အောင် ပြုလုပ်ပေးတဲ့အတွက် အသုံးပြုရ မြန်ဆန်စေမှာ ဖြစ်ပါတယ်။

Download